ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ကို ထိတွေ့တိုက်ပွဲမရှိဘဲ စစ်ကော်မရှင်တပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူတချို့ ထိခိုက်ဒဏ်ရာရပြီး နေအိမ်တချို့လည်း ထိမှန်ပျက်စီးသွားတယ်လို့ ဖားကန့်နယ်ခံတွေဆီက သိရပါတယ်။

စက်တင်ဘာ ၂၀ ရက် ည ၁၂ နာရီလောက်မှာ ဆိုင်းတောင် ရပ်ကွက် (၃) ဘက်ကို စစ်တပ်က ဒရုန်းဗုံးသီး ကြဲချမှုကြောင့် အမျိုးသမီး ၁ယောက် ထိမှန်ဒဏ်ရာရရှိခဲ့ပြီး လက်ရှိမှာ ဆိုင်းတောင်ရပ်ကွက်က ဒေသခံတချို့လည်း တိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။

“အမျိုးသမီးတစ်ဦး မစိုးရိမ်ဒဏ်ရာ ရရှိခဲ့တယ်၊ နေအိမ်မှာ အိပ်နေရင်းထိသွားတာ၊ ဆိုင်းတောင်က ပြည်သူတချို့ကတော့ ရှောင်ကြပါတယ်၊ တရားဝင် မရှောင်ခိုင်းထားတော့ တချို့ကလည်း မရှောင်သေးပါဘူး၊ ဆိုင်းတောင်ကို မကြာခဏဆိုသလို လက်နက်ကြီးကျတယ်၊ စကမ က ရမ်းသမ်းပစ်ခတ်နေတာ” လို့ ဖားကန့်နယ်ခံတစ်ယောက်က မောင်းကိုပြောပါတယ်။

စက်တင်ဘာ ၁၉ရက်နေ့ကလည်း စစ်ကော်မရှင်တပ်ရဲ့ ဒရုန်းဗုံးသီး ကြဲချတိုက်ခိုက်မှုကြောင့် ဖားကန့်မြို့ရှိ မရှီကထောင်အုပ်စု၊ ထုံးဘိုကျေးရွာထဲ ကျရောက်ပေါက်ကွဲပြီး ပလုံကောက်တဲ့ သားအမိ ၂ယောက် သေဆုံးကာ ဒဏ်ရာရသူ ၁ယောက် ရှိခဲ့ပါတယ်။

ဒါ့အပြင် အဲဒီနေ့ ညနေပိုင်းလောက်မှာလည်း လုံးခင်းကျေးရွာနဲ့ မှော်စီစာကျေးရွာကြားက ပေါ်ဦး လက်ဖက်ရည်ဆိုင်နားမှာ အမျိုးသား ၁ယောက် သေနတ်ဒဏ်ရာနဲ့ သေဆုံးနေပြီး မှော်စီစာရွာက ရခိုင်ရိုးရာရုံးနားမှာလည်း နောက်ထပ်အမျိုးသားတစ်ယောက် သေနတ်ဒဏ်ရာနဲ့ပဲ သေဆုံးနေတယ်လို့ သိရပါတယ်။ အဆိုပါ သေဆုံးသူတွေက ဘယ်သူဘယ်ဝါတွေဆိုတာ မသိရသလို ဘယ်အဖွဲ့အစည်းရဲ့ လုပ်ဆောင်ချက်လဲ ဆိုတာလည်း မသိရပါဘူး။

“သေဆုံးတဲ့သူတွေက ဆေးသမားဆိုပေမယ့် ပြည်သူထဲကတော့ မဖြစ်နိုင်ဘူးပေါ့။ ဒလန် ဒါမှမဟုတ် သူလျှိုဖြစ်ဖို့များတယ်။ ဘာကြောင့်ဆို သေဆုံးသူရဲ့ မိသားစုတွေနဲ့ အဆက်အသွယ်မရဘူးလေ၊ မှော်စီစာ ပြည်သူ ဒေသခံစစ်စစ်တော့ အသတ်ခံရတာ မကြားမိသလောက်ပါပဲ” လို့ အထက်ပါ ဒေသခံက ဆက်ပြောခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

မြောက်ဦးမှာ တရားမဝင် ပြင်ပအရက်၊ ဘီယာ ရောင်းချတာတွေကို ပြည်သူ့လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့ (DLEPS) ဝင်ရောက်ဖမ်းဆီး 

ရခိုင်ပြည်နယ်မှာ အာရက္ခတပ်တော် AA သိမ်းပိုက်ထားတဲ့ မြောက်ဦးမြို့အတွင်း တရားမဝင် ပြင်ပအရက်၊ ဘီယာတွေကို အာရက္ခပြည်သူ့လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့ (DLEPS) က ဝင်ရောက်ဖမ်းဆီးနေတယ်လို့ ဒေသတွင်းသတင်းမီဒီယာဖြစ်တဲ့ Arakan Princess Media က ဖော်ပြထားပါတယ်။
Read More

ကျောက်ဆည်မြို့အနီး ရစ်ချက်တာစကေး ၄ ဒသမ ၅ အဆင့် အင်အားအသင့်အတင့်ရှိတဲ့ ငလျင်တစ်ခု ထပ်မံလှုပ်ခတ်

မန္တလေးတိုင်း၊ ကျောက်ဆည်မြို့အနီး မြေအောက်အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုပြီး ရစ်ချက်တာစကေး ၄ ဒသမ ၅ အဆင့်နဲ့ အင်အားအသင့်အတင့်ရှိတဲ့ မြေငလျင်တစ်ခု ထပ်မံလှုပ်ခတ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ABSDF နဲ့ BLDF တို့အကြား စစ်ရေး၊ နိုင်ငံရေး ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူညီမှု ရရှိ

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ကျောင်းသားတပ်မတော်) - ABSDF နဲ့ ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး (BLDF)တို့ အွန်လိုင်းကနေ ဆွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
Read More

တိုက်ပွဲပြင်းထန်နေတဲ့ ပုလဲမှာ စစ်တပ်ရဲ့လေကြောင်းရန်ကြောင့် အရပ်သား တစ်သောင်းနီးပါး စစ်ဘေးရှောင်နေရ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်မှာ ထိတွေ့တိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေရာ အရပ်သား ၁သောင်းနီးပါး စစ်ဘေးတိမ်းရှောင်နေရကြောင်း စစ်ကိုင်းပြည်သူ ဖေးမကူ ကွန်ရက်ထံက သိရပါတယ်။
Read More

သပိတ်ကျင်းမြို့နယ်မှာ စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အယောက် ၅၀ နီးပါး သေဆုံးခဲ့ရာ သေဆုံးသူများ၏ မိသားစုဝင်များကို MDY-PDF ကူညီထောက်ပံ့

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ လိပ်ကျကျေးရွာနဲ့ ရေထွက်ကျေးရွာတို့မှာ အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အယောက် ၅၀ နီးပါး သေဆုံးခဲ့ရာ သေဆုံးသူတွေရဲ့ မိသားစုဝင်တွေကို ကူညီထောက်ပံ့ပေးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) - MDY-PDF က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မင်းကွန်းမှာ စစ်ကောင်စီတပ် ဘန်ကာလုပ် တပ်စွဲခဲ့သည့် မြသိန်းတန်ဘုရားအပါဝင် ဘာသာရေးအဆောက်အအုံများစွာ ငလျင်ကြောင့် ထိခိုက်ပျက်စီး

စစ်ကိုင်းမြို့အနီးကို ဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ အင်အားပြင်း ငလျင်ဒဏ်ကြောင့် စစ်ကောင်စီတပ်တွေ တပ်စွဲခဲ့တဲ့ မင်းကွန်း မြသိန်းတန်ဘုရားအပါအဝင် မင်းကွန်းဒေသအတွင်းရှိ ရှေးဟောင်းသမိုင်းဝင် ဘုရားစေတီ တော်​တော်များများ ပြိုကျပျက်ဆီးခဲ့သလို အယောက် ၃၀ ထက်မနည်း သေဆုံးခဲ့တယ်လို့ မင်းကွန်းတိုက်နယ် သတင်းမှန်ပြန်ကြားရေးဆီက သိရပါတယ်။