စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာ အကြမ်းဖက်စစ်ကြောင်းကို ကြားဖြတ်ပိတ်ဆို့ တိုက်ခိုက်ရာ ဒုဗိုလ်မှူးနဲ့ ၃ ပွင့်ဗိုလ်အပါအဝင် စစ်သားအများအပြား သေဆုံးပြီး ၂ ယောက်ကို အရှင်ဖမ်းမိခဲ့တယ်လို့ ခင်ဦးမြို့နယ် မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ဒီနေ့ ထုတ်ပြန်ပါတယ်။

စက်တင်ဘာ ၂၂ ရက် ဒီနေ့မှာ ခင်ဦးမြို့နယ်ရှိ အကြမ်းဖက်စစ်တပ်ရဲ့ ရွှေဘိုလေ့ကျင့်ရေး (၈) နဲ့ ဘုတ်ကုန်း (ပျူရွာ) ဆီ ခိုးကြောင်ခိုးဝှက် ထွက်သွားတဲ့ အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ အပြင်းအထန် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါ အကြမ်းဖက်စစ်ကြောင်းက ဒုဗိုလ်မှူးကြီး အဆင့်နဲ့ ၃ ပွင့်ဗိုလ်အပါအဝင် တပ်ကြပ်တွေနဲ့အတူ စစ်သား အများအပြား သေဆုံးကာ ထိခိုက်မှု များပြားပြီး စစ်ကြောင်းတစ်ကြောင်းလုံး တပ်ပျက်သွားတယ်လို့ သိရပါတယ်။

အဆိုပါတိုက်ပွဲအတွင်း တော်လှန်ရေး အင်အားစုတွေဘက်က ထိခိုက်မှုမရှိဘဲ အကြမ်းဖက်စစ်သား (၂) ယောက်ကို တိုက်ပွဲအတွင်း အရှင်ဖမ်းဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် တိုက်ပွဲအတွင်း အကြမ်းဖက်စစ်တပ်က MA-3 (၄) လက်၊ MA-1 (၅) လက်၊ BA-63/ G3 (၁) လက်၊ ကာဘိုင် (၁)လက်၊ BA 100/ 60MM ကွန်မန်ဒို စိန်ပြောင်း (တို) (၁) လက်၊ MA-5/ ပစ္စတို (၁) လက်၊ MA ကျည်ဘောက် (သံ) (၃) ခု၊ MA ကျည်ဘောက်(ကော်) (၆) ခု၊ BA-63/ G3 ကျည်ဘောက် (၃)ခု၊ MA-5/ ပစ္စတို ကျည်ဘောက် (၁)ခု၊ ရှေ့ထွက်မိုင်း (၄)လုံး၊ နင်းမိုင်း (၂)လုံး၊ 60MM ဗုံးသီး (၄)လုံး၊ RPG ဗုံးသီး (၁)လုံး၊ အီနာဂါ (၂)လုံး၊ ကျည်ကာ ဦးထုပ် (၆)လုံး၊ 5.56 ကျည် (၂၈၆) တောင့်၊ 9mm ကျည် (၇) တောင့်၊ ငွေကျပ် (၅,၂၉၀,၀၀၀) ကျပ် သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ အကြမ်းဖက်စစ်ကြောင်းကို စက်တင်ဘာ ၁၈ ရက် ခင်ဦးမြို့နယ်တွင်း ဝင်ရောက်လာချိန် တော်လှန်ရေး အင်အားစုတွေက ပထမအကြိမ် တိုက်ခိုက်ခဲ့ပြီး စက်တင်ဘာ ၂၀ ရက် ညပိုင်းမှာတော့ အကြမ်းဖက်စစ်တပ်ဟာ ညလုံးပေါက် တိတ်တဆိတ် ခင်ဦးမြို့နယ် အကြမ်းဖက် စစ်တပ်စခန်းအတွင်း ဝင်ရောက်သွားခဲ့တယ်လို့ ဆိုပါတယ်။

စက်တင်ဘာ ၂၂ ရက် မနက်ပိုင်းမှာတော့ ခင်ဦး – ရွှေဘို နယ်စပ်တစ်နေရာမှာ အကြမ်းဖက်စစ်တပ် ကြားဖြတ်ပိတ်ဆို့ တိုက်ခိုက်ခံရပြီး မွန်းတည့်ချိန်အထိ (၅)နာရီခန့်ကြာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
အဆိုပါစစ်ဆင်ရေးမှာ အမှတ် ၂ ရွှေဘိုခရိုင်၊ အမှတ် (၃)တပ်ရင်း၊ ခင်ဦးမြို့နယ် ပကဖ၊ တိုက်နယ် (၁)(၂)(၃)(၄)(၅) ပကဖ တွေနဲ့ မြို့နယ် ပလဖတို့ ပါဝင်လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ကရင်နီပြည်နယ်မှာ လူထုဗဟိုပြု ဒေသန္တရအုပ်ချုပ်ရေးကို ခြေလှမ်းမှန်စွာ ဖော်ဆောင်နိုင်ခဲ့ဟု ဆို

ကရင်နီပြည်မှာ လူထုဗဟိုပြုမြို့နယ်အုပ်ချုပ်ရေး လို့ခေါ်တဲ့ ဒေသန္တရ အုပ်ချုပ်ရေးတွေကို တစ်ဆင့်ချင်းစီ ခြေလှမ်းမှန်မှန်နဲ့ အကောင်းဆုံးဖော်ဆောင်နိုင်ခဲ့တယ်လို့  ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ဥက္ကဋ္ဌ ခူဦးရယ်က ပြောကြားလိုက်ပါတယ်။
Read More

မိုးဗြဲမြို့ကို စစ်ကောင်စီ ပြန်သိမ်းလိုက်ပြီဟု သတင်းများ ထွက်ပေါ်နေ 

ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ ကရင်နီပြည်နယ် အစပ်က မိုးဗြဲမြို့ကို စစ်ကာင်စီတပ်တွေ ပြန်လည်သိမ်းယူလိုက်ပြီလို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ 
Read More

ညောင်လေးပင်တွင် စစ်ကောင်စီတပ်အထိုင်စခန်းကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်၊ စစ်သား ၄ ဦးသေဆုံး

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ရေဖြူကန်ကျေးရွာမှာ အထိုင်ချတပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ စစ်သား ၄ ယောက် သေဆုံးခဲ့တယ်လို့ တောကျီးကန်း(၇)ကောင်တပ်ရင်းရဲ့ ဒရုန်းတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ခန္တီးတွင် စစ်တပ်ဗိုလ်ကြီး လင်းမြတ်ထွန်း ဦးဆောင်သည့် ယာဥ်တန်း တိုက်ခိုက်ခံရပြီး ၄ ဦး သေ၊ ၇ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ခန္တီးမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ် ဗိုလ်ကြီး လင်းမြတ်ထွန်း ဦးဆောင်လာတဲ့ ယာဥ်တန်းကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်အုပ်စု ထိခိုက်သေဆုံးမှုတွေ ရှိခဲ့ကြောင်း ခန္တီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

မူးမြို့နယ်အတွင်း စစ်ကောင်စီတပ် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား (၁) ဦး သေဆုံးပြီး (၂) ဦး ထိခိုက်ဒဏ်ရာရ

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ မူးမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က ပြည်သူလူထုကို ပစ်မှတ်ထားပြီး ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူ (၁) ယောက် သေဆုံးကာ (၂) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်အရုံး (KNU) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မိုးကုတ်မြို့တွင် TNLA နှင့် ဂေါ်ရခါးလူမျိုးတို့ တွေ့ဆုံဆွေးနွေးပွဲအပြီး ဂေါ်ရခါးလူမျိုး ၈၄ ဦးကို အုပ်ထိန်းသူများထံ အပ်နှံ

မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာ တအာင်းတပ်မတော် (TNLA) နဲ့ ဂေါ်ရခါးလူမျိုးတို့ တွေ့ဆုံဆွေးနွေးပွဲအပြီး ဂေါ်ရခါးလူမျိုး ၈၄ ယောက်ကို အုပ်ထိန်းသူတွေဆီ အပ်နှံခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။