စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ဗန်းမောက်မြို့ကို တော်လှန်ရေးပူးပေါင်းတပ်တွေက စက်တင်ဘာ ၂၀ ရက် မနေ့ ညနေပိုင်းမှာ အပြီးသတ် သိမ်းပိုက်လိုက်တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။

အကြမ်းဖက်စစ်တပ်နဲ့ ရှမ်းနီ SNA တပ်ဖွဲ့ဝင်တွေ တပ်စွဲထားတဲ့ နောက်ဆုံးလက်ကျန်စခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ရာမှာ စစ်အုပ်စု အထိနာပြီး ထွက်ပြေးသွားတာဖြစ်တယ်လို့ ဆိုကြပါတယ်။

ကချင်ပြည်နယ်နဲ့လည်း ဆက်စပ်တည်ရှိနေတဲ့ ဗန်းမောက်မြို့ကို တော်လှန်ရေးတပ်ဖွဲ့တွေက စက်တင်ဘာ ၁၅ရက်နေ့မှာ မြို့သိမ်းတိုက်ပွဲ စတင်ဆင်နွှဲခဲ့တာဖြစ်ပြီး ၆ရက်မြောက်နေ့မှာ မြို့ကို ရရှိခဲ့တာဖြစ်ပါတယ်။

ဗန်းမော်မြို့သိမ်းတိုက်ပွဲကို အမှတ် (၁) စစ်ဒေသ၊ ကသာခရိုင် ကွပ်ကဲရေးမှူး ဦးဆောင်မှုနဲ့အတူ ကသာခရိုင်တပ်ရင်း (၂၊ ၄၊ ၅)၊ အမှတ် (၁) စစ်ဒေသစစ်ကြောင်း၊ အထူးလှုပ်ရှားတပ်ရင်းတွေ၊၊ ကသာခရိုင် ပကဖ လှုပ်ရှားအဖွဲ့၊ ကသာခရိုင် လက်နက်ကြီးအဖွဲ့၊ ဗန်းမောက် ပကဖ နဲ့ KIA အပါအဝင် တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်ခဲ့ကြတယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်းထဲမှာ ဗန်းမောက်မြို့အပြင် ရွှေပြည်သာ၊ ပင်လည်ဘူး၊ မော်လူး၊ မြို့သစ်၊ ခမ်းပါတ်နဲ့ အင်းတော်မြို့တိုကိုလည်း တော်လှန်ရေးတပ်ဖွဲ့တွေက သိမ်းပိုက်ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။
0 Shares:
You May Also Like
Read More

ဆောမြို့ပေါ် ၁၃ နှစ်အရွယ် မိန်းကလေးအား မုဒိမ်းကျင့် သတ်ကာ အလောင်းဖျောက်ခဲ့သူကို နယ်မြေခံတပ်ဖွဲ့ ဖမ်းဆီးထိန်းသိမ်းထား၊ သေဒဏ်ပေးရန် ပြည်သူများ ဆန္ဒပြနေ

မကွေးတိုင်း၊ ဆောမြို့ပေါ်မှာ အသက် ၁၃နှစ်အရွယ် မိန်းကလေးကို မုဒိမ်းကျင့်သတ်ဖြတ်ကာ အလောင်းဖျောက်ခဲ့တဲ့ တရားခံကို နယ်မြေခံ တော်လှန်ရေးတပ်ဖွဲ့တွေက ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ယောအလင်းတန်းအဖွဲ့ထံက သိရပါတယ်။
Read More

ရန်ကုန်မှာ ဒီဇင်ဘာလအတွင်း လူ ၅၀၀ ကျော်ဖမ်းဆီးခံရ

ရန်ကုန်မှာ ဒီဇင်ဘာလ တစ်လအတွင်း စစ်ကောင်စီက လူဦးရေ ၅၀၀ ကျော်ကို အကြောင်းအမျိုးမျိုးပြ ဥပဒေမဲ့ ဖမ်းဆီးမှုတွေ ပြုလုပ်ခဲ့တယ်လို့ Rangoon Scout Network က ဖော်ပြပါတယ်။
Read More

မုံရွာ-မန္တလေး ကားလမ်းမပေါ်ရှိ စစ်တပ်အထိုင်စခန်းမှ စစ်မှုထမ်းဆင်းစစ်သား ၁ ဦး သေနတ် ၃ လက်နှင့်အတူ အလင်းဝင်လာ

မုံရွာ-မန္တလေး ကားလမ်းပေါ်ရှိ စစ်ကောင်စီတပ် အထိုင်စခန်းတစ်ခုကနေ စစ်သား ၁ ယောက် လက်နက် ၃ လက်နဲ့အတူ အလင်းဝင်လာတယ်လို့ Golden Target Force (GTF) က မနေ့ကညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

Chinland Defense Force, Kalay-Kabaw-Gangaw (CDF – KKG) ရဲ့ ခရစ်စမတ်ပွဲတော် (ဓာတ်ပုံသတင်း)

Chinland Defense Force, Kalay-Kabaw-Gangaw (CDF - KKG) အနေနဲ့ ခရစ်စမတ်ပွဲကို ဩစတြေးလျက အလှူရှင် ( ၂ ) ယောက် ပါဝင် လှူဒါန်း ပြုလုပ်ပေးခဲ့မှုနဲ့အတူ တပ်ဖွဲ့အတွင်း မနေ့က ပြုလုပ်ခဲ့တယ်လို့ ဒီနေ့မှာ CDF-KKG က မှတ်တမ်းဓာတ်ပုံတွေနဲ့အတူ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

တပ်မှ ထွက်ပြေးကာ ရွာထဲ သေနတ်ဖောက် ခြိမ်းခြောက် အရက်တောင်းသောက်သည့် ဒုတပ်ကြပ် ၂ ဦးကို ဖမ်းဆီးရမိ

မကွေးတိုင်း၊ ကျောက်ထုမြို့အခြေစိုက် အမတ ၃၆၈ တပ်ကနေ ထွက်ပြေးလာတဲ့ စစ်ကော်မရှင်တပ် ဒုတပ်ကြပ် ၂ ယောက်ကို ဒေသခံ ကာကွယ်ရေးတပ်တွေက ဖမ်းမိထားတယ်လို့ ယောအလင်းတန်းက ထုတ်ပြန်ပါတယ်။
Read More

ပင်လည်ဘူး မြို့သိမ်းစစ်ဆင်ရေး အတွင်း သိမ်းဆည်းရမိတဲ့ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီး၊ စစ်ကောင်စီတပ်သားအချို့ မူးယစ်ဆေးဝါး သုံးစွဲမှသာ စစ်တိုက်နိုင်တယ်လို့ ဝန်ခံ

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် ဦးဆောင်တဲ့ အဖွဲ့ဟာ စစ်ကိုင်းတိုင်း၊ ပင်လည်ဘူး မြို့သိမ်းစစ်ဆင်ရေး အတွင်း သိမ်းဆည်းရရှိခဲ့တဲ့ မူးယစ်ဆေးဝါးတွေ မီးရှို့ဖျက်ဆီးခဲ့တံ အခမ်းအနားကို ဒေသခံပြည်သူတွေနဲ့အတူ တက်ရောက်ခဲ့တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။