စစ်ကော်မရှင်အဓိကအားကိုးနေရတဲ့ လေကြောင်းတိုက်ခိုက်မှုရန်ကနေ ကာကွယ်နိုင်ဖို့ စစ်လေ ယာဉ်တွေနဲ့ ပတ်သက်နဲ့ အချက်အလက်တွေ မျှဝေပေးဖို့ KNDF ဒုစစ်ဦးစီးချုပ်မာဝီက ပြောကြားခဲ့ပါတယ်။

တစ်နိုင်ငံလုံးရှိ ကျောင်း၊ ဆေးရုံ၊ အရပ်သားနေရာတွေကို တိုက်ခိုက်နေတဲ့ စစ်ကော်မရှင်ရဲ့ လေ ကြောင်းရန်ကနေ ကာကွယ်ပြီး လူအသက်ပေါင်းများစွာကို ကယ်တင်ဖို့ လိုတယ်လို့ ပြောပါတယ်။

စစ်တပ်ရဲ့ လေယာဉ်ကွင်းအနီးနားမှာနေတဲ့ ပြည်သူတွေအနေနဲ့ စစ်လေယာဉ်တွေရဲ့ အတက်အဆင်း ၊ တည်နေရာ၊ အချိန်တွေကို သတင်းပေးပို့ကြဖို့ တောင်းဆိုထားပါတယ်။ 

သတင်းအချက်အလက်တွေကို မျှဝေချင်အားဖြင့် ကိုယ်ကိုယ်ကိုကာကွယ်နိုင်ပြီး လေယာဉ်တွေကို ပစ်ချနိုင်ဖို့အတွက် ပြင်ဆင်ဖို့ အချိန်ရရှိမှာဖြစ်တယ်လို့ ဆိုပါတယ်။ 

”ဘာလက်နက်ခဲယမ်းမီးကျောက်မှာမလိုဘဲနဲ့ လူပေါင်းများစွာရဲ့ ကာကွယ်ပေးနိုင်တဲ့ နည်းလမ်းဖြစ် တယ်။ ဘယ်ချိန်မှာ တက်တယ်၊ ဘာအမျိုးအစား၊ ဘာရောင်ဆိုတဲ့ ဟာမျိုး ဒီလောက်ဆိုရင် တော် တော်လေး လုံလောက်ပါတယ်။ လူတွေ အများကြီးကယ်နိုင်တယ်”

လေယာဉ်အားကိုးပြီး မိုက်နေတဲ့ အကြမ်းဖက်သမားမင်းအောင်လှိုင်ကို တစ်နိုင်ငံလုံးစုစည်းပြီး တိုက်ထုတ်ကြပါစို့လို့ မာဝီက မေတ္တာရပ်ခံထားပါတယ်။ 

Video – EAR, Org.

0 Shares:
You May Also Like
Read More

ထားဝယ်ခရိုင်အမှတ် ၂ တပ်ရင်း သင်တန်းနည်းပြတွေရဲ့ ကြီးကြပ်မှုနဲ့ သင်တန်းဆင်းမယ့် ရဲဘော်တွေရဲ့ လေ့ကျင့်မှုမှတ်တမ်း (ရုပ်/သံ)

ထားဝယ်ခရိုင်အမှတ် ၂ တပ်ရင်းက သင်တန်းနည်းပြတွေရဲ့ ကြီးကြပ်မှုနဲ့ သင်တန်းဆင်းမယ့် ရဲဘော်တွေရဲ့ လေ့ကျင့်မှုမှတ်တမ်းရုပ်သံဖိုင်ကို ထုတ်ပြန်လိုက်ပါတယ်။
Read More

အင်းတော်မြို့သိမ်းတိုက်ပွဲမှာ KIAနဲ့ ပူးပေါင်းတပ်တွေ သိမ်းပိုက်ထားတဲ့ ဂျပန်လှိုဏ်ဂူမြင်ကွင်း(ရုပ်/သံ)

စစ်ကိုင်းတိုင်း အင်းတော်မြို့သိမ်းတိုက်ပွဲမှာ KIA နဲ့ ပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ အကြမ်းဖက်စစ်ကောင်စီတပ်အခိုင်အမာတပ်စွဲထားတဲ့ ဂျပန်လှိုဏ်ဂူကို ယခုလိုပဲ မြင်တွေ့ရပါတယ်။ အင်းတော်မြို့ကို KIA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက ဧပြီ ၇ ရက် မနေ့ညပိုင်းမှာ အပြီးသတ် သိမ်းပိုက်ရရှိခဲ့ပါတယ်။
Read More

မောတောင်မြို့ ခလရ ၂၂၄ တပ်ရင်း မဆုတ်တမ်းခံစစ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်များ သိမ်းပိုက်ထားသည့် မြင်ကွင်း (ရုပ်/သံ)

ထိုင်း-မြန်မာ နယ်စပ် တနင်္သာရီတိုင်းထဲက မောတောင်မြို့ ခလရ ၂၂၄ တပ်ရင်း မဆုတ်တမ်းခံစစ်စခန်းကို KNLA၊ BPLA နဲ့ FFD တို့ ပါဝင်တဲ့ မဟာမိတ်ပူးပေါင်းအဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ထားတဲ့ ရုပ်သံကို ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) က ဒီနေ့ညပိုင်းမှာ ထုတ်ပြန်လိုက်ပါတယ်။
Read More

သထုံမြို့ နောင်ဘိုရွာအဝင်ဆိုင်းဘုတ်တွင် ရွေးကောက်ပွဲအတု ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ‌နောင်ဘိုရွာအဝင်ဆိုင်းဘုတ်မှာ စစ်ကော်မရှင်က ပြုလုပ်မယ့် အတုအယောင် ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း စာရွက်တွေကပ်ပြီး ပြည်သူတွေကို အသိပေး နှိုးဆော်တဲ့ လှုပ်ရှားမှုတစ်ရပ် ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းလမ်းမပေါ် တော်လှန်ရေးပူးပေါင်းတပ်နဲ့ အကြမ်းဖက်စစ်တပ် တိုက်ပွဲဖြစ် (ရုပ်/သံ)

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းလမ်းမပေါ်မှာ တော်လှန်‌ရေး ပူးပေါင်းတပ်နဲ့ အကြမ်းဖက်စစ်တပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်သားအများအပြား သေဆုံးခဲ့တယ်လို့ ဝေဟင်တပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
Read More

မြောင်မြို့နယ် ကျောက်ရစ်ရဲစခန်းကို စက်လှေနဲ့ တပ်ချိန်းဖို့လာတဲ့ အကြမ်းဖက်စစ်သားတွေကို တိုက်ခိုက်မှု ၃ ယောက်သေ (ရုပ်/သံ)

မကွေးတိုင်း ရေစကြိုမြို့မှ စက်လှေ ၃ စီးနဲ့ မြောင်မြို့နယ် ‌ကျောက်ရစ်ရဲစခန်းကို တပ်ချိန်းဖို့ လာတဲ့ အကြမ်းဖက်စစ်သား အင်အား ၆၀ ခန့်ကို တိုက်ခိုက်ခဲ့တယ်လို့ Royal Brother Defence Forceအဖွဲ့ထံက သိရပါတယ်။