တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်အတွင်းရှိ ရေး-ထားဝယ် အဝေးပြေးလမ်းမကြီးကို ညအချိန် အသုံးပြုခြင်း တားမြစ်ထားတယ်လို့ ကော်သူးလေတပ်တော် KTLA ၊ ကြယ်လင်းရောင် (ဆာကပေါ) တပ်ရင်းက ထုတ်ပြန်ထားပါတယ်။

စက်တင်ဘာ ၂၁ရက် ဒီညကစပြီး ည ၇နာရီကနေ မနက် ၅နာရီအတွင်း အဆိုပါလမ်းပိုင်းကို ကော်သူးလေတပ်တော် KTLA ၊ ကြယ်လင်းရောင် (ဆာကပေါ) တပ်ရင်းနဲ့ KNLA တပ်မဟာ (၆) တပ်ရင်း (၂၇) အပါအဝင် မဟာမိတ်တပ်ပေါင်းစုတွေက ပိတ်ပင်ထားကြောင်း၊ ခရီးသွားပြည်သူတွေကို ဖြတ်သန်းသွားလာခွင့် မပြုကြောင်း ဆိုထားပါတယ်။

“ဒီ ရေး-ထားဝယ် ကားလမ်းပိုင်းတလျှောက်ကို သူတို့တွေ စစ်ကြောင်းထိုးနေတယ်။ ထိုးတဲ့အခါမှာ သူတို့တွေက ဒီလမ်းကြောင်းကိုပဲ အဓိက အားပြုပြီးတော့ သုံးနေကြတာတွေ့ရတယ်။ အဲဒါကြောင့် ကျနော်တို့ တိုက်ပွဲတွေ ဖော်ဆောင်တဲ့အခါမှာ မလိုလားအပ်တဲ့ဟာတွေ မဖြစ်ရအောင်ပါ” လို့ ကြယ်လင်းရောင် (ဆာကပေါ) တပ်ရင်း ပြန်ကြားရေးတာဝန်ခံက မောင်းကို ပြောပါတယ်။

တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ ရေး-ထားဝယ်လမ်းကို ပိတ်တာဟာ ၃ကြိမ်မြောက်ရှိပြီ ဖြစ်ပါတယ်။ အခုတကြိမ် ပိတ်ပင်မှုအတွက် ဘယ်တော့ ပြန်ဖွင့်ပေးမလဲဆိုတာဟာ စစ်ရေးအပေါ် မူတည်သလို တားမြစ်ချက်ကို ချိုး‌ဖောက်လို့ မလိုလားအပ်တဲ့ကိစ္စရပ်တွေ ဖြစ်လာရင်တော့ တော်လှန်ရေးမဟာမိတ် ပူးပေါင်းတပ်တွေအနေနဲ့ တာဝန်ယူမှာမဟုတ်ကြောင်း အသိပေးကြေညာထားပါတယ်။

“ဘယ်နေ့လောက် ပြန်ဖွင့်မလဲဆိုတော့ စစ်ရေးအပေါ်ပဲ မူတည်တာပေါ့။ စစ်ရေးလိုအပ်ချက်အထိပဲ ကျနော်တို့ ပိတ်မှာဖြစ်တယ်။ ကျနော်တို့ကလည်း ရန်သူနဲ့ ပြည်သူကို ခွဲခြားချင်လို့ ဒီလိုထုတ်လိုက်ရခြင်း ဖြစ်တယ်” လို့ ကြယ်လင်းရောင် (ဆာကပေါ) တပ်ရင်း ပြန်ကြားရေးတာဝန်ခံက ပြောခဲ့ပါတယ်။

ရေး-ထားဝယ်လမ်းပိုင်း ပိတ်ပင်တားမြစ်မှုနဲ့ ပတ်သက်ပြီး KNU တပ်မဟာ (၄) မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် သူ့အနေနဲ့ ဘာမှပြောစရာမရှိကြောင်း ပြန်လည်ဖြေကြားခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

လောင်းလုံးမြို့နယ် ပကဖရဲ့ မွမ်းမံစစ်ပညာသင်တန်းဆင်း ရဲဘော်တွေကို ဂုဏ်ပြုခြင်းနဲ့ ကျည်ကာဦးထုပ်တွေ တပ်ဆင်ခြင်း

တနင်္သာရီတိုင်းအခြေစိုက် လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မွမ်းမံစစ်ပညာသင်တန်းဆင်း လောင်းလုံးမြို့နယ်(ပကဖ)ရဲဘော်တွေကို ဂုဏ်ပြုခြင်းနဲဲ့ ကျည်ကာဦးထုပ်တွေ တပ်ဆင်ခြင်းအခမ်းအနားကို ဒီဇင်ဘာ ၁၀ ရက် မနေ့က ပြုလုပ်ခဲ့တယ်လို့ လောင်းလုံး ပကဖ က ဒီနေ့ ထုတ်ပြန်ထားပါတယ်။ 
Read More

ဘုတ်ပြင်းမြို့နယ်မှာ ပျူစောထီးအဖွဲ့ကို ဝင်ရောက်တိုက်ခိုက်၊ ပျူစောထီးခေါင်းဆောင် သေဆုံးပြီး လက်နက် ၁၀ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိ

တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ ပျူစောထီးအဖွဲ့ကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ရာ ပျူစောထီးခေါင်းဆောင် သေဆုံးပြီး လက်နက် ၁၀ လက်နဲ့ ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ) က ထုတ်ပြန်ပါတယ်။
Read More

မိုးဗြဲမြို့ လက်လွှတ်ရခြင်းအတွက် စိတ်ဓာတ်မကျရန်နှင့် စတေးမှုများ အလဟသမဖြစ်စေရေး ပြန်လည်သိမ်းယူဖို့ ကြိုးပမ်းရန် မိုးဗြဲ PDF ကယ်ဆယ်ရေး ဆေးတပ်ဖွဲ့ ထုတ်ပြန်…

"မိုးဗြဲမြို့ ကျဆုံးသွားခြင်းဟာ မည်သူမည်ဝါရဲ့ အမှားကြောင့် လုံးဝမဟုတ်ခဲ့ပါ။ အားလုံး တာဝန်​ကျေကြပါတယ်။ တာဝန်​ကျေတယ်ဆိုတာထက် ပိုကြပါတယ်။ စစ်တပ်နဲ့ PNA ရဲ့ ၆လကျော် ထိုးစစ်ကို ခုခံကာကွယ်ရင်း ရလိုက်တဲ့ သင်ခန်းစာတွေနဲ့ ကြုံတွေ့ခဲ့ရတဲ့ လိုအပ်ချက်တွေကို ပြန်လည် ဖြည့်စွက်ပြီး အကောင်းဆုံး ပြန်လာလိမ့်မယ်လို့ ကျွန်တော်တို့ ယုံကြည်တယ်။" လို့ MPRT က ဆိုပါတယ်။
Read More

ပွင့်ဖြူမြို့နယ်၊ ရေပုတ်ကလေးကျေးရွာတွင် စစ်သားနှင့် ပျူ ပူးပေါင်းစစ်ကြောင်းကို စောင့်ကြိုတိုက်ခိုက်၊ စစ်သား ၂ ဦးသေဆုံးပြီး ၈ ဦးဒဏ်ရာရ…

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်၊ ရေပုတ်ကလေးကျေးရွာမှာ အကြမ်းဖက်စစ်သားနဲ့ ပျူစောထီး ပူးပေါင်းစစ်ကြောင်းကို စောင့်ကြိုတိုက်ခိုက်ခဲ့ရာ စစ်သား ၂ ယောက်သေဆုံး​ပြီး ၈ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (မြိုင် ပကဖ) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ကော့ကရိတ်တွင် စစ်တပ်နှင့် တော်လှန်ရေးတပ်များ တိုက်ပွဲဖြစ်ပြီး စစ်တပ်ဘက်မှ သေဆုံးသူများပြား၊ လက်နက်တချို့ သိမ်းဆည်းရရှိ

ကရင်ပြည်နယ်၊ ကော့ကရိတ်၊ ကောင်းမှုကျေးရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်တွေနဲ့ တော်လှန်ရေးပူးပေါင်းတပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားရာ စစ်တပ်ဘက်က သေဆုံးသူများပြီး လက်နက်တွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်ထံမှ သိရပါတယ်။
Read More

နမ့်ဆန်နှင့် နမ္မတူတွင် စစ်တပ် ထပ်မံလေကြောင်းဗုံးကြဲမှုကြောင့် ၃ဦး သေဆုံး၊ ၄ဦး ဒဏ်ရာရ

အောက်တိုဘာ ၁၇ရက် ဒီမနက် ၈နာရီကျော်လောက်မှာ နမ္မတူမြို့ အ.ထ.က(၁) ကျောင်း ဝန်းကျင်ကို စစ်တပ်က ပေါင် ၂၅၀ ဗုံး ၂လုံး ကြဲချတိုက်ခိုက်မှုကြောင့် အမျိုးသမီး ၄ယောက် ထိမှန်ဒဏ်ရာရခဲ့ပြီး စာသင်ဆောင် ၂ ဆောင်နဲ့ နေအိမ်တချို့ ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။ “စာသင်ကျောင်း မဖွင့်ပါဘူး။ ဗုံးကျတဲ့နေရာက အ.ထ.က ၁ ထဲ တစ်လုံး၊ စာသင်ကျောင်းအနီးမှာရှိတဲ့ အဆောက်အဦးတစ်လုံးနား ကျတာ၊ အဲ့အဆောက်အဦးထဲမှာရှိတဲ့ အမျိုးသမီး ၄ဦး ဒဏ်ရာရတယ်။ စိုးရိမ်ရတဲ့ အနေအထားတော့ မဟုတ်ပါဘူး” လို့ နယ်မြေခံ သတင်းရင်းမြစ်က မောင်းကို ပြောပါတယ်။