စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ကာဘိုးတိုက်နယ်အတွင်း စစ်ဘေးရှောင်တွေ နေထိုင်တဲ့ စာသင်ကျောင်းကို အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ထိခိုက်သေဆုံးသူတွေ ရှိခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

စက်တင်ဘာ ၂၂ ရက် မနက် ၁ နာရီလောက်မှာ ကာဘိုးတိုက်နယ် ကျီစုရွာရှိ စစ်ရှောင်တွေ နေထိုင်ရာ စာသင်ကျောင်းကို စစ်ကော်မရှင်တပ်က ပေါင် ၂၀၀ ဗုံးတစ်လုံး လာရောက်ကြဲချခဲ့တဲ့အတွက် စစ်ဘေးရှာင် ပြည်သူတစ်ယောက် သေဆုံးပြီး ၁၉ ယောက် ထိမှန်ဒဏ်ရာရခဲ့တယ်လို့ ကန့်ဘလူ နယ်ခံတစ်ယောက်က ဆိုပါတယ်။

“ကျီစုရွာက မီး ၃ကြိမ် ရှို့ခံရပြီး လေယာဥ်နဲ့ပစ်တာ ၂ ကြိမ်ရှိပြီ။ ထိတွေ့တိုက်ပွဲ ဘာမှမရှိဘဲ လာကြဲသွားတာ၊ လက်ရှိ စစ်ရှောင်တွေက ရှောင်တိမ်းတာမျိုး မရှိဘူး၊ စစ်ရှောင်နေတဲ့သူတွေထဲမှာ ပျဥ်ထောင်ကရွာသားတွေက တစ်နှစ်ခွဲ ရှိပြီ” လို့ အဆိုပါ ကန့်ဘလူနယ်ခံက ဆက်ပြောပါတယ်။

စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ကျီစုဒေသခံတွေဖြစ်တဲ့ ဒေါ်သန်းအေး (၆၄)နှစ် သေဆုံးပြီး ၊ ဒေါ်ရွှင် (၆၄) နှစ် ၊ ဦးမြင့်ဦး (၆၂) နှစ် ၊ ကိုဇီးထွန်း (၂၇) နှစ် ၊ မဝိုင်းစိန် (၂၅) နှစ် ၊ ကိုစိုးမင်း (၃၅) နှစ် ၊ မပုတို (၃၀) နှစ် ၊ မခင်သန်းဝင်း (၂၀) နှစ် ၊ ဒေါ်သန်းလွင် (၅၅) နှစ် ၊ မမီးမီး (၂၀) နှစ် ၊ မသီတာခိုင် (၃၅) နှစ် ၊ ကိုအောင်ရှမ်း (၄၀) နှစ်တို့ ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

ထပ်မံပြီး အဲဒီစာသင်ကျောင်းမှာ လာရောက်တိမ်းရှောင်တဲ့ ပျဉ်းထောင်ကျေးရွာရှိ ကိုကြည်စိုး (၄၅) နှစ် ၊ ကိုတူး (၄၅) နှစ် ၊ မခိုင်မာဝင်း (၂၀) နှစ် ၊ မကြီး (၁၅) နှစ် ၊ မငယ် (၁၅) နှစ် ၊ ကျော်ဇင်ထက် (၈) နှစ် ၊ ကိုအောင်ဝင်း (၅၂) နှစ်တို့လည်း အသီးသီး ထိခိုက်ဒဏ်ရာရရှိခဲ့ပါသေးတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့် စာသင်ကျောင်းဆောင် ၁ ဆောင်နဲ့ လူနေအိမ် ၂ လုံး ပျက်စီးသွားပြီး ထိခိုက်ဒဏ်ရာရသူတွေထဲမှာ ဒဏ်ရာပြင်းထန်ကာ စိုးရိမ်ရသူတွေလည်း ရှိတယ်လို့ သိရပါတယ်။

အိမ်ခြေ ၈၀၀ ကျော်ရှိတဲ့ ကျီစုရွာဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဇူလိုင်လနဲ့ နိုဝင်ဘာလတို့မှာလည်း အကြမ်းဖက်စစ်တပ် မီးရှို့ဖျက်ဆီးခဲ့တဲ့အတွက် အိမ်ခြေ ၇၀၀ ခန့် မီးလောင်ပျက်စီးခဲ့သေးတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

နွားထိုးကြီးက ကျေးရွာ ၂ ရွာကို အကြမ်းဖင်စစ်ကြောင်းက မီးဝင်ရှို့ရင်း အရပ်သား ၁ ယောက်ကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်မှာ စစ်ကြောင်းဝင်နေတဲ့ အကြမ်းဖက်စစ်တပ်က ကျေးရွာ ၂ ရွာကို မီးရှို့ဖျက်ဆီးကာ အရပ်သား ၁ ယောက်ကို ရက်ရက်စက်စက် သတ်ဖြတ်သွားတယ်လို့ သိရပါတယ်။
Read More

ပေါက်၊ ဂန့်ဂေါ၊ တောင်သာမြို့တို့မှာ စစ်တပ်လက်အောက်ခံ ပျူနှင့် ရဲများ ဆက်သွယ်အလင်းဝင်ရောက်မှုတွေရှိနေ

မကွေးတိုင်း ပေါက်၊ ဂန့်​ဂေါနဲ့ မန္တလေးတိုင်း တောင်သာမြို့နယ်တွေမှာ ရဲတပ်သား ၃ ယောက်နဲ့ ပျူစောထီး ၁ ယောက် လက်နက်ခဲယမ်းတွေနဲ့အတူ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်ခဲ့ကြောင်း သက်ဆိုင်ရာ အဖွဲ့တွေက သတင်းထုတ်ပြန်ထားပါတယ်။
Read More

ကယန်းတိုင်းရင်းသူ လက်ဝှေ့မယ် ဗီရိုနီကာ ONE Championship နှင့် တရားဝင် စာချုပ်ချုပ်ဆို၊ သူမ၏ ပွဲဦးထွက် မကြာမီ မြင်တွေ့ရမည်ဟု ဆို

ပဲခူးတိုင်း၊ မိုးညိုမြို့နယ်မှာ စစ်မှုထမ်းဖို့ ဖမ်းဆီးခံလိုက်ရသူ လူငယ်ဟာ သူရဲ့ မိခင်ဖြစ်သူ နာရေးကို လက်ထိပ်နဲ့သာ သွားခွင့်ရခဲ့ပြီး စစ်သားတွေကလည်း ဘေးကနေ အစောင့်အရှောက်တွေနဲ့ ပါလာတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ညောင်လေးပင်မြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပြီး နှစ်ဖက်ထိခိုက်သေဆုံးမှုတွေရှိခဲ့

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်အတွင်းမှာ အကြမ်းဖက် စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ထိတွေ့တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး နှစ်ဖက်စလုံးထိခိုက်သေဆုံးမှုတွေ ရှိခဲ့ကြောင်းဒေသခံတွေဆီက သိရပါတယ်။
Read More

လူထုခေါင်းဆောင် အပါအဝင် နိုင်ကျဉ်းအားလုံး လွတ်မြောက်ရေးနှင့် ပန်းသပိတ် (ဓာတ်ပုံသတင်း)

ကလေးဒေသခံ ပြည်သူလူထုဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၀ ပြည့် မွေးနေ့အထိမ်းအမှတ် လမ်းပေါ်ထွက် ချီတက်ဆန္ဒပြခဲ့ကြပါတယ်။
Read More

မင်းအောင်လှိုင်ကို ICC အမြန်ဆုံး ဖမ်း၀ရမ်းထုတ် အရေးယူပေးဖို့ စစ်အာဏာရှင်ဆန့်ကျင်ရေး အဖွဲ့အစည်းတွေ အသီးသီးထုတ်ပြန်တောင်းဆို

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ICC အနေနဲ့ အမြန်ဆုံး ဖမ်း၀ရမ်းထုတ်ပေးနိုင်ဖို့ တောင်းဆိုတိုက်တွန်းလိုက်ကြောင်း မန္တလေး အာဏာရှင်စနစ် ဆန့်ကျင်ရေးအင်အားစုက တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။