စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ကျောက္ကာရွှေဂူနီဘုရားဝန်းအတွင်း တပ်စွဲဖို့လာတဲ့ စစ်ကော်မရှင်တပ်သားတွေကို တော်လှန်ရေးတပ်တွေက အကြိမ်ကြိမ်ဟန့်တားတိုက်ခိုက်ခဲ့တယ်လို့ မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၈ ရက်က စတင်ပြီး မုံရွာမြို့နယ် ကျောက္ကာကျေးရွာသို့ သံချပ်ကာယာဉ်တွေ အသုံးပြုပြီး စစ်ကြောင်းထိုးဝင်ရောက်လာတဲ့စစ်ကော်မရှင်စစ်ကြောင်းကို တော်လှန်ရေးတပ်တွေ က အကြိမ်ကြိမ် ဟန့်တားတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

သြဂုတ် ၈၊ ၉၊ ၁၀ ရက်တွေမှာ အကြိမ်ကြိမ်တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက်စစ်သားတွေ ထိခိုက်သေဆုံးမှုရှိခဲ့ပေမယ့် စစ်ကော်မရှင်စစ်ကြောင်းဟာ ကျောက္ကာရွှေဂူနီဘုရားဝန်းအတွင်း ဝင်ရောက်အထိုင်ချ တပ်စွဲသွားခဲ့တယ်လို့ သိရပါတယ်။

တော်လှန်ရေးပူးပေါင်းတပ်တွေဟာ သြဂုတ် ၂၀ ရက်၊ စက်တင်ဘာ ၁၂ ရက်နဲ့ စက်တင်ဘာ ၁၆ ရက်တွေမှာ စစ်ကော်မရှင်တပ်ကို ထပ်မံသွားရောက်ချေမှုန်းခဲ့ပေမယ့် စခန်းကို သိမ်းပိုက်နိုင်ခြင်းမရှိခဲ့ဘူးလို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို  မုံရွာမြို့နယ်ပကဖ အမှတ် ၁၊၂၊၃၊၄၊၅ တိုက်နယ်တိုက်ခိုက်ရေးအဖွဲ့တွေ၊ မုံရွာမြို့နယ်ပကဖ အထူးတိုက်ခိုက်ရေးတပ်ဖွဲ့-Tribal Force၊ မုံရွာမြို့နယ်ပကဖ တိုက်ခိုက်ရေးတပ်ဖွဲ့-Monywa Special ဒိတ်ဒိတ်ကြဲ၊ မုံရွာခရိုင် အမှတ်၆၊၇၊၁၆၊၂၄ တပ်ရင်းတွေ၊ ဗျူဟာ ၆၆၊ ဘုတလင် တပ်ပေါင်းစု စစ်ကြောင်း၊ ချောင်းဦး၊အရာတော်၊ဘုတလင်မြို့နယ် ပကဖများ၊ တမာတပ်ပေါင်းစု၊ တောကျွဲကြီးပြောက်ကျားတပ်ဖွဲ့၊ မုံရွာခရိုင်ပကဖ တိုက်ခိုက်ရေးတပ်ဖွဲ့တွေဖြစ်တဲ့ Danger Force၊ ရေနဂါး(YNG)၊ Chindwin Dynamite Salingyi LDF၊ Shadow Assassin LDF၊ မုံရွာမြို့နယ်ပလဖ၊ မုံရွာခရိုင်စစ်ဌာန Drone တပ်ဖွဲ့၊ မုံရွာခရိုင်စစ်ဌာန လက်နက်ကြီးတပ်ဖွဲ့၊ Area 71 LDF တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Video – မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့

0 Shares:
You May Also Like
Read More

စစ်ကောင်စီ တပ်ခွဲမှူးသင်တန်းဆင်းများ ယာဉ်တန်းတိုက်ခိုက်ခံရ၊ ခွဲမှူး ၈ ဦးနှင့် ယာဉ်မောင်းတပ်ကြပ် ၁ ဦး သေဆုံး (ရုပ်/သံ)

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ ဘုရင့်နောင်တပ်မြို့ စစ်သင်တန်းကျောင်းက တပ်ခွဲမှူး သင်တန်းဆင်းတွေပါတဲ့ ယာဉ်တန်းကို တိုက်ခိုက်ခဲ့ရာ ခွဲမှူး ၈ ယောက်နဲ့ ယာဉ်မောင်းတပ်ကြပ် ၁ ယောက် သေဆုံးခဲ့တယ်လို့ People Defence Force - Thandaung က သတင်းထုတ်ပြန်ထားပါတယ်။
Read More

အကြမ်းဖက်စစ်တပ် လုံခြုံရေး အထပ်ထပ်ချထားသည့် ရန်ကုန်မြို့တွင် ရွေးကောက်ပွဲအတု ဆန့်ကျင်သပိတ်မှောက်ကြရန် စည်းရုံးလှုံ့ဆော် (ရုပ်/သံ)

အကြမ်းဖက်စစ်အုပ်စုက နိုင်ငံရေးထွက်ပေါက်အနေနဲ့ ပြုလုပ်မယ့် အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်သပိတ်မှောက်ကြဖို့ ရန်ကုန်မြို့နေပြည်သူတွေကို စည်းရုံးလှုံ့ဆော်ခဲ့တယ်လို့ Yangon Revolution Force - YRF က နိုဝင်ဘာ ၁၃ ရက် ညပိုင်းမှာ ထုတ်ပြန်ထားပါတယ်။
Read More

တောင်ကိုရီးယား စစ်ကော်မရှင်သံရုံးအနီး ဆန္ဒပြ ပြည်သူများကို ဒေါ်ဇင်မာအောင် သွားရောက် ဂုဏ်ပြုနှုတ်ဆက် (ရုပ်/သံ)

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ စစ်ကော်မရှင်သံရုံးအနီး ပြုလုပ်နေတဲ့ အတုအယောင် ရွေးကောက်ပွဲ ဆန့်ကျင်ရေး ဆန္ဒပြပွဲကို NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က သွားရောက်ကာ ဂုဏ်ပြု နှုတ်ဆက်ခဲ့ပါတယ်။
Read More

အရာတော်မြို့နယ် ခမြင့်ကျေးရွာမှ ထွက်လာသည့် အကြမ်းဖက်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်မှု စစ်သား ၄ ဦး သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ ခမြင့်ကျေးရွာကနေ ထွက်လာတဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ယောက်သေဆုံးခဲ့တယ်လို့ မုံရွာခရိုင် တပ်ရင်းအမှတ် (၁၆) ဘုတလင်မြို့နယ်တပ်ရင်း BDL PDF က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ရှမ်းတောင်-ကရင်နီ ရှေ့တန်းတွင် စစ်ရေးလှုပ်ရှားနေသည့် ရဲဘော်များ (ရုပ်/သံ)

ရှမ်းတောင်-ကရင်နီ ရှေ့တန်းမှာ စစ်ရေးလှုပ်ရှားနေတဲ့ ရဲဘော်တွေရဲ့ မှတ်တမ်းရုပ်သံကို ရှမ်းတောင်၊ကရင်နီစစ်တိုင်း၊ ဗျူဟာ - ၁၁၊ ကရင်နီစစ်ဒေသက ထုတ်ပြန်လိုက်ပါတယ်။
Read More

သံတောင်ကြီးမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်နဲ့ KNU တပ်မဟာ ၂ ကော်မာဒိုစစ်ကြောင်းတို့ ၃ ရက်တာ ထိတွေ့တိုက်ပွဲဖြစ်ပွား (ရုပ်/သံ)

ပဲခူးတိုင်း၊ သံတောင်ကြီးမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ KNU တပ်မဟာ ၂ ကော်မာဒိုစစ်ကြောင်းတို့ ၃ ရက်တာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ Thawthikho အဖွဲ့ထံက သိရပါတယ်။