စစ်ကိုင်းတိုင်း၊ ဆားလင်းမြို့နယ်အတွင်း စစ်ကော်မရှင်က ပြုလုပ်တဲ့ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ချီတက်သပိတ်မှောက်ခဲ့ကြတယ်လို့ General Strike Coordination Body က ထုတ်ပြန်ထားပါတယ်။

စက်တင်ဘာ ၂၂ ရက်က ဆားလင်းကြီးမြို့နယ် သပိတ်အင်အားစုတွေနဲ့ ပြည်သူတွေ ပူးပေါင်းပြီး စစ်ကော်မရှင်ရဲ့ နိုင်ငံရေးထွက်ပေါက်အဖြစ် အသုံးချပြုလုပ်တဲ့ တရားမဝင် အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ချီတက်သပိတ်မှောက်ခဲ့ကြတယ်လို့ သိရပါတယ်။

စစ်ကော်မရှင် ကျင်းပမယ့် တရားမဝင်အတုအယောင်ရွေးကောက်ပွဲဟာ ပြည်သူလူထုအတွက် ထောင်ချောက်တစ်ခုဖြစ်ကြောင်း ကျေးရွာတွေလှည့်ကာ သပိတ်တရားဟောပြောခဲ့တယ်လို့ သိရပါတယ်။

Video – General Strike Coordination Body

0 Shares:
You May Also Like
Read More

ဆိပ်ဖြူ-ကန်ဇွန်းမကားလမ်းမမှာ ကပစ ၂၁ က ပစ္စည်းသယ်လာတဲ့ စစ်ယာဉ်တန်း ကြားဖြတ် တိုက်ခိုက်ခံရပြီး ယာဉ် ၂ စီး မီးလောင်ပေါက်ကွဲကာ စစ်သား ၁၁ ယောက်သေ (ရုပ်/သံ)

မကွေးတိုင်း ပခုက္ကူခရိုင် ဆိပ်ဖြူမြို့နယ် ကပစ ၂၁ မှ ပစ္စည်းများ သယ်ဆောင်လာတဲ့ အကြမ်း ဖက်စစ်ကောင်စီတပ်ယာဉ်တန်းကို ဖေဖော်ဝါရီ ၇ ရက် မနေ့က ဆိပ်ဖြူ-ကန်ဇွန်းမကားလမ်း တစ်နေရာမှာ ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ မင်းဘူးခရိုင် အမှတ် ၁ တပ်ရင်းထံက သိရပါတယ်။
Read More

မတ္တရာမြို့နယ် စကျင်ရွာအတွင်း စစ်တပ်ပစ်ခတ်တဲ့ လက်နက်ကြီးပေါက်ကွဲပြီး ကလေးငယ် ၁ ယောက် အပါ ပြည်သူ ၃ ယောက် သေဆုံး (ရုပ်/သံ)

မန္တလေးတိုင်း မတ္တရာမြို့နယ် စကျင်ရွာအတွင်း ဒီဇင်ဘာ ၁၁ ရက် ညနေပိုင်းက တုန်ကုန်းရွာ အနောက်ဘက် ယမ်းကုန်းအုတ်စက်က အကြမ်းဖက်စစ်တပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲပြီး ကလေးငယ် ၁ ယောက်အပါအဝင် အမျိုးသား ၁ ယောက်နဲ့ အမျိုးသမီး ၁ ယောက် စုစုပေါင်း ၃ ယောက် သေဆုံးခဲ့ရတယ်လို့ Wetlet Informational Network ထံက သိရပါတယ်။
Read More

YARMA BRIGADE အပတ်စဉ်-၂ သင်တန်းသားများ၏ အခြေခံစစ်ပညာ လေ့ကျင့်ရေးပုံရိပ်များ (ရုပ်/သံ)

မတရားအာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီကို တော်လှန်တိုက်ခိုက်ဖို့ စိတ်ပိုင်းဖြတ်ထားတဲ့ YARMA BRIGADE အပတ်စဉ်-၂ သင်တန်းသားတွေရဲ့ အခြေခံစစ်ပညာ လေ့ကျင့်ရေးပုံရိပ်တွေကို သထုံခရိုင် PDF တပ်မဟာ ၁၊ တပ်ရင်းအမှတ်-၇၈၀၅ တပ်ခွဲ-၅ (YARMA BRIGADE) က ထုတ်ပြန်လိုက်ပါတယ်။
Read More

”သင့်မဲဖြင့် တရားဝင် လူသတ်ခွင့် မပေးနဲ့”၊ ထွက်ပေါက်မဟုတ်ဘူးနော် ထောင်ချောက်ကြီး”

”သင့်မဲဖြင့် တရားဝင် လူသတ်ခွင့် မပေးနဲ့”၊ ထွက်ပေါက်မဟုတ်ဘူးနော် ထောင်ချောက်ကြီး''
Read More

သလဲဘာပျူစခန်းကနေ ကင်းပတ်လာတဲ့ စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး ၆ ယောက်ဒဏ်ရာရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း အရာတော်မြို့နယ် သလဲဘာပျူစခန်းကနေ ကင်းပတ်လာတဲ့ စစ်ကောင်စီတပ်သား တွေကို တိုက်ခိုက်ခဲ့ရာ ၆ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ Ngwe Dwin Revolution Force အဖွဲ့မှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

ငလျင်ဒဏ်သင့်ဒေသများကို လေကြောင်းတိုက်ခိုက်နေသည့် အကြမ်းဖက်စစ်ကောင်စီဆန့်ကျင်ရေး ရန်ကုန်မှာ ဆန္ဒပြလှုပ်ရှားမှုပြုလုပ် (ရုပ်/သံ)

ငလျင်ဒဏ်သင့်ဒေသတွေကို လေကြောင်းတိုက်ခိုက်မှုတွေ လုပ်နေတဲ့ အကြမ်းဖက်စစ်ကောင်စီ အပေါ် ဆန့်ကျင်ရေးလှုပ်ရှားမှုအနေနဲ့ ရန်ကုန်မြို့မှာ ဆန္ဒပြသပိတ်လှုပ်ရှားမှုကို မတ်လ ၁၀ ရက် မနေ့က ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။