ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်မှာ မတရား ပေါ်တာဆွဲဖမ်းဆီးခံခဲ့ရသူဟာ သူနဲ့အတူနေထိုင်တဲ့ ရဲကို သတ်ပြီး သေနတ်လုယူကာ အလင်းဝင်ရောက်လာခဲ့တယ်လို့ သာယာဝတီခရိုင် အမှတ် ၁ တပ်ရင်း၊ ၃၈၀၁ ထံက သိရပါတယ်။

အလင်းဝင်ရောက်လာသူဟာ စိုင်းမြတ်ကို ဆိုသူဟာ စက်တင်ဘာလ ၁၀ ရက်နေ့တုန်းက တောင်ညိုကွက်သစ် ရဲစခန်းက ရဲတွေ ဆိုင်ကယ်ဖမ်းနေချိန် စစ်မှုထမ်းဖို့ ပေါ်တာဆွဲ ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။ အဲဒီနောက် စက်တင်ဘာ ၂၁ရက်နေ့ အဆိုပါ ရဲစခန်းမှာ ရဲတွေတန်းစီနေချိန် သူနဲ့အတူနေတဲ့ ပေါင်းတည်ဘက်က ပြောင်းရွှေ့လာတဲ့ ရဲတစ်ယောက်ကို ဓားနဲ့ ရှင်းလင်းခဲ့ကာ သေနတ်ယူဆောင် အလင်းဝင်လာခဲ့တယ်လို့ သိရပါတယ်။

“ကျနော်တို့ဆီ ညတွင်းချင်း ရောက်လာခဲ့တာပါ။ လှုပ်ရှားဖြစ်စဥ်ကို သတင်းရရှိပြီး သူရှိတဲ့နေရာကို သွားရောက်ခေါ်ဆောင်ခဲ့တာပါ။ အဆက်အသွယ်တော့ ရှိပါတယ်” လို့ သာယာဝတီခရိုင် အမှတ် ၁ တပ်ရင်း၊ ၃၈၀၁ တပ်ဖွဲ့ တပ်ရင်းမှူး ရဲဘော်မိုးကြိုးက မောင်းကို ပြောပါတယ်။

အလင်းဝင်လာသူဟာ သူနဲ့အတူ G3 သေနတ် ၁လက်၊ G3 ကျည် ၁၀ တောင့်နဲ့ ကျည်ဘောက် ၁ခု ယူဆောင်လာတဲ့အတွက် ဂုဏ်ပြုဆုငွေ သိန်း ၂၀ ချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။ စိုင်းမြတ်ကို ထွက်ပြေးလာပြီးတဲ့နောက် စစ်ကော်မရှင်က တောင်ညိုကွက်သစ် ရဲစခန်းအနီးတဝိုက် လက်နက်ငယ်တွေနဲ့ လိုက်လံပစ်ခတ်တာမျိုးတွေ လုပ်ခဲ့တယ်လို့ ဆိုပါတယ်။

“တောင်ညိုရဲစခန်းမှာ မြို့နယ်အရာရှိ ကားလေး ၄စီးနဲ့ ရောက်ရှိလာပြီး ထွက်ပြေးလာတဲ့ လူငယ်ရဲ့ မိသားစုအိမ်ကို လာရောက်ရှာဖွေတာတွေ ရှိတယ်။ စခန်း အနီးအနား သေနတ်သံတွေ ဆူညံပြီး တုန်လှုပ်ခြောက်ခြားနေပုံရပါတယ်” လို့ တပ်ရင်းမှူး ရဲဘော်မိုးကြိုးက ဆက်ပြောပါတယ်။

ပေါ်တာဆွဲခဲ့ရပေမယ် စစ်ကော်မရှင်တပ်ထံက ထွက်ပြေးလွတ်မြောက်လာတဲ့ စိုင်းမြတ်ကိုဟာ အခြေခံစစ်သင်တန်းတက်ရောက်ပြီး ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့အတူ တော်လှန်ရေးမှာ ပါဝင်သွားမယ်လို့လည်း သိရပါတယ်။

0 Shares:
You May Also Like
Read More

မြိုင်မြို့နယ်မှာ စစ်ကောင်စီတပ်၏ တပ်စိတ်ကို ဝင်ရောက်ပစ်ခတ်၊ စစ်သား ၁ ဦးသေပြီး သေနတ် ၁ လက်နှင့် ခဲယမ်းအချို့ သိမ်းဆည်းရရှိ

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ တပ်စိတ်ကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ရာ စစ်သား ၁ ယောက်သေပြီး သေနတ် ၁ လက်နဲ့ ခဲယမ်းအချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ မြိုင်မြို့နယ် ပြည်သူကာကွယ်ရေးအဖွဲ့ (ပကဖ) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ကော့ကရိတ်မှာ စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၄ ဦး ထိခိုက်ဒဏ်ရာရ၊ စာသင်ကျောင်းနှင့် နေအိမ် တချို့ ပျက်စီး

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ ၄ ယောက် ထိခိုက်ဒဏ်ရာရပြီး စာသင်ကျောင်းနဲ့ နေအိမ်အချို့ ထိမှန်ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး - KNU က ထုတ်ပြန်ပါတယ်။
Read More

လွိုင်ကော်မှာ စစ်ကောင်စီရဲ့ ခလရ ၈၀ တပ်ရင်းစစ်ကြောင်းကို တိုက်ခိုက်ရာ ၁၆ ယောက်ထက်မနည်း သေဆုံး၊ စစ်သုံ့ပန်း ၅ ယောက်အပါအဝင် သေနတ် ၂၂ လက်နဲ့ ခဲယမ်းတွေ သိမ်းဆည်းရမိ

ကရင်နီပြည်၊ လွိုင်ကော်မြို့နယ်မှာ စစ်ကောင်စီရဲ့ ခလရ ၈၀ တပ်ရင်းစစ်ကြောင်းကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်ရာ ၁၆ ယောက်ထက်မနည်း သေဆုံးပြီး စစ်သုံ့ပန်း ၅ ယောက်အပါအဝင် သေနတ် ၂၂ လက်နဲ့ ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF က ထုတ်ပြန်ထားပါတယ်။
Read More

စစ်ကောင်စီကို ဒဏ်ခတ်ပိတ်ဆို့မှုများ ပြုလုပ်ခဲ့သည့် ကနေဒါနဲ့ ဆွစ်ဇာလန်တို့ကို ကြိုဆို အသိအမှတ်ပြုကြောင်း NUG ပြော

အာဏာသိမ်း စစ်ကောင်စီကို ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုတွေ ပြုလုပ်ပေးခဲ့တဲ့ ကနေဒါနိုင်ငံနဲ့ ဆွစ်ဇာလန်နိုင်ငံတို့ကို အမျိုးသားညီညွတ်ရေးအစိုးရ NUG က ကြိုဆိုအသိအမှတ်ပြုကြောင်း သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောက ပြောကြားလိုက်ပါတယ်။
Read More

ကလေးမှာ စစ်ကောင်စီက အရပ်သားကျေးရွာတွေထဲ လက်နက်ကြီးရော ဒရုန်းနဲ့ပါ တိုက်ခိုက်ခဲ့လို့ ကလေးငယ်​အပါအဝင် ၂ ယောက် သေဆုံး

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မှာ အကြမ်းဖက်စစ်တပ်ရဲ့ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုအပါအဝင် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကလေးငယ်၁ယောက်နဲ့ အမျိုးသမီး၁ယောက် သေဆုံးခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။
Read More

ဆိပ်ဖြူမြို့နယ်၊ စိန်ပန်းကုန်းကျေးရွာရှိ အရပ်သား နေအိမ်များကို အကြမ်းဖက်စစ်တပ် မီးရှို့ဖျက်ဆီး (ဓာတ်ပုံသတင်း)

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်၊ စိန်ပန်းကုန်းကျေးရွာရှိ အရပ်သားပြည်သူတွေရဲ့ နေအိမ်တွေကို အကြမ်းဖက်စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့တဲ့ မှတ်တမ်းပုံရိပ်တွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပခုက္ကခရိုင် အမှတ် ၁၉ တပ်ရင်းက ဒီနေ့မှာ ထုတ်ပြန်ဖော်ပြထားပါတယ်။