အာဏာသိမ်း အကြမ်းဖက်စစ်တပ်က တရားမဝင် စစ်မှုထမ်းဥပ‌ဒေ ပြဌာန်းပြီးတဲ့နောက် အတင်းအဓမ္မ တပ်သားသစ် စုဆောင်းရရှိနေမှုဟာ ခန့်မှန်းထားတာထက် ပိုမိုများပြားနေပြီး ပြန်လည်ထွက်ပြေးလွတ်မြောက်လာတဲ့ အရေအတွက်က အနည်းငယ်သာရှိတယ်လို့ မြန်မာ့စစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ MDSI က ထုတ်ပြန်ပါတယ်။

စစ်ကော်ရှင်တပ်ဟာ လစဥ် လူငယ် ၅၀၀၀ ဝန်းကျင်ကို အကြောင်းအမျိုးမျိုးပြ အတင်းအဓမ္မ ဖမ်းဆီးကာ သင်တန်းပို့ချပြီး ရှေ့တန်းစစ်မြေပြင်တွေကို စေလွှတ်အသုံးချနေပေမယ့် တော်လှန်ရေးတပ်ဖွဲ့တွေထံ ဆက်သွယ်ပူးပေါင်းလာသူ၊ ထွက်ပြေးလွတ်မြောက်လာသူတွေဟာ ရာခိုင်နှုန်းအနည်းငယ်သာ ရှိတယ်လို့ ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။

စစ်တပ်ရဲ့ ဝါဒဖြန့်ခြိမ်းခြောက်မှုတွေကို ယုံကြည်ကြောက်ရွံ့တာ၊ တော်လှန်ရေးတပ်တွေထံ ဘယ်လိုဆက်သွယ်ရမလဲ မသိတာ၊ ဆက်သွယ်ဖို့ မလွယ်ကူဘဲ သတင်းအချက်အလက် ရရှိမှု နည်းပါးတာတွေဟာ စစ်မှုထမ်းတွေ ထွက်ပြေးလွတ်မြောက်ဖို့ ခက်ခဲနေတဲ့ အဓိက အကြောင်းအရင်းတွေ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လဆန်းပိုင်းမှာ သင်တန်းဆင်းခဲ့တဲ့ အပတ်စဥ် ၁၂ စစ်မှုထမ်းတပ်သားရဲ့ ကိုယ်ပိုင်အမှတ်ဟာ ၆သောင်းဝန်းကျင်အထိ ရောက်ရှိလာတာကို တွေ့ရတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အခုလအတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ထံ အလင်းဝင်လာတဲ့ အပတ်စဥ် ၁၂ ဆင်း စစ်မှုထမ်းတပ်သားရဲ့ ကိုယ်ပိုင်အမှတ်ဟာ ပစ-၁၅၈+++ ဖြစ်တယ်လို့ MDSI က ဆိုပါတယ်။

လက်ရှိမှာ စစ်ကော်မရှင်တပ်က စစ်မှုထမ်းအပတ်စဥ် ၁၄ အထိ လေ့ကျင့်သင်တန်းဆင်းပေးထားပြီး အပတ်စဥ် ၁၇ အထိ သင်တန်းဖွင့်လှစ်လျက်ရှိသလို စစ်မှုထမ်းဥပ‌ဒေနဲ့ စုဆောင်းခံထားရသူတချို့ကို အမြဲတမ်း စစ်မှုထမ်းအဖြစ် ခွဲထုတ်ကာ အခြေခံစစ်သင်တန်း စာရင်းသွင်း တက်‌ရောက်စေခြင်းတွေ ပြုလုပ်နေတယ်လို့ ဆိုထားပါတယ်။

စစ်ကော်မရှင်တပ်ဟာ လစဥ် စစ်မှုထမ်းတပ်သား အရေအတွက် ပြည့်မီကျော်လွန်အောင် ရရှိဖို့ နိုင်ငံအနှံ့ အတင်းအဓမ္မ ပေါ်တာဆွဲဖမ်းဆီးမှုတွေ လုပ်ဆောင်နေသလို လူဖမ်းဆီး ရောင်းဝယ်မှု ကိစ္စရပ်တွေလည်း ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်နေတယ်လို့ MDSI ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
0 Shares:
You May Also Like
Read More

ပြည်မြို့တွင် စစ်တပ်၏ ရွေးကောက်ပွဲအတုကို ဆန့်ကျင်ကန့်ကွက်ကြောင်း ကမ်ပိန်းပြုလုပ်

ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်ခရိုင်၊ ပြည်မြို့မှာ အကြမ်းဖက်စစ်ကော်မရှင် ကျင်းပပြုလုပ်မယ့် ရွေးကောက်ပွဲကို မြို့ခံပြည်သူတွေက ဆန့်ကျင်ကန့်ကွက်ကြောင်း ကမ်ပိန်းလုပ်ခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
Read More

ပဲခူးတိုင်း ပကဖ က ရေဘေးသင့်ပြည်သူတွေကို ထောက်ပံ့မှုတွေ ပြုလုပ်

ပဲခူးတိုင်းအရှေ့ခြမ်း စစ်တောင်းမြစ်ဝှမ်းစစ်ဆင်ရေးနယ်မြေ ပကဖ၊ ပအဖနဲ့အဖွဲ့တွေက ရေဘေးဒဏ်သင့် ဒေသခံပြည်သူတွေကို ရိက္ခာနဲ့ ငွေကြေးတွေ ထောက်ပံ့ခဲ့တယ်လို့ ပကဖအသံက သတင်းဖော်ပြထားပါတယ်။
Read More

ရေစကြိုရုံးပေါင်းစုံက စစ်အုပ်စုတွေကို MBTအဖွဲ့၊ ပြောက်ကျား သွားရောက်တိုက်ခိုက်၊ စစ်အုပ်စုဘက်က ၃ ယောက် သေ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်မှာ စစ်အုပ်စုတွေတပ်စွဲထားတဲ့ ရုံးပေါင်းစုံ (ရေစကြိုထွေအုပ်ရုံး) ကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ၃ ယောက် သေဆုံးကြောင်း Myingyan Black Tiger (MBT) ခေါင်းဆောင် ဗိုလ်မိုက်ခဲထံက သိရပါတယ်။
Read More

ဆက်ကြေးကောက် ငွေညှစ်ဖို့ထွက်လာသည့် စစ်သားများ ကင်းပုန်းဝပ်တိုက်ခိုက်ခံရပြီး ၃ ဦး သေ၊ သေနတ်၂ လက်နှင့် ပစ္စည်းတချို့ ပြောက်ကျားတပ်ဖွဲ့ရရှိ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ်မှာ အရပ်သားတွေဆီက ဆက်ကြေးကောက်ငွေညှစ်ဖို့ ကြိုးစားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို စောင့်ကြိုတိုက်ခိုက်ရာမှာ စစ်သား ၃ ယောက် သေဆုံးပြီး သေနတ် ၂ လက်နဲ့ ပစ္စည်း တချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ ရွှေခြံသားပြောက်ကျားတပ်ဖွဲ့-မြင်းခြံမြို့နယ်က သတင်းထုတ်ပြန်ပါတယ်။
Read More

ဂုဏ်သိက္ခာမဲ့စွာ အာဏာသိမ်းထားတဲ့ စစ်ခေါင်းဆောင်က သိက္ခာရှိတဲ့ ရွေးကောက်ပွဲနဲ့ လွှတ်တော်တစ်ရပ် ကျင်းပပေးမယ်လို့ ပြောပြန်

မကြာခင် စစ်တပ်က ကျင်းပပေးတဲ့ ရွေးကောက်ပွဲနဲ့  လွှတ်တော်ဟာ သိက္ခာရှိစေရမယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ပြန်ပါတယ်။
Read More

ဘုတလင်မှာ အောက်တိုဘာလကစလို့ စစ်တပ်ကြောင့် သေဆုံးသူ ၁၉ယောက်အထိရှိလာပြီး နေအိမ် ၅၀၀ နီးပါး မီးရှို့ဖျက်ဆီးခံထားရ

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်မှာ အောက်တိုဘာလဆန်းပိုင်းကစလို့ စစ်ကောင်စီတပ်တွေရဲ့ စစ်ကြောင်းဝင် သတ်ဖြတ်မှုတွေကြောင့် သေဆုံးသူ ၁၉ ယောက်အထိ ​ရှိလာပြီး ကျေးရွာပေါင်း ၃၀ က အရပ်သားတွေ စစ်ဘေးတိမ်းရှောင်နေရတယ်လို့ ရွာဇော်ကြီး တော်လှန်အသံ အဖွဲ့ထံက သိရပါတယ်။