တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ်၊ ထားဝယ်−ထီးခီးလမ်းပေါ်ရှိ ပကာရီကျေးရွာရှိ ယက္ကန်းစင်ဘုန်းကြီးကျောင်းမှာ ယာယီတပ်စွဲထားတဲ့ စစ်ကော်မရှင်တပ်သားတွေကို ဝင်ရောက်တိုက်ခိုက်ရာ ထိခိုက်သေဆုံးသူတွေရှိတယ်လို့ ဒူရကစစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။

စက်တင်ဘာ ၁၄ ရက် ညနေပိုင်းက ယက္ကန်းစင်ဘုန်းကြီးကျောင်းရှိ စစ်ကော်မရှင် တပ်သားတွေကို ကာကွယ်ရေးပူးပေါင်းတပ်က ဝင်ရောက်ပစ်ခတ်ခဲ့ရာ အပြန်အလှန်ထိတွေ့ ပစ်ခတ်မှု ၂ ရက်ခန့်ကြာမြင့်ခဲ့တယ်လို့ ဆိုပါတယ်။

အပြန်အလှန်ပစ်ခတ်မှု ၂ ရက်အတွင်း စစ်ကော်မရှင်တပ်က တပ်ကြပ်ကြီးအဆင့် (၂) ယောက်အပါ ၇ ယောက် သေဆုံးကာ ဒုဗိုလ်မှူးကြီးအပါ ၅ ယောက် ဒဏ်ရာရှိခဲ့ပြီးနောက် ကျန်တဲ့ စစ်ကော်မရှင်တပ်သားတွေဟာ ဖရိုဖရဲ ဆုတ်ခွာထွက်ပြေးသွားတယ်လို့ ဆိုပါတယ်။

အဆိုပါ ပစ်ခတ်မှုအတွင်း MA 1 ၁ လက် ၊ ကျည်ဘောက် ၄ ခု ၊ 79 (၂) လုံး ၊ ၆၀ မမ (၂) လုံး နဲ့ ၅.၅၆ကျည် (၂၀၀) တောင့်ကို သိမ်းဆည်းရရှိခဲ့ပြီး ကာကွယ်ရေးပူးပေါင်းတပ်ကလည်း ရဲဘော်တစ်ယောက် ကျဆုံးသွားတယ်လို့ သိရပါတယ်။

အဆိုပါတိုက်ခိုက်မှုကို ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA) ရဲ့ ဒူရကစစ်ကြောင်း ၊ ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ (TPLF) ၊ ဧဒင်မှူးပျောက်ကျားတပ်ဖွဲ့ ၊ က္လားသစ္ဏတ် (ကျားသစ်နက်) ၊ ဘီလုံးပျောက်ကျားတပ်ဖွဲ့ ၊ Dawei Guerrilla Revolutionary Force ( DGRF) ထားဝယ်ခရိုင်တပ်ပေါင်းစု ၊ ဒေါနတပ်ခွဲ (၇) ၊ ထားဝယ်အရှေ့တောတပ်ဖွဲ့ (DEF) တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
0 Shares:
You May Also Like
Read More

နိုင်ငံတကာပါလီမန်များ ညီလာခံမှာ မြန်မာ့အရေးကို ထည့်သွင်းတင်ပြနိုင်ခဲ့

ဆွစ်ဇာလန်နိုင်ငံမှာ ကျင်းပနေတဲ့ နိုင်ငံတကာ ပါလီမန်များညီလာခံမှာ မြန်မာ့အရေးနဲ့ပတ်သက်ပြီး အရေးကြီးတဲ့ အဆိုကို တင်သွင်းနိုင်ခဲ့ကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH က အသိပေးထုတ်ပြန်လိုက်ပါတယ်။
Read More

ရန်ကုန်တွင် စစ်အုပ်စုနှင့် အပေါင်းအပါများ လမ်းပေါ် ထိုးကြိတ်ဖမ်းခေါ်သည်အထိ ပေါ်တာဆွဲမှုများ ဆိုးရွားလာ

ရန်ကုန်တိုင်းအတွင်းက မြို့နယ်တွေမှာ စစ်အုပ်စုက လမ်းသွားလမ်းလာ လူငယ်တွေပါမချန် ပေါ်တာဆွဲဖမ်းဆီးတာတွေ လုပ်ဆောင်ရင်း စစ်မှုထမ်းစျေးကွက်ကို ဆိုးဆိုးရွားရွားလုပ်ဆောင်လာကြကြောင်း Rangoon Scout Network တာဝန်ရှိသူမှ မောင်းကိုပြောပါတယ်။
Read More

ကျိုက်ထိုမြို့နယ်အတွင်း စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှု ကြောင့် နေအိမ် (၂) လုံး ထိခိုက်ပျက်စီးခဲ့…

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ပျဉ်းကတိုးကုန်ကာကျေးရွာအုပ်စု၊ ပိန္နဲကုန်းကျေးရွာအနီးတဝိုက်သို့ အကြမ်းဖက်စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှု ကြောင့် နေအိမ် (၂) လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားစည်းရုံး (KNU) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

တောင်ကိုရီးယားတွင် မြန်မာပြည် စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးနှင့် တရားမဲ့ရွေးကောက်ပွဲ ဆန့်ကျင်ရေး ချီတက်ဆန္ဒပြ

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာ မြန်မာ့အရေး သတင်းစာရှင်းလင်းပွဲနဲ့ လမ်းလျှောက် ချီတက်ဆန္ဒပြပွဲ ကျင်းပပြုလုပ်ခဲ့ကြတယ်လို့ မြန်မာ့ဖက်ဒရယ်ဒီမိုကရေစီအောင်နိုင်ရေးအဖွဲ့ပေါင်းချုပ် (MFDMC) ထံက သိရပါတယ်။ 
Read More

နတ်ရေကန်စခန်း အဓိက ကာကင်းကို AA ပူးပေါင်းတပ်များ သိမ်းယူထား

အမ်း-ပဒါန်းလမ်းပေါ်က စစ်ကော်မရှင်တပ် နတ်ရေကန်လေကြောင်းရန်ကာကွယ်ရေး စစ်စခန်းရဲ့ အဓိက ကာကင်းစခန်းဖြစ်တဲ့ ဖိုက်တာစခန်းကုန်းကို အာရက္ခတပ်တော် (AA) နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက သိမ်းပိုက်နိုင်လိုက်ပြီလို့ စစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

၂၀၂၅ ခုနှစ် Right Livelihood ဆုရှင်အဖြစ် Justice For Myanmar ရွေးချယ်ခံရ

Justice For Myanmar (JFM) အဖွဲ့က ၂၀၂၅ ခုနှစ်အတွက် Right Livelihood Award (မှန်ကန်သောအသက်မွေးဝမ်းကြောင်းဆု) ရရှိသူအဖြစ် ရွေးချယ်ခံခဲ့ရပြီး အဆိုပါဆုဟာ စစ်ရာဇဝတ်ဂိုဏ်း ဖျက်သိမ်းရေး မြန်မာလူထုရဲ့ ကြိုးစားရုန်းကန်နေမှုကို ဖော်ကျူးလိုက်တာဖြစ်တယ်လို့ JFM က ဒီနေ့ ထုတ်ပြန်ပါတယ်။