ကရင်နီပြည်နယ် ၊ လွိုင်ကော်- ဒီးမော့ဆို – ဖရူဆို – ဘောလခဲ လမ်းမကြီးကို မြေပြင်စစ်ရေးအခြေအနေအရ စက်တင်ဘာလ (၂၃) ရက်ကစလို့ ဖြတ်သန်းသွားလာခြင်း မပြုလုပ်ဖို့ အများပြည်သူကို အသိပေးကြောင်း KNDF က ဒီနေ့ ထုတ်ပြန်ပါတယ်။ 

ပြီးခဲ့တဲ့ သြဂုတ်လကစလို့ အကြမ်းဖက်စစ်တပ်ရဲ့ စစ်ကြောင်းတွေဟာ ဒီးမော့ဆိုမြို့ကနေ ဖရူဆိုမြို့ဆီ လမ်းမကြီးတစ်လျှောက် ထိုးစစ် ဆင်လာတာကြောင့် စက်တင်ဘာလ ဒီနေ့အထိ တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။

စက်တင်ဘာလအတွင်းမှာလည်း အကြမ်းဖက်စစ်တပ်ရဲ့  စစ်ယဉ်တန်းအချို့က ဖရူဆိုမြို့အတွင်း ဝင်ရောက်နိုင်ခဲ့တယ်လို့ KNDF က ဆိုပါတယ်။

ဖရူဆိုမြို့နယ်ရှိ အကြမ်းဖက်စစ်ကြောင်းအချို့ဟာ ရိက္ခာ ၊ ခဲယမ်း ၊ လူအင်အား ဖြည့်တင်းပြီး စက်တင်ဘာလ (၂၀) ရက်ကစလို့ ဘောလခဲလမ်းမကြီးဖက် ဦးတည်ပြီး စစ်ရေးလှုပ်ရှားမှုတွေ ရှိလာတာကြောင့် တိုက်ပွဲတွေ ဖြစ်ပွားလာတယ်လို့လည်း သိရပါတယ်။

အဆိုပါ မြေပြင်စစ်ရေးအခြေအနေများကြောင့် ဖရူဆို-ထားလဲ-နန်းဖဲ လမ်းမကြီးအပါအဝင် လမ်းမကြီးအပေါ် ဖြတ်သန်းသွားလာရတဲ့ လမ်းသွယ်အားလုံးကို စက်တင်ဘာလ (၂၃) ရက်ကစလို့ ရက်အကန့်အသတ်မရှိ ပိတ်ထားမှာဖြစ်တယ်လို့ KNDF က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

စစ်ဗိုလ်ချုပ်များ ယူနီဖောင်းလဲကာ အုံလိုက်ကျင်းလိုက် ဝင်လာမည့် စစ်တပ်လက်ကိုင်တုတ် ကြံ့ခိုင်ရေးပါတီ

အကြမ်းဖက် မင်းအောင်လှိုင် ဦးဆောင်တဲ့ အာဏာသိမ်းစစ်အုပ်စုဟာ အတုအယောင် ရွေးကောက်ပွဲ ကျင်းပဖို့ နီးကပ်လာချိန် သူတို့ရဲ့ လူယုံ ဗိုလ်ချုပ်ကြီး၊ ဗိုလ်မှူးကြီးအဆင့်တွေ အပါအဝင် တပ်ကြပ်ကြီး စာရေးတွေကအစ ကြံခိုင်ရေးပါတီထဲကို ပါတီဝင်အဖြစ် ပြောင်းလဲစေလွှတ်နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
Read More

ထိုင်းမှာ ရက်၁၂၀ ကျော်အတွင်း မြန်မာလုပ်သား နှစ်သိန်းကျော် ဖမ်းဆီးခံရ

ထိုင်းမှာ မြန်မာလုပ်သားတွေ ရက် ၁၂၀ ကျော် စီမံကိန်းအတွင်း နှစ်သိန်းတစ်သောင်း နီးပါး ဖမ်းဆီးခံခဲ့ရကြောင်း ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
Read More

စက်တပ်လေထီးများဖြင့် တိုက်ခိုက်မှုပြည်သူလူထု သတိပြုဖို့ အသိပညာပေး (ဓာတ်ပုံသတင်း)

စစ်ကောင်စီ အဓိက အသုံးပြုတိုက်ခိုက်လာတဲ့ Paramotor (စက်တပ်လေထီး) နဲ့ ပတ်သက်ပြီး အသိပညာပေး လက်ကမ်းစာစောင်တွေကို အညာပစ်တိုင်းထောင်လေးများအဖွဲ့က ဆားလင်းကြီးမြို့နယ်အတွင်း ဖြန့်ဝေပေးခဲ့တယ်လို့ သိရပါတယ်။
Read More

တောင်သာနှင့် ကျောက်ပန်းတောင်းတွင် ၂ရက်ဆက် တိုက်ပွဲဖြစ်ပြီး စစ်အုပ်စုဘက်က ရဲတပ်ကြပ်အပါ ၅ ဦး သေ၊ ၂ ဦး အရှင်ဖမ်းမိ

မန္တလေးတိုင်း၊ တောင်သာနဲ့ ကျောက်ပန်းတောင်းမြို့နယ်တွေမှာ အင်အားအလုံးအရင်းသုံးပြီး ဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်အုပ်စုတွေကို ၂ရက်ဆက်ကြားဖြတ်တိုက်ခိုက်ရာ စ​စ်သားအလောင်း ၅လောင်း၊ သုံ့ပန်း၂ယောက်နဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ Popa Guerilla Force(PGF) တပ်ဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

ပိုက်ဆံအတု စက်ဖြင့် ကိုယ်တိုင်ထုတ် သုံးစွဲနေသည့် အမျိုးသမီး ကားဝယ်ရင်း ဖမ်းခံရ

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ နှစ်ကရင်ကျေးရွာမှာ ငွေတုထုတ်စက်တွေနဲ့ ပိုက်ဆံထုတ်ယူ သုံးစွဲနေတဲ့ အမျိုးသမီးကို စစ်ကော်မရှင်လက်အောက်ခံ ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

ကျားဖြန့်လုပ်ငန်းတွင် အဓိက ပါဝင်ပတ်သက်နေသည့် တရုတ်နိုင်ငံသား ၄၀၀ ကျော် ဖမ်းဆီးရရှိခဲ့ ဟု စစ်ကောင်စီ ပြော

ကျားဖြန့်နဲ့ အွန်လိုင်းလောင်းကစားလုပ်ငန်းတွေကို အမျိုးသားရေးတာဝန်တစ်ရပ်အနေနဲ့ တိုက်ဖျက်နေတယ်လို့အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။