ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတလည်မြို့ရှိ အကြမ်းဖက်စစ်သားတွေ တပ်စွဲထားတဲ့ အထက်တန်းကျောင်းရှေ့ စစ်ဆေးရေးဂိတ်ကို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ဝင်ရောက်တိုက်ခိုက်မှုမှာ အကြမ်းဖက်စစ်သား ၂ ယောက် နေရာမှာတင် သေဆုံးခဲ့တယ်လို့ ၃၆၀၁ တပ်ရင်း PPDF က သတင်းထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၆ရက် ညပိုင်းက ပေါင်းတလည်မြို့ အထက်တန်းကျောင်းရှေ့တပ်စွဲထားတဲ့ အထက်ပါဂိတ်စခန်းကို ဗျူဟာ ၂၁ ကွပ်ကဲမှုအောက်ရှိ ၃၆၀၁ တပ်ရင်း၊ တပ်ခွဲ ၃ က ဝင်ရောက်ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေဘက်က ပြန်လည်ပစ်ခတ်တာမျိုးရှိခဲ့ပေမယ့် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အဲ့ဒီတိုက်ခိုက်မှုအတွင်း သေဆုံးသွားတဲ့ အကြမ်းဖက်စစ်သားအလောင်းတွေကိုလည်း အဲ့ဒီနေ့ ညသန်းခေါင်မှာ ကားတွေနဲ့ ပြည်မြို့ကို သယ်ဆောင်သွားတယ်လို့ သိရပါတယ်။

တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဝင်ရောက်ပစ်ခတ်ခဲ့တဲ့ အထကကျောင်းရှေ့ ဂိတ်စခန်းဟာ လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးတာ၊ ဖြတ်သွားဖြတ်လာအရပ်သားတွေကို ဆဲဆိုရိုင်းပြတာတွေအပြင် အရပ်သားစျေးသည်တွေရဲ့ စျေးကုန်တွေကို မတရားယူဆောင်တာ၊ ဖျက်ဆီးတာမျိုးတွေ လုပ်ဆောင်နေတဲ့ နေရာတစ်ခု ဖြစ်တယ်လို့လည်း ၃၆၀၁ တပ်ရင်း PPDF က ဆိုထားပါတယ်။

0 Shares:
You May Also Like
Read More

ရေစကြိုမြို့နယ် ပ.က.ဖ နှင့် ABSDF အမှတ် ၃ စစ်ကြောင်းတို့ ပူးပေါင်းပြုလုပ်သည့် အခြေခံစစ်ပညာသင်တန်း အပတ်စဥ် ( ၂) သင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြိုမြို့နယ် (ပ.က.ဖ) နဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ကျောင်းသားတပ်မတော်) အမှတ် (၃) စစ်ကြောင်းတို့ ပူးပေါင်းပြုလုပ်တဲ့ အခြေခံစစ်ပညာသင်တန်းရဲ့ အပတ်စဥ် ( ၂) သင်တန်းဆင်းပွဲကို အညာဒေသ တနေရာမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ ABSDF က ဒီနေ့ မနက်ပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

တိုက်ပွဲအပြန် ထိခိုက်ဒဏ်ရာနဲ့ ကျဆုံးသွားခဲ့တဲ့ တပ်စုမှူး ရဲဘော် အာကြီးရဲ့ စျာပန… (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ယင်းမာပင်ခရိုင် တပ်ရင်းအမှတ် (၃၀) အနေနဲ့ တိုက်ပွဲကအပြန် ထိခိုက်ဒဏ်ရာနဲ့ ကျဆုံးသွားခဲ့တဲ့ တပ်စုမှူး ရဲဘော် အာကြီးရဲ့ စျာပနအခမ်းအနားမှာ တပ်ရင်းရဲဘော်တွေက ​အမိန့်ပြန်တမ်း ဖတ်ရှုကာ အလေးပြုပြီး ကျန်ရစ်သူမိသားစုအပါ ပြည်သူတွေနဲ့အတူ မီးရှို့သင်္ဂြိုလ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ချောင်းဦးမှာ လျှပ်စီးတပ်ခွဲစခန်း လေကြောင်းတိုက်ခိုက်ခံရပြီး တပ်ဖွဲ့ဝင် ၁ ယောက် ထိခိုက်ဒဏ်ရာရ…

စစ်ကိုင်းတိုင်း ၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်မှာ လျှပ်စီးတပ်ခွဲစခန်းကို လေကြောင်းတိုက်ခိုက်ခံရပြီး ထိခိုက်ပျက်စီးမှုတွေရှိခဲ့သလို ရဲဘော် ၁ ယောက်လည်း ထိခိုက်ဒဏ်ရာရသွားတယ်လို့ မုံရွာခရိုင်၊ အမှတ် ၁၂ တပ်ရင်း၊ တပ်ခွဲ ၃ တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

စစ်ကောင်စီလက်အောက်ခံ အနက်ရောင် သေမင်းတမန်အဖွဲ့ ပြည်သူ ၂ ဦးကို ထပ်မံသတ်ဖြတ်

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်၊ ရှားစေဘိုးကျေးရွာထိပ်မှာ ပြည်သူ ၂ယောက်ရဲ့ သတ်ဖြတ်ခံထားရတဲ့အလောင်းတွေကို တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
Read More

မြိုင်မြို့မရဲစခန်းက ရဲတပ်ကြပ်ကြီး ၁ ယောက် လက်နက်နဲ့တကွ မြိုင် ပကဖ ထံ အလင်းဝင်

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့မရဲစခန်းက ရဲတပ်ကြပ်ကြီးတစ်ယောက် လက်နက်နဲ့တကွ အလင်းဝင်ရောက်လာတယ်လို့ မြိုင်-ပကဖ ကနေ သတင်းထုတ်ပြန်ထားပါတယ်။
Read More

သရက်-မင်းလှလမ်းပိုင်းအတွင်း လုံခြုံရေးအရ တားမြစ်စစ်ဆေးမှုကို လက်မခံပဲ မောင်းပြေးသည့် ကားတစ်စီးကို ဖမ်းဆီးခဲ့ကြောင်း USBA ပြော

မကွေးတိုင်း၊ သရက်-မင်းလှလမ်းပိုင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ တာဝန်အရတားဆီးစစ်ဆေးမှုကို လက်မခံပဲ မောင်းပြေးတဲ့အတွက် သေနတ်နဲ့ချိန် ဖမ်းဆီးခဲ့ပြီး ယာဥ်မောင်းသူကို မေးမြန်းစစ်ဆေးနေတယ်လို့ ဗမာပြည်ကာကွယ်ရေးတပ် - USBA တာဝန်ခံ ကိုဗဟိန်းက​ မောင်းသတင်းဌာနကို ပြောပါတယ်။