မကွေးတိုင်း၊ ပခုက္ကူမြို့ပေါ်ရှိ မြန်မာ့မီးရထား ကွန်ကရစ် ဇလီဖားတုံးစက်ရုံမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ်နဲ့ ရဲတပ်ဖွဲ့ကို ဝင်ရောက်တိုက်ခိုက်ရာ ရဲ ၄ ယောက် သေဆုံးခဲ့တယ်လို့ Pakokku – Special Task Force က ဒီနေ့ ထုတ်ပြန်ပါတယ်။

စက်တင်ဘာလ ၂၂ ရက် ဒီနေ့ မနက် ၁ နာရီ ၄၀ မိနစ်ခန့်မှာ ပခုက္ကူမြို့၊ ရထားဘူတာအနီး မြန်မာ့မီးရထား ကွန်ကရစ် ဇလီဖားတုံးစက်ရုံအတွင်း တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကော်မရှင်တပ်ကို တော်လှန်ရေး တပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကော်မရှင်တပ်က ရဲ ၄ ယောက် သေဆုံးပြီး G 3 သေနတ် ၁ လက်၊ 7.62mm ကျည်သုံး ကာဘိုင်သေနတ် ၁ လက်၊ AK  သေနတ် ၁ လက်နဲ့ ကျည် ၅၀ တောင့်တို့ကို သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

အဆိုပါတိုက်ခိုက်မှုကို Pakokku Special Task Force ပခုက္ကူမြို့နယ် တပ်ရင်း ၁ ပကဖ က ရဲဘော်ဒီး ဦးဆောင်တဲ့ တော်လှန်ရေးရဲဘော် ၇ ယောက်က တိုက်ခိုက်ခဲ့တာဖြစ်ပြီး အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

ပခုက္ကူမြို့နယ်မှာ စစ်ကော်မရှင်က ဦးစီးပြုလုပ်တဲ့ အတုအယောင် ရွေး ကောက်ပွဲကို ဆန့်ကျင်တဲ့အနေနဲ့ ပခုက္ကူမြို့ပေါ် မစ်ရှင်ကို ကြိုးစားဖော်ဆောင်ခဲ့တာဖြစ်ပြီး ပြည်သူတွေအနေနဲ့လည်း စစ်ကော်မရှင်တပ် စိတ်တိုင်းကျ ပြုလုပ်မယ့် ရွေးကောက်ပွဲမှာ ပူးပေါင်းပါဝင်ခြင်း မပြုလုပ်ဖို့ Pakokku – Special Task Force က အသိပေးနှိုးဆော်ထားပါတယ်။

0 Shares:
You May Also Like
Read More

ဖားကန့်ကို အဓိကသွားလာသည့် လမ်းမကြီး ၂ခုကို စစ်ကောင်စီ ပိတ်ဆို့ထားတာကြောင့် ကုန်ဈေးနှုန်း အဆမတန်မြင့်တက်ကာ ဒေသခံများ အခက်တွေ့နေ

ကချင်ပြည်နယ်၊ ဖားကန့်မြို့ကို အဓိကသွားလာတဲ့ လမ်းမကြီး ၂ခုကို စစ်ကောင်စီက ပိတ်ဆို့ထားမှုကြောင့် ကုန်စည်စီးဆင်းမှုတွေ ရပ်တန့်နေပြီး ကုန်ဈေးနှုန်းတွေ မြင့်တက်လာကာ ဒေသခံတွေ အခက်တွေ့နေရတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

ရေဖြူတွင် ဖမ်းဆီးခံရသည့် ရဲဘော် အသေးလေး၏ဖုန်းကို သုံးပြီး စစ်အုပ်စု ညစ်ညမ်းစာများ လိုက်ပို့နေ၊ အဆိုပါ ရဲဘော် ကျဆုံးသွားပြီဟု သိရ

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်မှာ ဖမ်းဆီးခံခဲ့ရတဲ့ တော်လှန်ရေးရဲဘော်တစ်ယောက်ရဲ့ ဖုန်းကို အသုံးပြုပြီး စစ်အုပ်စုက လူမှုကွန်ရက်ကတဆင့် ညစ်ညမ်းစာတွေ လိုက်ပို့နေတယ်လို့ တော်လှန်ရေး အသိုင်းအဝိုင်းကနေ သိရပါတယ်။
Read More

နွေဦးတော်လှန်ရေး (၄)နှစ်ပြည့် အထိမ်းအမှတ်နဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး လောင်းလုံးလူထု ချီတက်ဆန္ဒပြ

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်း နွေဦးတော်လှန်ရေး (၄)နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ ထားဝယ်ခရိုင် ဒီမိုကရေစီအရေး လှုပ်ရှားမှုသပိတ်ကော်မတီ(DDMSC) ဦးဆောင်ပြီး ဖေဖော်ဝါရီလ ၁ ရက် ဒီနေ့ မနက်ပိုင်းမှာ စစ်အာဏာရှင် စနစ်ဆန့်ကျင်ရေး လူထုလမ်းလျှောက်ချီတက်ပွဲ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

လောင်းလုံးမြို့ပေါ်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး မိုင်းခွဲခံရပြီး မီးလောင်ပျက်စီး

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့ပေါ်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီရုံးကို မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ လောင်းလုံသံမဏိလိပ်ပြာတပ်ဖွဲ့ဆီက သိရပါတယ်။ အကြမ်းဖက်စစ်ကော်မရှင်ရဲ့ အတုအယောင်ရွေးကောက်ပွဲကို လက်မခံတာကြောင့် ဆန့်ကျင်တဲ့အနေနဲ့ အခုလို မိုင်းခွဲခဲ့တာဖြစ်တယ် လို့လည်း ဆိုပါတယ်။ မိုင်းခွဲခံရတဲ့ ကြံ့ခိုင်ရေးရုံးကတော့ မီးလောင်ပျက်စီးသွားတယ်လို့လည်း သိရပါတယ်။
Read More

အုတ်ဖို ပဲခူးရိုးမအတွင်း ခရီးသွားလာခွင့် ခေတ္တပိတ်ပင် 

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့အပိုင်ထဲက ပဲခူးရိုးမအတွင်း စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးနေတာကြောင့် လမ်းခရီးသွားလာခွင့် ခေတ္တတားမြစ်ပိတ်ထားကြောင်းကို မြေအောက်ပြောက်ကျားတပ်ဖွဲ့ (အုတ်ဖို) က သတင်းထုတ်ပြန်လာပါတယ်။ 
Read More

MLA မှ တပ်ပြေးရဲဘော် ၅ ဦးကို ထုတ်ပြန်ကြေညာ

မွန်ပြည်နယ်ခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဖြစ်တဲ့ မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA) တပ်ဖွဲ့ ကနေ တပ်ပြေးရဲဘော် ၅ယောက်ကို ဒီနေ့ ဇွန်လ ၃ ရက်နေ့မှာ ထုတ်ပြန်ကြေညာလာပါတယ်။