အမျိုးသားညီညွတ်ရေးအစိုးရ အုပ်ချုပ်မှုနယ်မြေ၊ အင်းတော်မြို့နယ်အတွင်း ပန်ဒါနီ ၉ ကောင်ကို တရားမဝင်သယ်ဆောင်လာသည့် မော်တော်ယာဉ်တွေကို ပြည်သူ့ကာကွယ်ရေးအဖွဲ့ ရဲဘော်တွေက ဖမ်းဆီးရမိခဲ့တယ်လို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ (၁၄) ရက်မှာ ပန်ဒါနီ ၉ ကောင်ကို ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး အင်းတော်မြို့နယ် သယံဇာတ စီမံအုပ်ချုပ်မှုအဖွဲ့ထံ အပ်နှံခဲ့ရာ ဝန်ကြီးဌာနက ယာယီထိန်းသိမ်းစောင့်ရှောက်ထားခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီနောက် သဘာဝအတိုင်း နေထိုင်ကျက်စားနိုင်မယ့်နေရာကို ပြန်လည်ပို့ဆောင်နိုင်ဖို့အတွက် ပန်ဒါနီနေရင်းဒေသက အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။

NUG ရဲ့ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဒုဝန်ကြီး ခွန်း‌စောဖူး ဦးဆောင်ပြီး အဆိုပါ ပန်ဒါနီလေး ၉ ကောင်ကို မူရင်းဒေသနဲ့ အနီးစပ်ဆုံး ဒေသတွေဆီ ဘေးကင်းစွာ ပြန်လည် ရောက်ရှိ ထိန်းသိမ်းစေနိုင်ရေးအတွက် သင့်တော်သလို စီမံဆောင်ရွက်နိုင်အောင် သစ်တောနှင့်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဌာန၊ Kachin Independence Organization (KIO) ကို စက်တင်ဘာ ၁၉ ရက်မှာ လွှဲပြောင်းပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ သစ်တောနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာန၊ Kachin Independence Organization (KIO) အနေနဲ့ အဆိုပါ ပန်ဒါနီ (၉) ကောင်ကို ကောင်းမွန်စွာ လက်ခံထိန်းသိမ်းထားပြီး ရှားပါးမျိုးစိတ်တွေ ဖြစ်တဲ့အလျောက် သင့်တော်စွာ စီမံထိန်းသိမ်းကာကွယ်စောင့်ရှောက်နိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

စစ်တပ်အရာရှိများ တက်ရောက်ရာ နိုင်ငံတော် ကာကွယ်ရေးတက္ကသိုလ်တွင် စာသင်ကြားနေသည့် ၀ဏ္ဏကျော်ထင်ဘွဲ့ရ အငြိမ်းစား ဗိုလ်ချုပ်ချိုထွန်းအောင်ကို ပစ်ခတ်ရှင်းလင်း

အကြမ်းဖက်စစ်တပ်က အရာရှိအဆင့်တွေသာ တက်ရောက်ရတဲ့ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်မှာ စာသင်ကြားနေတဲ့ ၀ဏ္ဏကျော်ထင်ဘွဲ့ရ အငြိမ်းစားဗိုလ်ချုပ် ချိုထွန်းအောင်ကို ဒီနေ့မှာ ပစ်ခတ် ရှင်းလင်းလိုက်တယ်လို့ Golden Valley Warriors က ထုတ်ပြန်ပါတယ်။
Read More

အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကို ရှော့တိုက်ဒုံးများဖြင့် တိုက်ခိုက်မှု စစ်ကောင်စီ အရာရှိ ၂ ဦးအပါ ၅ ဦး သေဆုံးဟု ဆို

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မှာရှိတဲ့ စစ်ကောင်စီရဲ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) ကို ‌၁၀၇ မမ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီဘက်က ၅ ယောက် သေဆုံးခဲ့တယ်လို့ Brave Warriors For Myanmar (BWM) ကနေ သတင်းထုတ်ပြန်လာပါတယ်။
Read More

၁၀၂၇ စစ်ဆင်ရေးအတွင်း တိုက်ပွဲဝင် အသက်ပေးလှူသွားခဲ့တဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကို ရည်စူးပြီး PSLF/TNLA က အလှူဒါနပြုလုပ်ခဲ့

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) အုပ်ချုပ်နယ်မြေတစ်နေရာမှာ (၁၀၂၇) စစ်ဆင်ရေးတိုက်ပွဲအတွင်း အာဏာရှင်စစ်ကောင်စီတပ်ကို တော်လှန်ရင်း အသက်ပေးလှူသွားခဲ့တဲ့ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်တော် TNLA  တပ်မတော်သားတွေနဲ့ ပူပေါင်းတပ်ဖွဲ့ဝင်တွေကို ရည်စူးပြီး အောက်တိုဘာလ (၂၇)ရက် (၁၀၂၇)စစ်ဆင်ရေး တစ်နှစ်ပြည့်မှာ အလှူဒါနပြုလုပ်ပေးခဲ့တယ်လို့ သိရပါတယ်။
Read More

တော်လှန်ရေးအတွက် အကြီးမားဆုံးအခက်အခဲများထဲ တရုတ်ဩဇာလွှမ်းမိုးချုပ်ကိုင်မှု ပါဝင်ဟု TNLA အတွင်းရေးမှူး ဗိုလ်ချုပ် တာဘုန်းကျော် ပြော

လက်ရှိတော်လှန်ရေးမှာ ရင်ဆိုင်နေရတဲ့ အကြီးမားဆုံးအခက်အခဲတွေထဲမှာ ကိုယ်ကျိုးစီးပွားတစ်ခုတည်း ကြည့်တဲ့ တရုတ်ဩဇာလွှမ်းမိုးချုပ်ကိုင်မှုလည်း ပါဝင်တယ်လို့ တအာင်းတပ်မတော် (TNLA) ရဲ့ အတွင်းရေးမှူး တာဘုန်းကျော်က မနေ့က လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။
Read More

စက်တင်ဘာလအတွင်း အကြမ်းဖက် စစ်အုပ်စုက လူ့အခွင့်အရေးချိုးဖောက်မှု ၆၃၇ မှုအထိ ကျူးလွန်ခဲ့တယ်လို့ NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ထုတ်ပြန်

အကြမ်းဖက်စစ်အုပ်စုက စက်တင်ဘာလအတွင်း လူ့အခွင့်အရေးချိုးဖောက်ကျူးလွန်မှု စုစုပေါင်း (၆၃၇) မှုအထိ ရှိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ကောက်ယူ မှတ်တမ်းတင် ထားရှိကြောင်း ထုတ်ပြန်လာပါတယ်။
Read More

အချုပ်ခန်းဖောက်ပြေးတဲ့ ပျူစောထီး ၂ ယောက်ကို PDF ပစ်ခတ်ရှင်းလင်း

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်အပိုင် အေးမြသာယာမြို့မှာ အချုပ်ခန်းဖောက်ပြေးတဲ့ စစ်တပ်သတင်းပေး ပျူစောထီး ၂ယောက်ကို အသေပစ်ခတ်ရှင်းလင်းလိုက်ကြောင်း သာယာဝတီခရိုင် ၊ တပ်ရင်း ၃၈၀၁၊ တပ်ခွဲ-၅ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။