ကရင်ပြည်နယ်၊ ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့အနီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်တွေ ထိန်းချုပ်ထားတဲ့ လေးကေ့ကော်ကို အကြမ်းဖက် စစ်ကော်မရှင်က စစ်ကြောင်းတွေခွဲကာ ထိုးစစ်ဆင်လာတယ်လို့ စစ်ရေးသတင်းရင်းမြစ်ထံက သိရပါတယ်။

စက်တင်ဘာ ၂၂ရက် ဒီမနက် ၆ နာရီလောက်ကစပြီး စစ်ကော်မရှင်တပ်တွေက စစ်ကြောင်းထိုးလာတဲ့အပြင် လက်ခတ်တောင်၊ မြဝတီနဲ့ မေတ္တာလင်းမြိုင်ဘက်ကနေ လေး‌ကေ့ကော်ကို လက်နက်ကြီးတွေ အဆက်မပြတ် ပစ်ခတ်နေတယ်လို့ ဆိုပါတယ်။

“လေးကေ့ကော်ကို ပြန်လိုချင်တာ ဖြစ်နိုင်တယ်။ စစ်ကြောင်း ၅ကြောင်းလောက် ရှိမယ်.. ခန့်မှန်း။ မနက်ကတည်းကနေ လက်နက်ကြီးပစ်တာ အခုထိပဲ” လို့ အဆိုပါ စစ်ရေးသတင်းရင်းမြစ်က မောင်းကို ပြောပါတယ်။

လက်ရှိအချိန်ထိ KNLA မဟာမိတ်ပူးပေါင်းတပ်တွေနဲ့ အကြမ်းဖက်စစ်ကော်မရှင်တပ်တို့ ထိတွေ့တိုက်ပွဲတွေ မရှိသေးပေမယ့် စစ်ရေးအခြေအနေ တင်းမာနေပြီး တိုက်ပွဲတွေ ပြင်းထန်လာနိုင်တယ်လို့လည်း ရှေ့တန်းသတင်းရင်းမြစ်တွေက ပြောဆိုကြပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် အောက်တိုဘာလမှာ KNLA မဟာမိတ် ပူးပေါင်းတပ်ဖွဲ့တွေက စစ်ကော်မရှင်တပ်ရဲ့ စွယ်တော်ကုန်းအမြောက်စခန်းကို သိမ်းပိုက်ရရှိခဲ့ပြီး အကြမ်းဖက်စစ်တပ်က အဆိုပါ အမြောက်စခန်းကို ပြန်လည်ရရှိဖို့အတွက် တကျော့ပြန် ထိုးစစ်ဆင်နေတာဖြစ်တယ်လို့လည်း သိရပါတယ်။

 

0 Shares:
You May Also Like
Read More

ရာမညမွန်တပ်တော် ၏ အပတ်စဉ် (၅) အခြေခံစစ်သင်တန်းဆင်းပွဲ အခမ်းအနား….

မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး)/ရာမညမွန်တပ်တော် (NMSP-AD/RMA) က ဦးဆောင်ပြီး ဖွင့်လှစ်သင်ကြားပေးခဲ့တဲ့ အပတ်စဉ် (၅) အခြေခံစစ်သင်တန်း ဆင်းပွဲအခမ်းအနားကို ဩဂုတ်လ (၂၀) ရက်က လွတ်မြောက်နေရာတစ်နေရာမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ ရာမညမွန်တပ်တော်က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ချောင်းဦးမြို့နယ်အတွင်း အကြမ်းဖက်စစ်အုပ်စုကြောင့် သေဆုံးခဲ့ရသည့်ပြည်သူများနှင့် နှစ်ရှည်စစ်ရှောင်စခန်းကို ထောက်ပံ့ကူညီမှုများ ပြုလုပ်

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်အတွင်းမှာ အကြမ်းဖက်စစ်အုပ်ရဲ့ လက်နက်ကြီးနဲ့ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရတဲ့ပြည်သူတွေနဲ့ ကာလကြာရှည်စစ်ရှောင်နေရတဲ့ နှစ်ရှည်စစ်ရှောင်ပြည်သူတွေကို ဩဂုတ်လအတွင်း ထောက်ပံ့ကူညီမှုတွေ သွားရောက်ပြုလုပ်ခဲ့တယ်လို့ NUG လူ့အခွင့်အရေးဝန်ကြီးဌာနက ဒီနေ့မနက်ပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

အာဏာရှင်စနစ် အပြီးတိုင် မဖယ်ရှားနိုင်သရွေ့၊ လူထုကိုယ်တိုင်ပါဝင်နိုင်တဲ့ လူထုအုပ်ချုပ်ရေး မဖော်ဆောင်နိုင်သရွေ့ နိုင်ငံရေးပြဿနာများကို ဖြေရှင်းနိုင်မည်မဟုတ်ဟု SNLD ပြော

တိုင်းပြည်အတွက် လိုအပ်နေတဲ့ လူထုအုပ်ချုပ်ရေးမှာ လူထုမပါဝင်ဘဲ နိုင်ငံရေးပြဿနာတွေကို ဖြေရှင်းလို့ ရမှာ မဟုတ်ကြောင်း  ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ ချုပ် - SNLD က ထုတ်ပြန်ပါတယ်။
Read More

ပေါ်တာဆွဲခံထားရတဲ့ စစ်သား (၄) ဦး K.N.L.A တပ်ရင်း (၉) ထံ လက်နက်ချအလင်းဝင်

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) တပ်ရင်း (၉) ဆီကို အကြမ်းဖက်စစ်ကောင်စီရဲ့ ပေါ်တာဆွဲခံထားရတဲ့ စစ်မှုထမ်း စစ်သား (၄) ယောက် လက်နက်ချအလင်းဝင်လာတယ်လို့ ကရင်အမျိုးသားအစည်အရုံး - KNU ( ဗဟို) က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

Simple Blogသာဂေါင်ရွာကို စစ်တပ်က အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်၊ အရပ်သား ၂ ယောက် သေဆုံးပြီး ၃ ယောက် ဒဏ်ရာရ 

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်မှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ ရေလယ်ကျွန်းဒေသ၊ သာ​ဂေါင်ကျေးရွာကို စစ်တပ်က လေယာဥ်နဲ့ ဗုံးကြဲခဲ့လို့ အရပ်သား၂ယောက် သေဆုံးပြီး ၃ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ရေစကြိုမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံက သိရပါတယ်။
Read More

၉ နှစ်အရွယ် ကလေးငယ်အပါ ၁၂ ယောက်သေဆုံးခဲ့တဲ့ ငါန်းမြာကြီးရွာကို စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုဖြစ်စဥ်ကို NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ထုတ်ပြန်

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ ငါန်းမြာကြီးရွာကို အကြမ်းဖက်စစ်အုပ်စုက လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်ကို အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက တရားဝင် ထုတ်ပြန်လာပါတယ်။