ရုရှားနိုင်ငံ၊ မော်စကိုမြို့မှာ ကျင်းပမယ့် ကမ္ဘာ့အဏုမြူဖိုရမ် (World Atomic Week 2025) တက်ဖို့ သွားရောက်တဲ့ အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ရုရှားအရာရှိတွေကို ငါးသလောက်ပေါင်း၊ လက်ဖက်သုပ်တွေနဲ့ ဧည့်ခံခဲ့တယ်လို့ စစ်အုပ်စုထိန်းချုပ်ထားတဲ့ သတင်းစာတွေမှာ ဖော်ပြထားပါတယ်။

နိုဗာစီဗစ်မြို့မှာ ခရီးတထောက်နားချိန် စက်တင်ဘာ ၂၄ ရက် မနေ့က အကြမ်းဖက်မင်းအောင်လှိုင်ဟာ ရုရှားအုပ်ချုပ်ရေးအဖွဲ့နဲ့ တာဝန်ရှိသူတွေကို အသင့်ယူဆောင်လာတဲ့ လက်ဖက်အုပ်၊ လက်ဖက်ရည်၊ ငါးသလောက်ပေါင်းတို့နဲ့ ဧည့်ခံခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ မြန်မာအစားအစာတွေအကြောင်းကိုလည်း အကြမ်းဖက်စစ်ခေါင်းဆောင်က ရှင်းပြပြောဆိုခဲ့သလို ရုရှား-မြန်မာ နှစ်နိုင်ငံ ပူပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားနိုင်မယ့် အခြေအနေတွေကိုလည်း ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီနောက် အာဏာရှင်မင်းအောင်လှိုင်ဟာ အာဏာရှင်ပူတင် ဖိတ်ကြားထားတဲ့ ကမ္ဘာ့အဏုမြူဖိုရမ် တက်ရောက်ဖို့ နိုင်ငံတော်ဘက်ဂျက်နဲ့ သူ့မိသားစု သီးသန့်သုံးဖို့ ဝယ်ယူထားတဲ့ အထူးလေယာဥ်နဲ့ ထွက်ခွာခဲ့ပြီး ညပိုင်းမှာတော့ မော်စကိုမြို့ရှိ ဘနူကာဘာ အပြည်ပြည် ဆိုင်ရာလေဆိပ်ကို ရောက်ရှိခဲ့တယ်လို့ ဆိုပါတယ်။

0 Shares:
You May Also Like
Read More

မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ဖို့ ICC ရှေ့နေရဲ့ လျှောက်ထားမှု နိုင်ငံတကာသတင်းဌာနကြီးတွေမှာ အထူးသတင်းအဖြစ် ဝေဝေဆာဆာ ဖော်ပြကြ

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖမ်း၀ရမ်းထုတ်ဖို့ ICC ရှေ့နေရဲ့ လျှောက်ထားမှုအပေါ် နိုင်ငံတကာသတင်းဌာနတွေမှာ ခေါင်းကြီးပိုင်းသတင်းတွေအဖြစ် ဝေဝေဆာဆာ ဖော်ပြခဲ့ကြပါတယ်။
Read More

တရုတ်နိုင်ငံသားတွေကို အလုံးအရင်းလိုက် နေရပ်ပြန်ပို့ရေး စီစဉ်ဖို့ တရုတ်ဒုဝန်ကြီး မဲဆောက်သွား

အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို မဟာဗျူဟာ ၅ ရပ်နဲ့ တိုက်ဖျက်ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

ထိုင်းဝန်ကြီးချုပ် ပေထုန်တန်ရှင်နာဝပ်ကို ရာထူးတာဝန်မှ ဆိုင်းငံ့

ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်နဲ့ နယ်စပ်အရေး ဖုန်းပြောဆိုတဲ့ အသံဖိုင် ပေါက်ကြားပြီးနောက် ထိုင်းလွှတ်တော်အမတ်တွေရဲ့ တောင်းဆိုချက်အရ ထိုင်းဝန်ကြီးချုပ် ပေထုန်တန်ရှင်နာဝပ်ကို ရာထူးတာဝန်ကနေ ယာယီဆိုင်းငံ့ထားတယ်လို့ ထိုင်းသတင်းဌာနတွေက သတင်းဖော်ပြထားပါတယ်။
Read More

ရုရှားဩဇာခံ ဘယ်လာရုစ်နိုင်ငံသို့ အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင် ထွက်ခွာ၊ စစ်ခေါင်းဆောင်၏ ဘယ်လာရုစ်နှင့် ရုရှားခရီးစဉ်တွင် ခရိုနီစီးပွားရေးသမားများလည်း လိုက်ပါဟု သိရ

အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို မဟာဗျူဟာ ၅ ရပ်နဲ့ တိုက်ဖျက်ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

စစ်အုပ်စု၏ ICT အလွဲသုံးစားမှု၊ ဆိုက်ဘာလိမ်လည်မှု စင်တာများနှင့် အတုအယောင်ရွေးကောက်ပွဲ အန္တရာယ်ကို သံအမတ်ကြီး ဦးကျော်မိုးထွန်း ထောက်ပြ

မြန်မာနိုင်ငံမှာ တရားမဝင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်အုပ်စုနဲ့ သူတို့ရဲ့ လက်အောက်ခံ နယ်ခြားစောင့်တပ်ဖွဲ့ (BGF) တို့ဟာ သတင်းအချက်အလက်နဲ့ ဆက်သွယ်ရေးနည်းပညာ (ICT) ကို အသုံးပြုပြီး ဘေးဖြစ်စေမယ့်လုပ်ငန်းတွေကို ကျူးလွန်လျက်ရှိတယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂမှာ ထောက်ပြပြောဆိုခဲ့ပါတယ်။
Read More

စစ်အုပ်စု၏ အတုအယောင်ရွေးကောက်ပွဲကို ပယ်ချပြီး ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးကို ထောက်ခံရန် သံအမတ်ကြီး ဦးကျော်မိုးထွန်း နိုင်ငံတကာကို တိုက်တွန်း

အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့မှာပြုလုပ်တဲ့ ကုလသမဂ္ဂအထွေထွေညီလာခံမှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက အကြမ်းဖက်စစ်အုပ်စုရဲ့ အတုအယောင်၊ အလိမ်အညာ ရွေးကောက်ပွဲကို နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ ပြတ်သားစွာ ပယ်ချကြဖို့ တိုက်တွန်း လိုက်ပါတယ်။