ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာကို စစ်ကော်မရှင်တပ်က ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တာကြောင့် သားအဖ နှစ်ယောက် သေဆုံးသွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

စက်တင်ဘာ ၂၂ရက် မနေ့ညက KIA/KPDF ထိန်းချုပ်ထားတဲ့ ဆိပ်မူကျေးရွာ၊ ကျောက်သွေးတောင်အခြမ်းရှိ နေအိမ်တစ်လုံးပေါ်ကို စစ်ကော်မရှင်တပ် ကြဲချတဲ့ ဗုံးသီးကျရောက်ပေါက်ကွဲကာ အရပ်သား သားအဖ နှစ်ယောက် သေဆုံးသွားခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

“သူတို့ဟာသူတို့ အခင်းစိုက်ပြီးတော့မှနေတဲ့ မိသားစုရဲ့ အိမ်ကို KIA, KPDF က ဒီတဲထဲမှာရှိတယ်ဆိုတဲ့ ပုံစံမျိုး။ အဲဒီဟာကို သူတို့ ဒရုန်းနဲ့ ကြဲချလိုက်တာ၊ အဲဒီမှာ သားအဖ ၂ယောက် ပွဲချင်းပြီးပေါ့နော်။ ဖအေကတော့ တခါတည်း ပွဲချင်းပြီးတယ်။ သားဖြစ်သူက ခြေပြတ်လက်ပြတ်နဲ့ ဆေးရုံပို့ဖို့ မမှီဘူးပေါ့နော်။ သေဆုံးသွားတယ်” လို့ ဖားကန့်နယ်ခံတစ်ယောက်က မောင်းကို ပြောပါတယ်။

စစ်ကော်မရှင်တပ်၏ ဗုံးသီးကြောင့် နေအိမ် ထိမှန်ပျက်စီးသွားပုံ
စစ်ကော်မရှင်တပ်၏ ဗုံးသီးကြောင့် နေအိမ် ထိမှန်ပျက်စီးသွားပုံ

အဆိုပါနေအိမ်မှာ မိသားစုဝင် ၄ယောက်နေထိုင်တာဖြစ်ပြီး ကျန်တဲ့ ၂ယောက်ကတော့ အသေးစား ဒဏ်ရာပဲ ရရှိခဲ့တယ်လို့ သိရပါတယ်။ အဲဒီနေ့ ညနေ ၅နာရီလောက်ကနေ ညဥ့်နက်ပိုင်းအထိ ဖားကန့်ဗျူဟာကုန်းနဲ့ ဆန်းကြွယ်ဘက်ကနေ ကျောက်သွေးတောင်ဘက်ကို လက်နက်ကြီးတွေ ပစ်ခတ်ခဲ့သေးတယ်လို့ သိရပါတယ်။

“ဆိုင်းတောင်ကို စစ်ကြောင်းထိုးမယ်ဆိုပြီး သတင်းတွေထွက်တယ်။ လွန်ခဲ့တဲ့ ၃ ရက်လောက်ကစပြီး ကချင် KBC ဘုရားကျောင်းကရော၊ ဖားကန့်ဘုရားကျောင်းရော၊ ဆိုင်းတောင်ဘုရားကျောင်းကလည်း သူတို့ စစ်ရှောင်တွေ ရှိတယ်။ စစ်ရှောင်တွေ အယောက် ၆၀၀၊ ၁၀၀၀ ရှိတယ်။ အဲ့ဟာတွေ အကုန်လုံး မြစ်ကြီးနားကို ပို့တယ်။ ဖားကန့်နဲ့ ဆိပ်မူမှာရှိတဲ့ ပြည်သူတွေကလည်း ဒီနေ့မှာတော့ တစ်ခါ စစ်ရှောင်ကြတယ်” လို့ အထက်ပါ နယ်ခံက ဆက်ပြောပါတယ်။

ဖားကန့်မှာ အကြမ်းဖက် စစ်ကော်မရှင်တပ်နဲ့ KIA, KPDF ပူးပေါင်းတပ်တွေ ထိတွေ့တိုက်ပွဲဖြစ်တာမျိုး မရှိပေမယ့် စစ်ရေးအခြေအနေ တင်းမာနေဆဲဖြစ်ပြီး ဘယ်အချိန် တိုက်ပွဲဖြစ်လာမလဲဆိုတာကို စိုးရိမ်စိတ်နဲ့ စောင့်ကြည့်နေရတဲ့ အနေအထားမျိုးဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ကော်မရှင်တပ်၏ ဗုံးသီးကြောင့် နေအိမ် ထိမှန်ပျက်စီးသွားပုံ
0 Shares:
You May Also Like
Read More

ပန်ရပ်ကျေးရွာ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် အသက် ၇နှစ်အရွယ် ကလေးများ အပါအဝင် ၅ ဦး သေဆုံး 

မွန်ပြည်နယ် ကျိုက်မရောနဲ့ ကရင်ပြည်နယ် ကော့ကရိတ် အစပ်မှာရှိတဲ့ ပန်ရပ်ကျေးရွာမှာ ကလေးတွေစာသင်နေတဲ့ နေအိမ်ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အသက် ၇နှစ်အရွယ် ကလေး ၂ယောက် အပါအဝင် ၅ယောက် သေဆုံးသွားတယ်လို့ ဒေသခံတော်လှန်ရေးတပ်ဖွဲ့ဖြစ်တဲ့ မွန်ပြည်လွတ်မြောက်ရေးတပ်တော် MLA ထံက သိရပါတယ်။ 
Read More

ရေးမြို့နယ်မှာ စိုးမိုးနယ်မြေအတွင်း ရေးဘီလူးတပ်ဖွဲ့က လမ်းပိုင်းစစ်ဆေးရေး ပြုလုပ် (ဓာတ်ပုံသတင်း)

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျောင်းရွာ ရွာထိပ်က ဦးခွေးတံတားအနီးမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOF ရဲ့ တပ်ခွဲတစ်ခုဖြစ်တဲ့ ရေးဘီလူးတပ်ဖွဲ့က လမ်းပိုင်းစစ်ဆေးရေး ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့မှာ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

မင်းဘူး (စကု) မြို့နယ်အတွင်း ပြည်သူများကို သတ်ဖြတ်နေသည့် စစ်တပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်၊ စစ်သား ၄ယောက်သေပြီး အများအပြား ဒဏ်ရာရ

မကွေးတိုင်း၊ မင်းဘူး (စကု)မြို့နယ်၊ စကုမြို့အနောက်ပိုင်း ခံကုန်းရွာကနေ ရွှေစက်တော်ဘုရားဘက် စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်ကို မင်းဘူးခရိုင် အမှတ် ၆ တပ်ရင်းက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၄ယောက် သေပြီး တပ်ကြပ်ကြီးအပါအဝင် အများအပြား ဒဏ်ရာရသွားကြောင်း သိရပါတယ်။
Read More

ချောက်မှာ မြေပဲနူတ်သွားတဲ့ ရွာခံအမျိုးသားတွေ ပေါ်တာဆွဲဖမ်းဆီးခံရ၊ စစ်အုပ်စုက အနီးအနားကျေးရွာတွေကို မျိုးစုံဖိနှိပ်ပြီး စစ်​ကြောင်းဝင်ဓားပြတိုက်နေ

မကွေးတိုင်း၊ ချောက်မြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီက မြေပဲနုတ်သွားတဲ့အမျိုးသား ၁၈ ယောက်ကို ပေါ်တာဆွဲဖမ်းဆီးပြီး ရက် ၂၀ ကျော်လာချိန်အထိ မိသားစုနဲ့ အဆက်သွယ်လုပ်ခွင့်မပေးဘဲ တစ်နေရာဆီ ပို့ဆောင်လိုက်သလို ဒေသခံတွေကိုလည်း ဖိနှိပ်စစ်ကြောင်းထိုးတာတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
Read More

တီးတိန်အခြေစိုက် စစ်ကောင်စီတပ်က ဒုတပ်ကြပ် ၁ ဦး လက်နက်ခဲယမ်းများနှင့် အလင်းဝင်လာ… (ဓာတ်ပုံသတင်း)

ချင်းပြည်နယ်ရှိ အကြမ်းဖက်စစ်ကောင်စီရဲ့ တီးတိန်မြို့အခြေစိုက် တပ်ရင်းစခန်းကနေ ဒုတပ်ကြပ် ၁ ယောက် လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်လာတယ်လို့ PDF ZOLAND က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

အင်အားကြီးနိုင်ငံတွေက မြန်မာပြည်ပြိုကွဲအောင် သွေးခွဲနေတယ်လို့ အာဏာသိမ်း ဒုစစ်ခေါင်းဆောင် စိုးဝင်း ပြော

မြန်မာကို အင်အားကြီးနိုင်ငံတွေက နိုင်ငံပြိုကွဲအောင် သွေးခွဲမှုတွေကို အစီအစဉ်တကျ လုပ်ဆောင်နေတယ်လို့ အာဏာသိမ်းစစ်တပ်ရဲ့ ဒုခေါင်းဆောင် စိုးဝင်းက ပြောကြားလိုက်ပါတယ်။