စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်အတွင်းရှိ စစ်ကော်မရှင်တပ်သားတွေ အထိုင်ချထားတဲ့ နေရာတွေကို Fixed wings ဒရုန်း ၉ စီးနဲ့ ဗုံးသီးတွေ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ Peacock Drone Team-Myaung အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။ 

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၂ ရက် မနက်ပိုင်းက မြောင်မြို့နယ် ကျောက်ရစ်ရဲစခန်းနဲ့ ဆေးရုံကို Fixed wings ဒရုန်း ၉ စီးနဲ့ ဗုံးသီး ၁၂ လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်ခံရတဲ့ စစ်ကော်မရှင်တပ်သားတွေရဲ့ ထိခိုက်မှုကို မြေပြင်အခြေအနေအရ မသိရသေးပေမယ့် တော်လှန်ရေးပူးပေါင်းအဖွဲ့တွေရဲ့ ဒရုန်း၁ စီး ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို Peacock Drone Team နဲ့ မဟာမိတ်တွေ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Video – Peacock Drone Team-Myaung

0 Shares:
You May Also Like
Read More

ရန်သူရဲ့ တိုက်ခိုက်မှုတွေကို ဟန့်တားနိုင်ဖို့ ရှမ်းတောင်အထူးတပ်ဖွဲ့ P3-9702 မှာ ဖောက်ခွဲရေးနည်းပညာများ လေ့ကျင့်သင်ကြား (ရုပ်/သံ)

အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် စစ်ဒေသ(၃) ရှမ်းတောင်အထူးတပ်ဖွဲ့ P3-9702 ရဲဘော်တွေကို ဖောက်ခွဲရေးနည်းပညာများ လေ့ကျင့်သင်ကြားပေးနေတဲ့ မှတ်တမ်းရုပ်သံကို Urban Operation Columnမှ ထုတ်ပြန်လိုက်ပါတယ်။
Read More

ညောင်ရွှေမြို့နယ် စန့်စွဲကျေးရွာကို အကြမ်းဖက်စစ်တပ်နဲ့ PNO ပြည်သူ့စစ်တွေက ၄ ရက်ဆက် မီးရှို့ဖျက်ဆီး၊ အိမ်ခြေ ၂၀ ခန့် ဖျက်ဆီးခဲ့ရ (ရုပ်/သံ)

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်မှ အကြမ်းဖက်စစ်တပ်နဲ့ PNO ပြည်သူ့စစ် အင်အား ၂၀၀ ခန့်ဟာ အရပ်သားနေအိမ်တွေကို ၄ ရက်ဆက်မီးရှို့ဖျက်ဆီးခဲ့တယ်လို့ Battalion 1006 Pekhon People's Defence Force မှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

တူရွင်းဘို့ကျေးရွာကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်များ တိုက်ပွဲဖြစ်ပွားပြီး စစ်သားအများအပြားသေ၊ PDF ရဲဘော် ၁ ဦး ကျဆုံး (ရုပ်/သံ)

မန္တလေးတိုင်း မြင်းခြံမြို့နယ် တူရွင်းဘို့ကျေးရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ တော် လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားပြီး စစ်သားအများအပြားသေဆုံးကာ PDF ရဲဘော် ၁ ယောက် ကျ ဆုံးခဲ့တယ်လို့ Wolf Guerrilla Force အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

မလှိုင်မြို့နယ်အတွင်း အကြမ်းဖက်စစ်ကြောင်းကို ‌တော်လှန်ရေးတပ်များ ခုခံတိုက်ခိုက်၊ စစ်သား ၄ ဦး သေပြီး သေနတ် ၃ လက် သိမ်းဆည်းရရှိ (ရုပ်/သံ)

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ မလှိုင်မြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော် လှန်ရေးတပ်တွေ ခုခံတိုက်ခိုက်ခဲ့ရာ စစ်သား ၄ ယောက်သေဆုံးပြီး သေနတ် ၃ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ်-၈ တပ်ရင်းက သတင်းထုတ်ပြန်ထားပါတယ်။
Read More

ဒီပဲယင်းမြို့ထဲ ပြည်သူနေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတဲ့ စစ်ကောင်စီတပ်သားတွေကို ပစ်ခတ်ရှင်းလင်း (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဒီပဲယင်းမြို့ပေါ်မှာ အထိုင်ချတပ်စွဲပြီး ပြည်သူပိုင်နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတဲ့ စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်ခဲ့တယ်လို့ Freedom Revolution Force ထံက သိရပါတယ်။
Read More

မြစ်ကြီးနားမြို့ ရွှေဆိုင် သေနတ်ပြ ခြိမ်းခြောက် ဓားပြတိုက်မှုဖြစ်ပွား (ရုပ်/သံ)

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ပေါ်ရှိ ‌ရွှေဆန်းလီရွှေဆိုင်ကို သေနတ်ကိုင်ဆောင်သူ ၃ ယောက်က ဓားပြတိုက်ခဲ့တယ်လို့ ဒေသခံထံက သိရပါတယ်။