စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မုံရွာ-မန္တလေးလမ်းမပေါ်က အကြမ်းဖက်စစ်တပ်ရဲ့ မုံရွေးတိုးဂိတ် အထိုင်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေဝင်ရောက်တိုက်ခိုက်သိမ်းပိုက်မှုမှာ အကြမ်းဖက် စစ်သား ၈ ယောက် သေဆုံးပြီး လက်နက် ၅ လက် သိမ်းဆည်းရရှိခဲ့ကြောင်း Budalin Defense Force (BDF) တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၆ ရက် မနက်အစောပိုင်းမှာ အထက်ပါ မုံရွေးကျေးရွာနားက တိုးဂိတ်ကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ရင်း နှစ်ဖက်ထိတွေ့မှု အချိန် ၁ နာရီကြာ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီတိုက်ခိုက်မှုအတွင်း တော်လှန်ရေးတပ်တွေဘက်က အသာစီးရခဲ့ပြီး စစ်အုပ်စုသေဆုံးမှုတွေနဲ့အတူ လက်နက်တွေနဲ့ စခန်းကိုပါ သိမ်းပိုက်ရရှိခဲ့တာ ဖြစ်ပါတယ်။

သေနတ် ၅ လက်၊ ကျည်ကာ ဦးထုပ် ၂ လုံး၊ ကျည်ကာအင်္ကျီ တစ်ထည်၊ ကာဘိုင်ကျည်အပါ အခြားကျည်မျိုးစုံနဲ့ ဆက်စပ်ပစ္စည်းတွေကို တော်လှန်ရေးတပ်တွေ ရရှိခဲ့တာဖြစ်ပါတယ်။

မုံရွေးတိုးဂိတ်တိုက်ပွဲမှ သိမ်းဆည်းရရှိသည့် လက်နက်နှင့် ဆက်စပ်ပစ္စည်းများ

“မနက် ၄ နာရီ ခွဲလောက်မှာ စတိုက်ပြီး ခွေးဘန်ကာတစ်ခုပဲ ကျန်နေတာ မိုးလင်းသွားတာနဲ့ ပြန်ဆုတ်လာခဲ့ကြတာပါ။ အသာစီးရခဲ့ပါတယ်။ အဖွဲ့ပေါင်းစုံ စုစည်းညီညွတ်မှု အကျိုးကျေးဇူးကြောင့်အားတက်ဖို့ကောင်းပါတယ်” လို့ Budalin Defense Force (BDF) တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

ဒါ့အပြင် တိုက်ပွဲအတွင်း တော်လှန်ရေးဘက်က ရဲဘော် ၃ယောက်လည်း ထိခိုက်ဒဏ်ရာ (မစိုးရိမ်) ရရှိခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲဖြစ်ပွားနေချိန်အတွင်း လမ်းပိုင်းပိတ်ဆို့မှုတွေရှိခဲ့ပြီး စစ်အုပ်စုဘက်က ပျူ​​စောထီးနဲ့  စစ်မှုထမ်းတွေပါ ပါဝင်တိုက်ခိုက်ခဲ့တယ်လို့ Budalin Defense Force (BDF) တာဝန်ရှိသူက ပြောပါတယ်။

မုံရွေးတိုးဂိတ်တိုက်ခိုက်မှုကို မုံရွာခရိုင်ကွပ််ကဲရေးမှူးရဲ့ကွပ်ကဲမှုနဲ့အတူ မုံရွာခရိုင်တပ်ရင်း ၂၄၊ မုံရွာခရိုင်တပ်ရင်း ၁၄၊ Federal Democratic Force(FDF)၊ Budalin Defense Force(BDF)၊ Chindwin Brother(CB)၊ Bandula Defense Force(BDF)၊ Civil Armed Force(CAF)၊ ဗိုလ်မုတ်ဆိတ်(ဒေါင်းမျိုးဆက်)အဖွဲ့၊ အောက်စီဂျင် အဖွဲ့၊ BHA၊ မုံရွာခရိုင်တပ်ရင်း ၂၁ နဲ့ မုံရွာမြို့နယ်ပကဖတို့ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

 

0 Shares:
You May Also Like
Read More

မင်းတုန်းမြို့နယ် တိုက်ပွဲမှာ အကြမ်းဖက်စစ်သား ၃၀ ခန့် သေပြီး စစ်သုံ့ပန်း ၁ ယောက် ဖမ်းမိ၊ လက်နက်ခဲယမ်းတွေအပြင် ပြည်သူတွေဆီက ခိုးယူထားတဲ့ လက်ဝတ်ရတနာတချို့ သိမ်းဆည်းရမိ…

မကွေးတိုင်း ၊ မင်းတုန်းမြို့နယ်က ကျေးရွာတွေကို စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်တပ် ညအိပ်စခန်းချနေချိန် အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ရာ အကြမ်းဖက်စစ်တပ်က စစ်သား ၃၀ ခန့် သေဆုံးပြီး စစ်သုံ့ပန်း ၁ ယောက် ဖမ်းဆီးရမိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ သရက်ခရိုင်အမှတ် ၄ တပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

တိုင်းပြည်တည်ငြိမ်ရေးကို ဦးစားပေး လုပ်ဆောင်နေသည်ဟု မင်းအောင်လှိုင် ပြော

တိုင်းပြည်တည်ငြိမ်ရေးကိုသာ ဦးစားပေးဆောင်ရွက်နေတယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။
Read More

ပြင်းအားမြင့် ငလျင်ကြောင့် နိုင်ငံအနှံ့ သေဆုံးသူ ၁ ထောင်ကျော် ရှိလာ

နိုင်ငံတဝန်းမှာ မနေ့က လှုပ်ခတ်ခဲ့တဲ့ ပြင်းအားမြင့် ငလျင်ကြောင့် သေဆုံးသူ ၁ ထောင်ကျော်ရှိလာနေပြီလို့ စစ်ကောင်စီကနေ ဒီနေ့ မတ်လ ၂၉ ရက် နေ့လယ် ၁၂ နာရီမှာ သတင်းထုတ်ပြန်လာပါတယ်။
Read More

သီပေါမြို့တွင် တိုက်ပွဲမဖြစ်ပွားဘဲ စစ်ကောင်စီမှ ဂျက်ဖိုက်တာဖြင့် ဗုံးများ လာရောက်ကြဲချတိုက်ခိုက်…

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့မှာ အကြမ်းဖက်စစ်ကောင်စီတပ်က တိုက်ပွဲမဖြစ်ပွားဘဲ ဂျက်ဖိုက်တာနဲ့ ဗုံးတွေ လာရောက်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

မင်းအောင်လှိုင် (သို့) အရှေ့တောင်အာရှရဲ့ ပထမဆုံး ICC ဝရမ်းပြေး အလောင်းအလျာ

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို နိုင်ငံတကာရာဇဝတ်တရားရုံး (ICC) က ဖမ်းဝရမ်းထုတ်ပေးဖို့ ICC ရဲ့ အစိုးရ ရှေ့နေချုပ် Karim A.A. Khan KC က ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၇ ရက်နေ့မှာ လျှောက်ထားလိုက်ပါတယ်။
Read More

နောင်ချိုကို စစ်ကောင်စီ နေ့စဉ်နီးပါး ဗုံးကြဲနေ၊ မနေ့က တိုက်ခိုက်မှုကြောင့်  အဘွားအို ၁ ဦး သေဆုံးပြီး ကလေးငယ်အပါ ၄ ဦး ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်းက တအာင်းတပ်မတော် TNLA သိမ်းပိုက်ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်က ‌ဂျက်ဖိုက်တာနဲ့ ‌ဗုံးကြဲတိုက်ခိုက်ရာ အဘွားအို  ၁ ယောက်သေဆုံးပြီး ကလေးငယ်တစ်ယောက်အပါအဝင် ၄ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။