မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်နဲ့ ပေါက်နယ်အစပ်က ရေနံမှော်တွေရှိရာကို အကြမ်းဖက်စစ်တပ်က ၃ရက်ဆက်တိုက် လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်နေတာကြောင့် အရပ်သား ၂ယောက် သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိနေတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက မောင်းကိုပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၆ရက်နေ့ကစလို့ မြိုင်နဲ့ပေါက်အစပ်မှာရှိတဲ့ ကျောက်ခွက်ရေနံမှော်နဲ့ ဝဲတူးရေနံမှော် အနီးနေရာတွေကို အကြမ်းဖက်စစ်တပ်က ၃ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်နေတယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ Y12 ထောက်ပို့လေယာဥ်တွေ အပါအဝင် စက်တပ်လေထီးတွေနဲ့ပါ ဗုံးကြဲတိုက်ခိုက်နေတာဖြစ်ပြီး ၃ရက်အတွင်း အမျိုးသမီး၁ယောက်၊ အမျိုးသား၁ယောက်သေဆုံးကာ ထိခိုက်ဒဏ်ရာရသူတွေလည်းရှိကြောင်း ဒေသတွင်း သတင်းရင်းမြစ်က ပြောပါတယ်။

“ဒီနေ့ စက်တပ်လေထီး ၂စီးလာပြီးတော့ ပထမ ၁စီးက ပေါက်နယ်အရှေ့မြောက်ပိုင်း မြိုင်နယ်အစပ်ကိုချတယ်။ ဒုတိယအစီးက ပေါက်နယ်အရှေ့ပိုင်းချပါတယ်။ နေ့လည် ၁၂လောက်မှာ တပ်မ ၁၀၁ကနေ တက်လာတာတွေပါ။ လူသေဆုံးမှုရှိပါတယ်။ မနေ့ကချတာ မြိုင်ပါ။ မနေ့ကသေတာ စျေးဆိုင်မှာအလုပ်လုပ်တဲ့ အမျိုးသမီး၊ ဒီနေ့က အမျိုးသားပါ။” လို့ ဒေသတွင်း သတင်းရင်းမြစ်က မောင်းကိုပြောပါတယ်။

အကြမ်းဖက်စစ်တပ်အနေနဲ့ ၃ရက်အတွင်း အဆိုပါနေရာတွေကို စက်တပ်လေထီးတွေအပါအဝင် Y12 နဲ့ ဗုံးသီးအလုံး ၅၀ ကျော်အထိ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ စက်တင်ဘာ၁၄ရက်နေ့ကစပြီး ရေစကြိုဖူလုံ ၂၅၆တပ်ကနေ ထွက်လာတဲ့ အကြမ်းဖက်စစ်ကြောင်းဟာ မြိုင်မြို့နယ်အရှေ့ဘက်ခြမ်းက လင်းကတောရွာကိုဝင်ရောက်ရင်း အနီးနားက ဥယျာဥ်ရွာကို ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့သလို ဒီနေ့မနက်ပိုင်းမှာလည်း ကနီပျူစောထီးရွာဘက်ဆီ ဆက်လက်ဝင်ရောက်သွားတယ်လို့ အညာမြေတပ်ပေါင်းစုကလည်း သတင်းထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ယူနက်စကိုစာရင်းဝင် ပုဂံရှေး​ဟောင်းနယ်မြေထဲကို စစ်ကောင်စီ စတင်လေကြောင်းတိုက်ခိုက်၊ ရေစကြိုမှာလည်း သာဂေါင်ရွာ ဒုတိယအကြိမ် ဗုံးကြဲခံရပြီး နေအိမ်တွေ ထိခိုက်ပျက်စီး

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်မှာ စစ်ကောင်စီက ယူနက်စကိုစာရင်းဝင် ပုဂံရှေးဟောင်းနယ်မြေအတွင်း လေကြောင်းတိုက်ခိုက်မှု စတင်လုပ်ဆောင်ခဲ့ကြောင်း သိရပါတယ်။
Read More

ဝက်လက်မှာ ချေမှုန်းခံရတဲ့ အင်အား ၇၀ ပါ အကြမ်းဖက်စစ်ကြောင်းကနေ ၄၇ ယောက်သေ၊ ၆ ယောက် ဖမ်းမိ၊  ၁၇ ယောက် ပျောက်ဆုံးနေကြောင်း အမှတ် ၁ စစ်ဒေသ တရားဝင်ထုတ်ပြန်

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ မှတ်ထိရွာအနီး အကြမ်းဖက်စစ်ကောင်စီရဲ့ အင်အား ၇၀ ပါ စစ်ကြောင်းကို ချေမှုန်းတိုက်ခိုက်ရာ ၄၇ ယောက် သေပြီး ၆ ယောက် အရှင်ဖမ်းမိကာ ၁၇ ယောက်ပျောက်ဆုံးနေတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁ စစ်ဒေသက တရားဝင်ထုတ်ပြန်လာပါတယ်။
Read More

အင်းတော်မြို့နယ်တွင် ပန်ဒါနီ ၉ ကောင် တရားမဝင်သယ်ဆောင်လာသည့် မော်တော်ယာဉ်များကို NUG ဖမ်းဆီးထိန်းသိမ်း

အမျိုးသားညီညွတ်ရေးအစိုးရ အုပ်ချုပ်မှုနယ်မြေ၊ အင်းတော်မြို့နယ်အတွင်း ပန်ဒါနီ ၉ ကောင်ကို တရားမဝင်သယ်ဆောင်လာသည့် မော်တော်ယာဉ်တွေကို ပြည်သူ့ကာကွယ်ရေးအဖွဲ့ ရဲဘော်တွေက ဖမ်းဆီးရမိခဲ့တယ်လို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
Read More

MNDAA (ထောက်/ပို့) ဌာန၊ ကျန်းမာရေးဦးစီးဌာနရဲ့ အပတ်စဉ်(၃) ကျန်းမာရေးဝန်ထမ်း သင်တန်းဆင်းပွဲ

မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် MNDAA (ထောက်/ပို့) ဌာန၊ ကျန်းမာရေးဦးစီးဌာနရဲ့ ၂၀၂၄ ခုနှစ် အပတ်စဉ်(၃) ကျန်းမာရေးဝန်ထမ်း သင်တန်းဆင်းပွဲအခမ်းအနား ပြုလုပ်ခဲ့တယ်လို့ MNDAA က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

မြင်းခြံခရိုင် အမှတ်(၉) တပ်ရင်း၏ အခြေခံစစ်ပညာသင်တန်း အပတ်စဥ် (၁၆) သင်တန်းဆင်းပွဲ

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြင်းခြံခရိုင် အမှတ် (၉) တပ်ရင်း (Myingyan Black Tiger-MBT) ရဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ်(၁၆) သင်တန်းဆင်းပွဲကို ဖေဖော်ဝါရီလ ၁၉ ရက်က ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

အရာတော်မှာ ကင်းလှည့်နေတဲ့ ပျူစောထီးတွေကို သွားရောက်ပစ်ခတ်တိုက်ခိုက်၊ ပျူစောထီး ၁ ဦး သေဆုံး…

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ ငွေတွင်းကျေးရွာ ပျူစောထီးစခန်းတစ်ဝိုက် ကင်းလှည့်နေတဲ့ ပျူစောထီးတွေကို သွားရောက်ပစ်ခတ်တိုက်ခိုက်ရာ ပျူစောထီး ၁ ယောက် သေဆုံးခဲ့တယ်လို့ မုံရွာခရိုင် တပ်ရင်းအမှတ် ၁၉ - ရောင်နီဦးစစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။