ပဲခူးတိုင်း၊ နတ်တလင်းနဲ့ ညောင်လေးပင်မြို့နယ်တို့မှာ အကြမ်းဖက်စစ်တပ်နဲ့ ပက်သက်ဆက်နွယ်နေတဲ့ ရာအိမ်မှူးတွေနဲ့ သတင်းပေးဒလန်တွေ ၃ ရက်ဆက်တိုက် ပစ်ခတ်ရှင်းလင်းခံခဲ့ရကြောင်း စစ်တပ်သတင်းရင်းမြစ်နဲ့ တော်လှန်ရေးအဖွဲ့တွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၇၊ ၁၈ နဲ့ ၁၉ ရက်နေ့တွေမှာ ၃ ရက်ဆက်ဆိုသလို နတ်တလင်းနဲ့ ညောင်လေးပင် မြို့နယ်တို့က ရာအိမ်မှူး ၂ ယောက်နဲ့ စစ်တပ်သတင်းပေးဆိုသူ ၃ ယောက် ပစ်ခတ်ရှင်းလင်းခံရတာဖြစ်ပြီး လုပ်ဆောင်ခဲ့တဲ့ သက်ဆိုင်ရာတော်လှန်ရေးတပ်ဖွဲ့တွေဘက်ကလည်း သတင်းထုတ်ပြန်တာမျိုးတွေ ရှိခဲ့ပါတယ်။

စက်တင်ဘာလ ၁၇ရက်နေ့ မနက်ပိုင်းက နတ်တလင်းမြို့နယ်၊ ရှားစီးဘို (အောက်စု) ကျေးရွာနေ အကြမ်းဖက် စစ်ကော်မရှင်ခန့် ရာအိမ်မှူး ဦးကျော်စိုး (ခ) ဖိုးကျော်ကို PDF တပ်ဖွဲ့ဝင်တွေက နေအိမ်အထိ လာရောက်ဖမ်းဆီးကာ သေနတ်နဲ့ ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သိရပါတယ်။

ဒီလုပ်ဆောင်မှုကို သာယာဝတီခရိုင် တပ်ရင်း (၁)၊ တပ်ခွဲ (၇) Gold Brother တပ်ဖွဲ့ဝင်တွေက လုပ်ဆောင်ခဲ့တာဖြစ်ပြီး ရာအိမ်မှူးဖိုးကျော်အနေနဲ့ ရပ်ရွာအတွင်းစစ်မှုထမ်းပေါ်တာဆွဲတာ၊ စစ်မှုထမ်းကြေး ကောက်ခံတာမျိုးတွေ လုပ်ဆောင်နေကာ အကြမ်းဖက်စစ်တပ်ရဲ့ အမာခံထောက်တိုင်ဖြစ်တာကြောင့် ရှင်းလင်းခဲ့ရတာလို့လည်း ထုတ်ပြန်ထားပါတယ်။

အဲ့ဒီနေ့ညပိုင်းမှာပဲ ညောင်လေးပင်မြို့နယ်၊ တာဦးကျေးရွာနေ စစ်တပ်သတင်းပေး ပျူစောထီး ဦးကိုကို ဆိုသူကို 9 Stars UG အဖွဲ့က နေအိမ်အထိ သွားရောက်ဖမ်းဆီးခေါ်ဆောင်ရင်း တာဦးကျေးရွာနဲ့ ကျောင်းစုကျေးရွာကြား၊ စစ်တောင်းမြစ်မှာ ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သိရပါတယ်။

ပျူစောထီး ဦးကိုကိုအနေနဲ့ မဒေါက်ဂိတ်နေ ဗိုလ်လေးအဆင့်ရှိသူအပါအဝင် အကြမ်းဖက် စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေနဲ့ ရင်းနှီးကျွမ်းဝင်သူဖြစ်ပြီး စစ်တောင်းမြစ်အတွင်း တံငါလှေတွေ၊ စီးပွားရေးလှေတွေနဲ့ စစ်ရှောင်တွေရဲ့ ကျွဲနွားတွေကိုပါ ဂိတ်ဖြတ်ကြေးအဖြစ် ဆက်ကြေးကောက် ငွေညှစ်တာတွေ လုပ်ဆောင်နေသလို အတုအယောင်ရွေးကောက်ပွဲကိုလည်း အားပေးအားမြှောက် ကူညီလုပ်ဆောင်နေသူဖြစ်တယ်လို့ ရှင်းလင်းခဲ့တဲ့ 9 Stars UG တာဝန်ခံ မြွေပွေးက ပြောပါတယ်။

စက်တင်ဘာ ၁၈ ရက် ညနေပိုင်းမှာလည်း ညောင်လေးပင်မြို့နယ်၊ ကျောင်းစုကျေးရွာနေ အသက် ၅၀ အရွယ် ဦးသန်းနိုင်ဦးနဲ့ ရွှေကျင်မြို့နယ်၊ တောင်ဘက်ကျေးရွာနေ အသက် ၅ဝ အရွယ် ဦးမျိုးဇော်မင်း (ခ) အာကြီးဆိုသူတို့ ညောင်လေးပင်မြို့နယ်အတွင်း အလားတူ အကြမ်းဖက်စစ်တပ်ဒလန်အဖြစ် ပစ်ခတ်ရှင်းလင်းခံရကြောင်း သိရပါတယ်။

ဒါ့အပြင် စက်တင်ဘာလ ၁၉ ရက်နေ့ ညပိုင်းမှာလည်း နတ်တလင်းမြို့နယ်၊ စန်ကြီးလောင့်ကျေးရွာနေ စစ်တပ်ထောက်တိုင်တစ်ယောက်ဖြစ်သူ အသက် ၄၅ နှစ်အရွယ် ရာအိမ်မှူး ဦးဇော်မင်းနိုင် နေအိမ်မှာပဲ ပစ်ခတ်ရှင်းလင်းခံခဲ့ရပါသေးတယ်။

ဒီလုပ်ဆောင်မှုကိုတော့ သာယာဝတီခရိုင်တပ်ရင်း ၃၈၀၁၊ တပ်ခွဲ ၄ (Bamar Revolution Army)B.R.A နဲ့ တပ်ရင်းရုံး ရဲဘော်တွေက လုပ်ဆောင်ခဲ့တာဖြစ်ပြီး ဦးဇော်မင်းနိုင်အနေနဲ့ ရာအိမ်မှူးမဖြစ်ခင်ကတည်းက စစ်အုပ်စုကိုလိုင်းကြေးပေးကာ ကြက်ဝိုင်း၊ ဖဲဝိုင်းထောင်တာ၊ စစ်မှုထမ်းကြေးကောက်တာနဲ့ စစ်တပ်နဲ့ကင်းပတ်တာမျိုးတွေ အထိရှိခဲ့တယ်လို့လည်း B.R.A က ထုတ်ပြန်ပါတယ်။

ပဲခူးတိုင်း၊ သာယာဝတီခရိုင်အပါအဝင် ပေါင်းတည်နဲ့ နတ်တလင်းခရိုင်အတွင်းက မြို့နယ်တွေမှာ စစ်အုပ်စုလက်ပါးစေ အုပ်ချုပ်ရေးမှူးဆိုသူတွေနဲ့ ရာအိမ်မှူးတွေ၊ ပျူစောထီးဆိုသူတွေဟာ မကြာခဏ ပစ်ခတ်ရှင်းလင်းခံနေရတာဖြစ်ပြီး လက်ရှိအကြမ်းဖက်စစ်တပ်က အတုအယောင် ရွေးကောက်ပွဲလုပ်ဆောင်ဖို့ ကြိုးစားလာချိန်မှာလည်း ဆက်တိုက်ဆိုသလို ရှင်းလင်းမှုတွေရှိလာတာ ဖြစ်ပါတယ်။

အကြမ်းဖက်စစ်တပ် ထောက်ခံသူတွေကလည်း အခုလို စစ်တပ်သတင်းပေးဒလန်တွေ၊ အုပ်ချုပ်ရေးမှူးတွေ မကြာခဏ ရှင်းလင်းခံရမှုအပေါ် လုံခြုံရေးစိုးရိမ်မှုတွေရှိလာပြီး ပဲခူးတိုင်းရဲဌာနနဲ့ စစ်တပ်အပေါ် မျိုးစုံဝေဖန်ပြစ်တင်တာတွေ ရှိလာတယ်လို့ သိရပါတယ်။

ညောင်လေးပင်နှင့် နတ်တလင်းတွင် ပစ်ခတ်ရှင်းလင်းခံရသည့် အကြမ်းဖက်စစ်တပ်ထောက်တိုင်အချို့ (ဓာတ်ပုံ လူမှုကွန်ရက်)

ပစ်ခတ်ရှင်းလင်းခံရသည့် ရာအိမ်မှူးဖိုးကျော်

ပျူစောထီးကိုကိုအား ပစ်ခတ်ရှင်းလင်းအပြီး သိမ်းဆည်းရရှိသည့် ပစ္စည်းများ
0 Shares:
You May Also Like
Read More

ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် (၁၀၁၁) တပ်ရင်း၏ အပတ်စဥ် (၉) အခြေခံ စစ်သင်တန်းဆင်းပွဲ

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ရှမ်း-ကရင်နီ တိုင်းစစ်ဒေသ လက်အောက်ခံ ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ် (ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် (၁၀၁၁) တပ်ရင်း)ရဲ့ အပတ်စဥ် (၉) သင်တန်းဆင်းပွဲကို လွတ်မြောက်နယ်မြေ တစ်နေရာမှာ ကျင်းပခဲ့တယ်လို့ Pa-O National Defense Force (PNDF) က ထုတ်ပြန်ထားပါတယ်။
Read More

ဆီဆိုင်မှာ တိုက်ပွဲမဖြစ်ပွားဘဲ စစ်ကောင်စီနဲ့ လက်အောက်ခံ PNO ပြည်သူ့စစ်တွေ ဒရုန်းနဲ့ ဗုံးကြဲ၊ ဒေသခံပအိုဝ်းပြည်သူ ၂ ဦး သေဆုံး

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်မှာ တိုက်ပွဲမဖြစ်ပွားဘဲ စစ်ကောင်စီနဲ့ လက်အောက်ခံ PNO ပြည်သူ့စစ်တွေက ဒရုန်းနဲ့ ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲလို့ ဒေသခံပအိုဝ်းပြည်သူ ၂ ယောက် သေဆုံးခဲ့တယ်လို့ ပအိုဝ်းပြည်သူလွတ်မြောက်ရေးတပ်မတော် - PNLA က ထုတ်ပြန်ထားပါတယ်။
Read More

ကဘော်ချိုင့်ဝှမ်းဒေသကို မဏိပူရပြည်နယ်ထဲ ထည့်ဖို့ပြောကြားခြင်းဟာ နှစ်နိုင်ငံဆက်ဆံရေးကို ထိခိုက်စေသည်ဟု စစ်ကောင်စီ တုံ့ပြန်

မြန်မာ-အိန္ဒိယ နယ်စပ်ဒေသဖြစ်တဲ့ ကဘော်ချိုင့်ဝှမ်းဒေသကို မဏိပူရပြည်နယ်ထဲ ပြန်ထည့်ဖို့  အိန္ဒိယ အထက်လွှတ်တော်မှာ တောင်းဆိုခဲ့မှုဟာ နှစ်နိုင်ငံဆက်ဆံရေးကို ထိခိုက်စေမှာဖြစ်ကြောင်း အာဏာသိမ်းစစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောပါတယ်။
Read More

ပြန်လည်အခြေကျနေတဲ့ ဝက်ပုတ်ရွာကို စစ်အုပ်စု အငြိုးနဲ့မီးဝင်ရှို့လို့ နေအိမ် ၁၅ လုံး မီးလောင်ပြီး ဒေသခံထောင်နဲ့ချီ ရှောင်နေရ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်မှာတော်လှန်ရေး အင်အားစုတွေထိန်းချုပ်ထားတဲ့ ဝက်ပုတ်ရွာကို အကြမ်းဖက်စစ်အုပ်စုတွေက ဝင်ရောက်မီးရှို့ခဲ့တဲ့အတွက် နေအိမ် ၁၅လုံးမီးလောင်ပျက်စီးပြီး ဆိုင်ကယ်တွေပါ ဖျက်ဆီးခံလိုက်ရတယ်လို့ ​အညာမြေတပ်ပေါင်းစုတာဝန်ခံ ကိုဘိုဘိုသန့်ဇင်က မောင်းကို ပြောပါတယ်။
Read More

စစ်သား ၁၈ ဦးထိ သေဆုံးစေခဲ့တဲ့ Mi-17 ရဟတ်ယာဉ်ကို FPV အသေခံ ဒရုန်းဖြင့် ဝင်တိုက်ဖျက်ဆီးခဲ့ခြင်း ဖြစ် 

ကချင်ပြည်နယ် ဗန်းမော်မြို့ကို စစ်ကူလာတဲ့ စစ်ကောင်စီရဲ့ Mi-17 ရဟတ်ယာဉ်ကို အသေခံဒရုန်းနဲ့ ဝင်တိုက်ပြီး ဖျက်ဆီးခဲ့တဲ့ ရုပ်သံဖိုင်တစ်ခု ဒီကနေ့မှာ ထွက်ပေါ်လာပါတယ်။
Read More

NUG ကထုတ်ပေးတဲ့ ဘွဲ့လက်မှတ်ကိုနိုတြီပြန်ရာမှာ ပါဝင်ပတ်သက်သူ ၇ ဦး ဖမ်းဆီးခံရ

NUG ထုတ်ပေးတဲ့ ဘွဲ့လက်မှတ်ကို နိုတြီပြန်ရာမှာ ပါဝင်ခဲ့တဲ့ ခုနစ်ဦးကို စစ်ကောင်စီ ဖမ်းဆီးအရေးယူထားတယ်လို့ အာဏာသိမ်းစစ်တပ်ရဲ့ ဝါဒဖြန့်မီဒီယာတွေမှာ ဖော်ပြလာပါတယ်။