ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ မိုင်းတင်းအုပ်စု၊ ပင်တီးကျေးရွာကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ပေါင် (၂၅၀) ဗုံး(၂)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။

အကြမ်းဖက်စစ်တပ်က တိုက်ပွဲမဖြစ်ပွားဘဲ ဒီနေ့ နေ့လည်ပိုင်းမှာ ပင်တီးကျေးရွာရှိ ဘုန်းကြီးကျောင်းပေါ် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

အကြမ်းဖက်စစ်တပ်ရဲ့ ဗုံးကျရောက်ပေါက်ကွဲမှုကြောင့် ဘုန်းကြီးကျောင်းရှိ ကျောင်းဆောင်နဲ့ ဆွမ်းစားဆောင်တို့ ထိမှန်ပျက်စီးသွားခဲ့တယ်လို့ TNLA က ဆိုပါတယ်။

အကြမ်းဖက်စစ်တပ်က စက်တင်ဘာလအတွင်း လေကြောင်း၊ လက်နက်ကြီး၊ အသေခံဒရုန်းနဲ့ ဗုံးကြဲပစ်ခတ်တိုက်ခိုက်မှုတွေအဖြစ် ကျောက်မဲမြို့နယ်မှာ (၆)ကြိမ်၊ သီပေါမြို့နယ်မှာ (၁)ကြိမ်၊ မိုးကုတ်မြို့နယ်မှာ (၂)ကြိမ် စုစုပေါင်း ဗုံး(၂၁)လုံးကို လာရောက်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

အကြမ်းဖက်စစ်တပ်ရဲ့ အဆိုပါ တိုက်ခိုက်မှုတွေအတွင်း အမျိုးသား (၁) ယောက် သေဆုံးပြီး အမျိုးသား (၁) ယောက်နဲ့ အမျိုးသမီး (၄) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ကာ နေအိမ် (၁၉) လုံး၊ စာသင်ကျောင်း (၁)ကျောင်း၊ ဘုန်းကြီးကျောင်း (၁)ကျောင်းနဲ့ ကား (၁)စီး ဗုံးစထိမှန်ပျက်စီးသွားခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

စစ်ကောင်စီ၏ အကြမ်းဖက်မှုများကြောင့် ဘေးအန္တရာယ်ကင်းရှင်းရေး အစီအမံများ လုပ်ဆောင်နေချိန် ကြားကာလပညာရေးကျောင်းများအားလုံး ခေတ္တယာယီရပ်နားထားရန် NUG ညွှန်ကြား

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနရဲ့ အသိအမှတ်ပြုမှု၊ ချိတ်ဆက်ပူးပေါင်းမှုတို့နဲ့ မြေပြင်မှာ ဖွင့်လှစ်ပညာသင်ကြားနေတဲ့ ကြားကာလပညာရေးကျောင်းတွေအားလုံး ဘေးအန္တရာယ်ကင်းရှင်းရေး အစီအမံတွေ လုပ်ဆောင်နေချိန် ခေတ္တယာယီရပ်နားထားဖို့ ပညာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးက မနေ့က ညွှန်ကြားချက် ထုတ်ပြန်ထားပါတယ်။
Read More

ညောင်လေးပင်တွင် စစ်ကြောင်းထိုးနေသည့်စစ်တပ်နှင့် PDF ၂ရက်ဆက်ထိတွေ့မှုဖြစ်၊ စစ်ကောင်စီဘက်က အရာရှိအပါ ၄ဦးသေပြီး အများအပြားဒဏ်ရာရ

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်မှာ စစ်ကြောင်းထိုးဝင်ရောက်နေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ ထိတွေ့တိုက်ပွဲရက်ဆက်ဖြစ်ပွားပြီး စစ်ကောင်စီဘက်က အရာရှိအပါအဝင် ၄ယောက်သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူ အများအပြားရှိကြောင်း Fire Dragon PDF (မီးနဂါးစစ်ကြောင်း) တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

ကမ္မမှာ အလင်းဝင်လာတဲ့ ရဲဒုတပ်ကြပ်က စစ်ကောင်စီကို ပြန်တိုက်မယ်လို့ဆို

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ကမ္မမြို့မှာ  ရဲဒုတပ်ကြပ် ၁ယောက် လက်နက်နဲ့တကွ အလင်းဝင်ရောက်လာတယ်လို့ Kamma Underground People's Defense Force (ကမ္မတပ်ပေါင်းစု) တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ဒေါက်တာဇော်မြင့်မောင်ရဲ့ ရက်လည်အလှူ ABSDF ဌာနချုပ်မှာ ပြုလုပ် (ဓာတ်ပုံသတင်း)

ကွယ်လွန်ခဲ့တဲ့ ဒေါက်တာ ဇော်မြင့်မောင်အတွက် ရည်စူးတဲ့ ရက်လည်အလှူကို ABSDF ဌာနချုပ် ဒေါင်းတမန်စခန်းမှာ ကျင်းပခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF က ထုတ်ပြန်ပါတယ်။
Read More

ဇန်နဝါရီ တစ်လတာအတွင်း ကရင်နီဒေသမှာ စစ်ရေးပြင်းထန်ခဲ့၊ စစ်ကောင်စီတပ်ဘက်က ၃၀ ကျော် သေဆုံးပြီး လက်နက်ခဲယမ်းများပါ ရရှိ 

၂၀၂၅ ခုနှစ် ဇန်နဝါရီတစ်လတာအတွင်း ကရင်နီဒေသမှာ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ကျော် သေဆုံးခဲ့တယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF က အသိပေးထုတ်ပြန်ပါတယ်။