စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဇီးကုန်းမြို့ရဲစခန်းကို စီးနင်းတိုက်ခိုက်မှုအတွင်း ဖမ်းဆီးရမိတဲ့ သုံ့ပန်းတွေနဲ့ မိသားစုဝင်တွေကို လိုအပ်တဲ့ ဆေးဝါးကုသမှုတွေ ဆောင်ရွက်ပေးနေတယ်လို့ ကန့်ဘလူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။

စက်တင်ဘာ ၁၇ ရက် ညနေပိုင်းက ဇီးကုန်းမြို့ရဲစခန်းကို ကန့်ဘလူခရိုင် ပကဖစစ်ကြောင်းက ဦးဆောင်ပြီး ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်မှုအတွင်း အရှင်ဖမ်းမိတဲ့ သုံ့ပန်းနဲ့ မိသားစုဝင်တွေထဲက ဒဏ်ရာရရှိခဲ့တဲ့ ရဲ မိသားစုဝင်အမျိုးသမီးတွေနဲ့ ကလေးသူငယ်တွေကို မြို့နယ်ကျန်းမာရေးတာဝန်ခံ ဦးဆောင်တဲ့ ဆေးအဖွဲ့က လိုအပ်တဲ့ ဆေးဝါးကုသမှုတွေ ဆောင်ရွက်ပေးနေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မီးဖွားဖို့ လိုအပ်တဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးကိုလည်း ကောင်းမွန်စွာ စောင့်ရှောက်ကုသပေးနေတယ်လို့ ကန့်ဘလူမြို့နယ် ကျန်းမာရေးတာဝန်ခံဆီက သတင်းရရှိကြောင်း ကန့်ဘလူမြို့နယ် ပအဖ က ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၂၉ ရက်က အကြမ်းဖက်စစ်တပ်ကနေ အများပြည်သူကို ဆေးဝါးကုသပေးနေတဲ့ မြို့နယ်ကျန်းမာရေးဆေးရုံကို လေကြောင်းကနေ ၂ ကြိမ်တိုင်တိုင် တိုက်ခိုက်ခဲ့ရာ ဆေးရုံလုံးဝပျက်စီးခဲ့ပေမယ့် CDM ကျန်းမာရေးဝန်ထမ်းတွေအနေနဲ့ အများပြည်သူ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေအပြင် အကြမ်းဖက်စစ်အုပ်စု ဘက်တော်သား လက်အောက်ခံ သုံ့ပန်းတွေကိုပါ လူသားချင်းစာနာမှုအပြည့်နဲ့ ဆေးဝါးကုသပေးနေတယ်လို့ ကန့်ဘလူမြို့နယ် ပအဖ က ထုတ်ပြန်ထားပါတယ်။

ဇီးကုန်းမြို့ရဲစခန်းကို ကန့်ဘလူခရိုင် ပကဖစစ်ကြောင်းက ဦးဆောင်ပြီး ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်မှာ ဗိုလ်လေးနဲ့ ရဲတပ်သား ၆ ယောက် သေဆုံးပြီး နောက်ထပ် ဗိုလ်လေး ၂ ယောက်၊ တပ်သား၂ယောက်နဲ့ သူတို့ရဲ့ အမျိုးသမီး ၂ယောက်၊ ကလေး ၂ယောက်၊ အချုပ်သား ၃ ယောက်ကို အရှင်ဖမ်းမိခဲ့တဲ့အပြင် ရဲစခန်းထဲကနေ G3 သေနတ် ၉လက်၊ G4 ၁လက်၊ MA 15 ၁လက်နဲ့ ပစ္စတို ၁လက် သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

သီပေါနဲ့ နောင်ချိုမြို့တို့မှာ စစ်ကောင်စစ်တပ်က ပေါင် (၅၀၀)ဗုံး လာရောက်ကြဲချမှုကြောင့် ဒေသခံ ၁ ယောက် သေဆုံးပြီး နေအိမ်အများအပြားပျက်စီး…

ရှမ်းပြည်နယ်မြောက်ပိုင်းက သီပေါမြို့နဲ့ နောင်ချိုမြို့တို့မှာ အကြမ်းဖက်စစ်ကောင်စစ်တပ်က ဖျက်အားပြင်း ပေါင် (၅၀၀)ဗုံး လာရောက်ကြဲချမှုကြောင့် ဒေသခံ ၁ ယောက် သေဆုံးပြီး နေအိမ်အများအပြားပျက်စီးခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ထုတ်ပြန်ထားပါတယ်။
Read More

ကဘော်ချိုင့်ဝှမ်းဒေသကို မဏိပူရပြည်နယ်ထဲ ထည့်ဖို့ပြောကြားခြင်းဟာ နှစ်နိုင်ငံဆက်ဆံရေးကို ထိခိုက်စေသည်ဟု စစ်ကောင်စီ တုံ့ပြန်

မြန်မာ-အိန္ဒိယ နယ်စပ်ဒေသဖြစ်တဲ့ ကဘော်ချိုင့်ဝှမ်းဒေသကို မဏိပူရပြည်နယ်ထဲ ပြန်ထည့်ဖို့  အိန္ဒိယ အထက်လွှတ်တော်မှာ တောင်းဆိုခဲ့မှုဟာ နှစ်နိုင်ငံဆက်ဆံရေးကို ထိခိုက်စေမှာဖြစ်ကြောင်း အာဏာသိမ်းစစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောပါတယ်။
Read More

ကျောက်မဲမြို့တွင် စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသား (၁) ဦး သေဆုံး၊ (၅) ဦး ထိခိုက်ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့ပေါ်ကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသား (၁) ယောက် သေဆုံးပြီး (၅) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီတပ်သားတွေ မိုင်းရှင်းဖို့ထွက်လာရင်း မိုင်းခွဲခံရကာ ၂ ယောက်သေ

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာ မိုင်းရှင်းဖို့ကြိုးစားတဲ့ အကြမ်းဖက်စစ်သားတွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၂ ယောက်သေကြောင်း BLDF တပ်ခွဲ အညာမိုင်းတပ်ဖွဲ့ထံက သိရပါတယ်။
Read More

အမ်းမြို့နယ်က အကြမ်းဖက်စစ်တပ် တပ်ရင်းအားလုံးနီးပါးကို AAသိမ်းပိုက်ထားပြီး နပခ ကိုထိုးစစ်ဆင်နေ

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်အတွင်းမှာရှိတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ ခြေလျင်ခြေမြန် တပ်တွေအပြင် လက်ရုံးတပ်တွေကိုပါ ရခိုင့်တပ်တော် AA က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် အနောက်ပိုင်းတိုင်စစ်ဌာနချုပ် (နပခ) ကို ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း AA နဲ့ နီးစပ်သူတွေထံက သိရပါတယ်။
Read More

မြောင်မြို့နယ်ရှိ ကျောက်ရစ်ရဲစခန်းနှင့် စစ်တပ်တပ်စွဲထားသည့် ဆေးရုံတို့ကို ဒရုန်းဖြင့် ဗုံးကြဲ၊ ဒရုန်း ၁ စီး ပျက်စီးဆုံးရှုံး

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်ရှိ အကြမ်းဖက်စစ်တပ် အထိုင်ချ တပ်စွဲထားတဲ့ ကျောက်ရစ်ရဲစခန်းနဲ့ ဆေးရုံတို့ကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ Peacock Drone Team-Myaung က မနေ့က ထုတ်ပြန်ပါတယ်။