စစ်ကိုင်းတိုင်းအထက်ပိုင်း ဗန်းမောက်မြို့ကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်ပြီးနောက် PDF အလံတွေကိုင်ဆောင်ကာ အောင်ပွဲခံနေတဲ့ PDF ရဲဘော်တွေရဲ့ ရုပ်သံဖိုင် လူမှုကွန်ရက်မှာ ပျံ့နှံ့လာပါတယ်။

ဗန်းမောက်မြို့ကို တော်လှန်ရေးပူးပေါင်းတပ်တွေက စက်တင်ဘာ ၁၅ ရက်မှာ စတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး ၆ ရက်အကြာ စက်တင်ဘာ ၂၀ ရက်မှာ သိမ်းပိုက်နိုင်ခဲ့ပါတယ်။

ဗန်းမောက်မြို့ကို သိမ်းပိုက်ခံရပြီးနောက် ထွက်ပြေးသွားတဲ့ စစ်အုပ်စုတွေနဲ့ ပတ်သက်ပြီး စစ်တပ်ထောက်ခံတဲ့ တယ်လီဂရန်ချန်နယ်တွေမှာတော့ စစ်တပ်နဲ့ ရှမ်းနီတပ် SNA တပ်သားတွေ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့တယ်ဆိုပြီး ဖော်ပြခဲ့ကြပါသေးတယ်။

Video – Zayar Lynn

0 Shares:
You May Also Like
Read More

ပွင့်ဖြူမြို့နယ်အတွင်း စစ်ကောင်စီတပ်သား အင်အား ၂၀၀ ခန့်လိုက်ပါစီးနင်းလာတဲ့ ယာဉ် ၉ စီးကို မိုင်းဆွဲတိုက်ခိုက် စစ်သားနဲ့ ပျူစောထီး ၆ ယောက်သေ (ရုပ်/သံ)

မကွေးတိုင်း ပွင့်ဖြူမြို့နယ် ထိန်အိုင်ရွာမြောက်ဘက်မှာ စစ်ကောင်စီတပ်သား အင်အား ၂၀၀ ခန့် လိုက်ပါစီးနင်းလာတဲ့ စစ်ယာဉ် ၉ စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သားနဲ့ ပျူစောထီး ၆ ယောက် သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပွင့်ဖြူမြို့နယ်မှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်မှာ ကျိုက်ထိုမြို့နယ် စုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ စုံမှူးအပါအဝင် ၃ ယောက် တိုက်ခိုက်ခံရပြီး စုံမှူးဒဏ်ရာရကာ ဒုစုံမှူးနဲ့ လ/ထစုံမှူး သေဆုံး (ရုပ်/သံ)

မွန်ပြည်နယ် သထုံခရိုင် ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်မှာ ကျိုက်ထိုမြို့နယ်စုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ စုံမှူးအပါအဝင် ၃ ယောက် တိုက်ခိုက်ခံရပြီး စုံမှူးဒဏ်ရာရကာ ဒုစုံမှူးနဲ့ လ/ထစုံမှူး သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း - ၇၈၀၅၊ တပ်ခွဲ ၄ ၊ UGထံက သိရပါတယ်။
Read More

ရွှေကူမှာ စစ်တပ်ရဟတ်ယာဉ်များ တိုက်ခိုက်ခံရသည့် ရုပ်/ သံ ဖိုင်

ကချင်ပြည်နယ် ဗန်းမော်မြို့ကို ထောက်ပံ့ရေးပြုလုပ်နေတဲ့ စစ်ကောင်စီ ရဟတ်ယာဉ်တွေဟာ KIA ပူးပေါင်းတပ်တွေရဲ့ တိုက်ခိုက်မှုကို ခံခဲ့ရပါတယ်။
Read More

ဆား‌တောင်ရဲစခန်းနဲ့ စာသင်ကျောင်းအတွင်း တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဆားတောင်မြို့နယ် ရဲစခန်းနဲ့ စာသင်ကျောင်းအတွင်း တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို ဖေဖော်ဝါရီ ၁ ရက်က ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ Royal Falcon  အဖွဲ့ထံက သိရပါတယ်။
Read More

ကျောက်ကုန်းကျေးရွာကို သလဲဘာပျူစခန်းမှာ အကြမ်းဖက်စစ်ကောင်တပ်သားတွေက စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီး (ရုပ်/သံ)

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်အနောက်ခြမ်း ကျောက်ကုန်းကျေးရွာကို သလဲဘာပျူစခန်းရှိ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေဟာ မတ်လ ၁၇ ရက် နေ့လယ်ပိုင်းစစ်ကြောင်းထိုးဝင်ရောက်လာပြီး အရပ်သားနေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဝက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေး ပကဖမှ ထုတ်ပြန်ထားပါတယ်
Read More

ညောင်ဦးမြို့ နှစ်ပေါင်း ၁၀၀ ကျော်သက်တမ်းရှိဘုန်းကြီးကျောင်း မီးလောင်ပျက်စီး (ရုပ်/သံ)

မန္တလေးတိုင်း ညောင်ဦးမြို့က ငှက်ကြီးခေါင်းကျဘုန်းကြီးကျောင်းမှာ စက်တင်ဘာ ၂၁ ရက် ညပိုင်းက ဖယောင်တိုင်မီးကတစ်ဆင့် မီးလောင်မှုဖြစ်ပွားပြီး ပျက်စီးဆုံးရှုံးသွားပြီဖြစ်တယ်လို့ သိရပါတယ်။