စစ်ကော်မရှင်တပ်ကို တိုက်ခိုက်ဖို့ Fixed Wings ဒရုန်းလွှတ်တင်စဉ် မတော်ဆမှုဖြစ်ပွားကာ ပေါက်ကွဲခဲ့တဲ့ ရုပ်သံကို YE-U Freedom Comrades မှ ထုတ်ပြန်ထားပါတယ်။

စက်တင်ဘာ ၁၄ ရက် စစ်ကိုင်းတိုင်း ရေဦးမြို့နယ် ဒီပဲယင်းလမ်းထွက် စက်မှုလယ်ယာရုံးအနီးသို့ ရောက်ရှိလာတဲ့ အင်အား ၆၀ ခန့်ရှိ စစ်ကော်မရှင်တပ်သားတွေကို Fixed Wings ဒရုန်း ၃ စီးနဲ့ ဗုံးသီးတွေ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

မြေပြင်အခြေအနေအရ စစ်ကော်မရှင်တပ်သားတွေရဲ့ ထိခိုက်မှုကို မသိခဲ့ရဘဲ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပြန်လည်ရမ်းသမ်းပစ်ခတ်ခဲ့ပြီး ရေဦးမြို့တွင်းသို့ ပြန်လည်ဝင်ရောက်သွား ကြောင်း သိရပါတယ်။

တိုက်ခိုက်မှုအတွင်း ရဲဘော်တွေ အထိအခိုက်မရှိခဲ့သော်လည်း Fixed Wings ဒရုန်း ၂ စီး ဆုံးရှုံးခဲ့ရ တယ်လို့ သိရပါတယ်။

Video-YE-U Freedom Comrades

0 Shares:
You May Also Like
Read More

“စက်လက်စုံညီ ရှေ့သို့ချီ” ကမ်ပိန်းမှာ ပါဝင်ပေးဖို့ ယင်းမာပင် ပကဖ ဖိတ်ခေါ် (ရုပ်/သံ)

အညာဒေသမှာ စနစ်တကျ စုဖွဲ့ပြင်ဆင်မှုတွေနဲ့ စစ်ကောင်စီကို တိုက်ခိုက်ဖို့အတွက် “စက်လက်စုံညီ ရှေ့သို့ချီ" ကမ်ပိန်းမှာ ပါဝင်ပေးကြဖို့ ယင်းမာပင်ခရိုင် ပကဖ က ဖိတ်ခေါ်လိုက်ပါတယ်။
Read More

မင်းဘူးခရိုင်အမှတ် ၅ တပ်ရင်းတွင် ပြည်သူများကို လေကြောင်းနှင့် မိုင်းအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပေးဟောပြောပွဲပြုလုပ် (ရုပ်/သံ)

မင်းဘူးခရိုင်စစ်ဌာနအတွင်း စစ်ကောင်စီရဲ့ အရပ်သားပစ်မှတ်ထားတိုက်ခိုက်တဲ့ လေကြောင်းနဲ့ မိုင်းအန္တရာယ် ကြိုတင်ကာကွယ်ရေး ဟောပြောပွဲ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ငါန်းဇွန်မြို့နယ် မင်းနေကုန်းရွာရှိ စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်မှု စစ်သားအများအပြား သေဆုံး (ရုပ်/သံ)

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ် မင်းနေကုန်းရွာမှာ အထိုင်ချတပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီ တပ်စခန်းကို ဖေဖော်ဝါရီ ၁ ရက် မနက်အစောပိုင်းက တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်ခဲ့ တယ်လို့ ဗိုလ်စား ပြောက်ကျားတပ်ဖွဲ့ထံက သိရပါတယ်။
Read More

ပုသိမ်-မုံရွာလမ်းပိုင်းမှာ သံချပ်ကာယာဉ် ၂ စီးနဲ့ စစ်ကြောင်းထိုးလာသည့် စစ်တပ်ကို တော်လှန်ရေးတပ်များ ကြားဖြတ်တိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း၊ စလင်းမြို့နယ်၊ ကံပြားရွာဘက်ကနေ ပုသိမ်-မုံရွာလမ်းပိုင်းသို့ ဧပြီ ၂၀ ရက်က စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ Peacock Brother Urban Guerrilla အဖွဲ့ထံက သိရပါတယ်။
Read More

မြင်းခြံမှာ စစ်ကောင်စီတပ်သားများ အခြေစိုက်နေရာတွေကို ဖောက်ခွဲတိုက်ခိုက် (ရုပ်/သံ)

မန္တလေးတိုင်းဒေသကြီး၊မြင်းခြံမြိုပေါ်က စစ်ကောင်စီတပ်သားတွေ အခြေစိုက်ရာ နေရာတွေကို တော်လှန်ရေး အင်အားစုတွေက အနီးကပ် မိုင်းထောင်ပြီး ဖောက်ခွဲတိုက်ခိုက်နိုင်ခဲ့ကြောင်း Myingyan Black Tiger (MBT) က ထုတ်ပြန်ပါတယ်။
Read More

မြစ်ကြီးနားမြို့ ရမ်ပူရပ်ကွက်တွင် မီးလောင်မှုဖြစ်ပွားပြီး နေအိမ် ၉ လုံးခန့် ပျက်စီးဆုံးရှုံး (ရုပ်/သံ)

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ရမ်ပူရပ်ကွက်မှာ နေအိမ်မီးလောင်မှုဖြစ်ပွားပြီး နေအိမ် ၉ လုံးခန့် ပျက်စီးဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။