ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်မှာ အကြမ်းဖက်စစ်ဗိုလ်တွေနဲ့ပေါင်းပြီး အရပ်သားတွေဆီက ဆက်ကြေးကောက်ငွေညှစ်နေတဲ့ ရာအိမ်မှူးဟောင်း ပျူစောထီး၁ယောက်ကို သွားရောက်ဖမ်းဆီးခေါ်ဆောင်ချိန် ပြန်လည်ခုခံဖို့ကြိုးစားတာကြောင့် နေရာတင်ပစ်ခတ်ရှင်းလင်းခဲ့ရတယ်လို့ လုပ်ဆောင်ခဲ့တဲ့ 9 Stars UG အဖွဲ့တာဝန်ရှိသူ ဗိုလ်မြွေပွေးက မောင်းကို ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၇ရက် ညပိုင်းက ညောင်လေးပင်မြို့နယ်၊ တာဦးကျေးရွာနေ ရာအိမ်မှူးဟောင်း ပျူစောထီးကိုကို ကို 9 Stars UG အဖွဲ့ဝင်တွေက နေအိမ်အထိသွားပြီးခေါ်ဆောင်လာခဲ့ရာ ရွာပြင်အရောက် ပျူစောထီးဖြစ်သူက ပြန်လည်ခုခံဖို့ကြိုးစားတာကြောင့် နေရာတင်ပစ်ခတ်ရှင်းခဲ့ရကြောင်းသိရပါတယ်။

“ပြည်သူတွေရဲ့တိုင်ကြားမှုကိုရလို့ စစ်ဆေးဖို့ သူ့အိမ်ကိုသွားခဲ့တာ။ ပထမတော့ ရှင်းပစ်ဖို့ထိ မရည်ရွယ်ခဲ့ဘူး။ မေးမြန်းပြီး နောက်ဆုံးအကြိမ်အဖြစ် သတိပေးပြန်လွှတ်ပေးဖို့ပဲ စီစဥ်ခဲ့တာ။ အဲ့ဒါကို သူ့ဘက်က ခုခံတုံ့ပြန်လာလို့သာ ရှင်းပစ်ခဲ့ရတာ” လို့ 9 Stars UG အဖွဲ့တာဝန်ရှိသူ ဗိုလ်မြွေပွေးကမောင်းကို ပြောပါတယ်။

ပစ်ခတ်ရှင်းလင်းအပြီး ကိုကိုနဲ့အတူ ပါလာတဲ့ လွယ်အိတ်ထဲက Vivo ဖုန်း ၁ လုံး၊ ငွေကျပ် ၄ သောင်း၊ မှတ်ပုံတင် ၁ ခုနဲ့ လက်ပစ်ဗုံး၁လုံးတို့ကို 9 Stars UG အဖွဲ့က သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

ပျူစောထီးကိုကိုအား ပစ်ခတ်ရှင်းလင်းအပြီး သိမ်းဆည်းရရှိသည့် ပစ္စည်းများ

ပျုစောထီးကိုကိုဟာ မဒေါက်မြို့ စစ်တောင်းတံတားထိပ်မှာ တာဝန်ကျတဲ့ ဗိုလ်လေးခင်လှိုင်ဆိုသူ အပါအဝင် ညောင်လေးပင်စစ်တပ်အတွင်းက အရာရှိဆိုသူတွေနဲ့ ပေါင်းပြီး စစ်တောင်းမြစ်အတွင်း စီးပွားရှာနေတဲ့ တံငါသည်တွေ၊ စက်လှေပိုင်လုပ်ငန်းရှင်တွေကို ဆက်ကြေးကောက်တာ၊ စစ်ဘေးရှောင်တွေဆီ ငွေညှစ်တာတွေအပြင် အကြမ်းဖက်စစ်ကော်မရှင်ရဲ့ အတုအယောင် ရွေးကောက်ပွဲအတွက်ပါ ကြိုးပမ်းနေသူဖြစ်တယ်လို့လည်း ဗိုလ်မြွေပွေးက ပြောပါတယ်။

“မနှစ်ကတော့ ဖုန်းဆက်ပြီး တစ်ကြိမ် သတိပေးဖူးတယ်ဗျ။ အဲ့တုန်းကတော့ သူမလုပ်တော့ပါဘူး ဆိုပြီး ကတိပေးဖူးတယ်။ အဲ့ဒါအခုဆက်လုပ်နေလို့ နောက်ဆုံးသတိပေးဖို့လုပ်တာ။ သူက မဒေါက်က ဗိုလ်လေး ခင်လှိုင် တစ်ယောက်တည်းတင်မဟုတ်ဘူး။ ညောင်လေးပင် ခမရ ၂၀တပ်က ဗိုလ်တွေနဲ့ရော အရာရှိ တော်တော်များများနဲ့ပါ ပေါင်းနေတာပါ”လို့ 9 Stars UG အဖွဲ့တာဝန်ရှိသူ ဗိုလ်မြွေပွေးက မောင်းကို ပြောပါတယ်။

ရှေ့ဆက်ပြီးတော့လည်း ပဲခူးတိုင်း အရှေ့ခြမ်းထဲမှာ ပြည်သူကို အကြမ်းဖက်စစ်တပ်နဲ့ပေါင်းပြီး ဒုက္ခပေးနေတဲ့ ထောက်တိုင်ဆိုသူတွေကို အပြောမဟုတ်ဘဲ လက်တွေ့အရေးယူသွားမယ်လို့ 9 Stars UG အဖွဲ့က ပြောထားပါတယ်။

0 Shares:
You May Also Like
Read More

စလင်းမြို့နယ် တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း ပြည်သူတွေရှိရာ ကျေးရွာများတွင် စလင်း ပကဖ လှည့်လည်ဖျော်ဖြေခဲ့ (ဓာတ်ပုံသတင်း)

နိုင်ငံကို ပြန်လည်တည်ဆောက်ရေးနဲ့ နိုင်ငံထဲက အ‌ရှုပ်အထွေးတွေကို ဖြေရှင်းဖို့ ခိုင်မာတဲ့ စီမံချက်တွေ ကြံ့ခိုင်ရေးပါတီ (USDP) မှာ ရှိတယ်လို့ ပါတီ ဥက္ကဋ္ဌ ဦးခင်ရီက ပြောဆိုလိုက်ပါတယ်။
Read More

မင်းအောင်လှိုင်က အာဆီယံ ဘုံသဘောတူညီချက်တွေကို လက်နက်သဖွယ်သုံးပြီး ရွေးကောက်ပွဲကို အသိအမှတ်ပြုဖို့ လုပ်ဆောင်ဖွယ်ရှိနေ

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က မကြာခင်မှာ ပြုလုပ်မယ့် ရွေးကောက်ပွဲကို နိုင်ငံတကာက အသိအမှတ်ပြုဖို့ အာဆီယံ ဘုံသဘောတူညီချက်တွေကို အပေးအယူသဘောမျိုး လုပ်ဆောင်လာနိုင်ကြောင်း နိုင်ငံရေး လေ့လာသူတွေက သုံးသပ်ပြောကြားလိုက်ပါတယ်။
Read More

ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ရရှိခဲ့သည့် ဒေါက်တာစင်သီယာမောင်ကို NUG ဂုဏ်ယူကြောင်း သဝဏ်လွှာပေးပို့

ထိုင်းနိုင်ငံမှာ ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ရရှိခဲ့တဲ့ ဒေါက်တာစင်သီယာမောင်ကို NUG ရဲ့ ပညာရေးဝန်ကြီးဌာနက ဝမ်းမြောက် ဂုဏ်ယူကြောင်း သဝဏ်လွှာပေးပို့ခဲ့ပါတယ်။
Read More

ရွေးကောက်ပွဲဝင်မယ့် ပါတီတချို့နဲ့ အပစ်ရပ်လက်နက်ကိုင်တချို့ ဖက်ဒရယ်စနစ်ဆွေးနွေးပွဲအတွက် အိန္ဒိယနိုင်ငံကို ရောက်ရှိနေဟု ဆို

စစ်ကာင်စီရဲ့ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် နိုင်ငံရေးပါတီတချို့နဲ့ အပစ်ရပ် လက်နက်ကိုင်အဖွဲ့တချို့ဟာ အိန္ဒိယနိုင်ငံကို လေ့လာရေးခရီးစဉ် တစ်ခု သွားရောက်နေတယ်လို့ စစ်ကောင်စီ ဝါဒဖြန့်မီဒီယာတွေမှာ ဖော်ပြပါတယ်။
Read More

အမ်းမြို့ကို လာတဲ့ စစ်ကောင်စီ ရဟတ်ယာဥ် အပြန်မှာ ပစ်ခတ်ခံရလို့ အရေးပေါ်ဆင်းသက်ခဲ့ရ

ရခိုင်ပြည်နယ်က အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) တည်ရှိရာ အမ်းမြို့ဆီ လာတဲ့ စစ်ကောင်စီ ရဟတ်ယာဉ်တစ်စီး ပစ်ခတ်ခံရပြီး မကွေးတိုင်းအတွင်း အရေးပေါ် ဆင်းသက်ခဲ့ရတယ်လို့ သိရပါတယ်။
Read More

မံစီတိုက်ပွဲမှာ KIA က စစ်ကောင်စီ တပ်ရင်းမှူးကို အရှင်ဖမ်းမိထား၊ တိုက်ပွဲအတွင်း စစ်ကောင်စီ ဗျူဟာမှူး သေဆုံး

ကချင်ပြည်နယ်၊ မံစီမြို့က စစ်ကောင်စီတပ်စခန်းကို KIA တိုက်ခိုက်သိမ်းပိုက်စဉ် ခမရ (၃၁၉) တပ်ရင်းမှူးကို အရှင်ဖမ်းမိထားပြီး ဗျူဟာမှူးကတော့ သေဆုံးသွားကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။