တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ အုန်းပင်ကွင်းကျေးရွာအုပ်စု၊ ပယကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကော်မရှင်တပ်ရဲ့ ဂိတ်စခန်းကို ဝင်ရောက်တိုက်ခိုက်ရာ စစ်တပ်က ၃ ယောက် သေဆုံးသွားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဒေါနစစ်ကြောင်း-၃(KBDF) ဆီက သိရပါတယ်။

စက်တင်ဘာ (၁၈) ရက် မနက်ပိုင်းမှာ ပယကျေးရွာမှာ အင်အား (၆၀)ဝန်းကျင်နဲ့ တပ်စွဲထားတဲ့ စစ်ကော်မရှင် ဂိတ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်ပစ်ခတ်ခဲ့ရာ အပြန်အလှန် ထိတွေ့ပစ်ခတ်မှု (၁) နာရီခန့် ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

” တပ်စွဲထားတာက တစ်နှစ်ကျော်ပါပြီဗျ၊ လက်ရှိတော့ အင်အားထပ်ဖြည့်ပြီး ဆက်လက် တပ်စွဲထားတုန်း ခင်ဗျ”လို့ ဒေါနစစ်ကြောင်း-၃(KBDF) ရဲ့ တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။

အပြန်အလှန်ပစ်ခတ်မှုအတွင်း စစ်ကော်မရှင်တပ်သား (၃) ယောက် သေဆုံးပြီး ဒဏ်ရာရရှိသူတွေလည်း ရှိသလို တော်လှန်ရေးပူးပေါင်းတပ်ကလည်း ရဲဘော်တစ်ယောက် (မစိုးရိမ်ရ) ဒဏ်ရာရရှိခဲ့ပြီး ပြည်သူ ၂ ယောက် (မစိုးရိမ်ရ) ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။
” ပြည်သူတွေကိုတော့ သူတို့ မထွက်ခိုင်းဘူးဗျ၊ ကံပေါက်မှာ ဈေးဝယ်သွားရင်တောင် တစ်အိမ်လုံးမသွားခိုင်းဘူး။ တစ်ယောက် နှစ်ယောက်ပဲ သွားခိုင်းတယ်ဗျ” လို့ အထက်ပါတာဝန်ရှိသူက ဆက်ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားပြီးနောက် အကြမ်းဖက်စစ်တပ်ဂိတ်စခန်းကို ခလရ (၂၇၃)မှ စစ်ကားလေးစီးဖြင့် အင်အားထပ်မံဖြည့်တင်းထားတယ်လို့ သိရပါတယ်။

အဆိုပါတိုက်ခိုက်မှုကို ဒေါနစစ်ကြောင်း-၃(KBDF) ၊ ဒေါနတပ်ခွဲ-၆ (ဝေဟင်တပ်ဖွဲ့) ၊ ဒေါနတပ်ခွဲ-၇ (LPF) ၊ရာမညမွန်တပ်တော် (RMA)၊ ထားဝယ်ခရိုင် အမှတ်(၁)တပ်ရင်း-T1 ၊ ရေဖြူမြို့နယ် ပ.က.ဖ ၊ နဂါးနီပျောက်ကျားတပ်ဖွဲ့နဲ့ ဗထူးတပ်မတော် (B.H.A) တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
0 Shares:
You May Also Like
Read More

မတ္တရာတွင် တိုက်ပွဲပြင်းထန်ပြီး စစ်ကောင်စီက လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်နေ

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေကြား ထိတွေ့တိုက်ပွဲတွေရှိနေပြီး စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေလုပ်ဆောင်နေကြောင်း Voice Of Mandalay တာဝန်ရှိသူ ၁ ယောက်က မောင်းကို ပြောပါတယ်။
Read More

လောင်းလုံးမှာ အကြမ်းဖက်စစ်တပ်က အရပ်သားလူငယ် ၂ ယောက်ကို PDF အဖြစ် စွပ်စွဲဖမ်းဆီးပြီး ရက်စက်စွာ လည်လှီးသတ်ခဲ့၊ စစ်တပ်စစ်ကြောင်းဝင်ရောက်မှုကြောင့် တခြားအရပ်သား ၃ ယောက်လည်း သေဆုံးခဲ့ရ

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီက လူငယ် ၂ ယောက်ကို PDF အဖြစ် ဖမ်းဆီးစွပ်စွဲကာ ရက်ရက်စက်စက် လည်လှီးသတ်ဖြတ်ခဲ့ကြောင်း သိရပါတယ်။
Read More

တောင်သာမှာ ရဲစခန်းနဲ့ စစ်ကူလာတဲ့ စစ်အုပ်စုတွေ တိုက်ခိုက်ခံရပြီး ၂၂ ယောက်သေ၊ ၁၇ ယောက် ဒဏ်ရာရ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်မှာ စစ်အုပ်စုတွေရှိနေတဲ့ ဇဂျမ်းရဲစခန်းနဲ့ စစ်ကူလာတဲ့ ပျူစောထီးတွေတိုက်ခိုက်ခံရပြီး စစ်အုပ်စုဘက်က တွဲဖက် ဗိုလ် ၁ယောက် အပါအဝင် ၂၂ယောက် သေဆုံးကာ ထိခိုက်ဒဏ်ရာရသူများပြားကြောင်း တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (TTA-PDF) က ထုတ်ပြန်ပါတယ်။
Read More

သပြေကုန်းရွာ ဘုန်းကြီးကျောင်းရှိ စစ်ကောင်စီ တပ်စခန်းကို KNDF ပူးပေါင်းတပ်များ ဝင်ရောက်တိုက်ခိုက်၊ စစ်ကောင်စီတပ်သား ၂၀ ဦးထက်မနည်း သေဆုံးပြီး လက်နက်ခဲယမ်းမျိုးစုံ ရရှိ

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့၊ သပြေကုန်းရွာဘုန်းကြီးကျောင်းဝန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို KNDF တပ်ဖွဲ့တွေက သွားရောက်ပစ်ခတ်ခဲ့တယ်လို့ KNDF ဗျုဟာအမှတ် (၂) က ဇွန်လ ၈ ရက် ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

တရုတ်၏ ကြားဝင်မှုဖြင့် မိုးကုတ်နှင့် မိုးမိတ်မှ TNLA တပ်များ ပြန်လည်ဆုတ်ခွာမည်

တအာင်းတပ်မတော် TNLA က တရုတ်နိုင်ငံရဲ့ ကြားဝင်မှုကြောင့် စစ်တပ်နဲ့ အပစ်ရပ်ကာ သူတို့ထိန်းချုပ်ရာ မိုးကုတ်နဲ့ မိုးမိတ်မြို့တွေကနေ ပြန်လည်ဆုတ်ခွာပေးတော့မှာဖြစ်ကြောင်း အောက်တိုဘာ ၂၉ ရက် ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ပေါင်းတည်မှာ စစ်မှုထမ်းစုဆောင်းနေတဲ့ သက်ငယ်မုဒိန်းမှုနဲ့ ထောင်ကျဖူးသူ အုပ်ချုပ်ရေးမှူးကို ရှင်းလင်း

ပဲခူတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ ကြာနီကန်ကွက်သစ်မှာ ကြမ်းဖက်စစ်ကောင်စီခန့် ဇီးပင်လှအုပ်စု အုပ်ချုပ်ရေးမှူး ကိုသန်း (ခ) ငသန်းကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ၃၆၀၁ PPDF တပ်ရင်းထံက သိရပါတယ်။