စစ်အာဏာရှင်စနစ်ကို ထိထိရောက်ရောက် တိုက်ဖျက်ချေမှုန်းနိုင်ဖို့အတွက် မွန်လွတ်မြောက်ရေးတပ်တော် (MLF) နဲ့ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး)/ ရာမညမွန်တပ်တော် (NMSP-AD)/ RMA တို့ ပေါင်းစည်းလိုက်ကြောင်း အဆိုပါအဖွဲ့တွေက ပူးတွဲထုတ်ပြန်ပါတယ်။

တန်းတူညီမျှရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိတဲ့ မွန်ပြည်ပေါ်ထွန်းရေး ရည်ရွယ်ချက်နဲ့အတူ စက်တင်ဘာ ၁၈ရက်နေ့မှာ ပေါင်းစည်းလိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။

ဒီလိုပေါင်းစည်းလိုက်ပြီးတဲ့နောက် မွန်လွတ်မြောက်ရေးတပ်တော် (MLF) ဦးဆောင်ကော်မတီဝင်တွေနဲ့ တပ်ဖွဲ့ဝင်တွေက (NMSP-AD)/ RMA ရဲ့ နိုင်ငံရေး၊ စစ်ရေး တာဝန်တွေကို ယူသွားမယ်လို့ သိရပါတယ်။

မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး)/ ရာမညမွန်တပ်တော် (NMSP-AD)/ RMA အနေနဲ့လည်း တစ်ခုတည်းသော မွန်တပ်တော် ပေါ်ထွန်းရေးအတွက် ဆက်လက်ကြိုးပမ်းသွားမယ်လို့ ဆိုထားပါတယ်။

ရာမညမွန်တပ်တော်ကို စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေး၊ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရှိတဲ့ မွန်ပြည်ပေါ်ပေါက်လာဖို့ ရည်ရွယ်ချက်ပြီး မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး)/ NMSP-AD နဲ့ မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA) တို့ ဒီနှစ် မေလ ၂၄ရက်မှာ ပေါင်းစည်းဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

တိုက်ပွဲအတွင်း ဗိုလ်ကြီးသေပြီး ဦးဆောင်သူမရှိတော့တဲ့ စစ်သား ၃ ယောက် TNLA ထံ အလင်းဝင်

အာဏာသိမ်း စစ်တပ်ရဲ့ တပ်သား (၃) ယောက် တအာင်းတပ်မတော် TNLA တပ်ဖွဲ့ထံ လက်နက်ခဲယမ်းအပြည့်အစုံနဲ့ အလင်းဝင်ရောက်ခဲ့တယ်လို့ TNLA က ထုတ်ပြန်အသိပေးပါတယ်။
Read More

စစ်ကောင်စီလက်အောက်ခံ ရှမ်းနီအမျိုးသားတပ်မတော်(SNA) မှ တပ်ဖွဲ့ဝင် ၁၇ ဦး လက်နက်ခဲယမ်းများနှင့် အလင်းဝင်လာ

အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် (၁)စစ်ဒေသ၊ စစ်ကိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်က တော်လှန်ရေးအင်အားစု အဖွဲ့အစည်းတွေဆီကို စစ်ကောင်စီလက်အောက်ခံ ရှမ်းနီအမျိုးသားတပ်မတော် (SNA) က တပ်ဖွဲ့ဝင် ၁၇ ယောက်က လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်ရောက်လာခဲ့တယ်လို့ ဟုမ္မလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က မနေ့က ထုတ်ပြန်ပါတယ်။
Read More

စစ်မှုထမ်းရန် ဖမ်းဆီးခံထားရသည့် စိတ်ဝေဒနာရှင်လူငယ် ၁ဦး စစ်ကြောရေးတိုက်ပေါ်မှ ခုန်ချသေဆုံး

ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ အုတ်ကျင်း စစ်ကြောရေးအတွင်း ဖမ်းဆီးခေါ်ဆောင်ခံထားရတဲ့ စိတ်ဝေဒနာရှင် လူငယ်၁ယောက် တိုက်ပေါ်က ခုန်ချသတ်သေတဲ့ ဖြစ်စဥ်တစ်ခုဖြစ်ပွားခဲ့ကြောင်း Shwe Pyi Thar Information အဖွဲ့တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

ရွာငံမြို့နယ်၊ မင်းပလောင်ကျေးရွာကို စစ်ကောင်စီတပ်က ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခဲ့

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်၊ မင်းပလောင်ကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဓနုပြည်နယ်အမျိုးသားကာကွယ်ရေး တပ်တော် - DSNDA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ကျောက်မဲမြို့နယ် တအာင်းစာအဖွဲ့ – TLA ၏ အခြေခံတအာင်းရုံးသုံးစာ သင်တန်းဆင်းပွဲ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ ပန်ဖျက်ကျေးရွာမှာ တအာင်းစာအဖွဲ့-TLA က အခြေခံတအာင်းရုံးသုံးစာ သင်တန်းဆင်းပွဲ ပြုလုပ်ကျင်းပခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ကန့်ဘလူတွင် စစ်အုပ်စုနှင့် ပျူစောထီးများလိုက်ပါလာသည့် ကား၂ စီး မိုင်းဆွဲတိုက်ခိုက်ခံရ၊ တပ်ကြပ်ကြီး နေရာတင်သေပြီး ၃ ယောက် ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ အကြမ်းဖက်အုပ်စုတွေလိုက်ပါလာတဲ့ ကား၂စီးကို မလယ်-ဇီးကုန်းလမ်းပိုင်းအတွင်း မိုင်းဆွဲတိုက်ခိုက်ရာ တပ်ကြပ်ကြီး အဆင့်ရှိသူ ပွဲချင်းပြီးသေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရရှိသွားကြောင်း ကန့်ဘလူခရိုင် တပ်ရင်း-၄ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။