ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ရှိ တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ ဆိပ်မူကျေးရွာ (ဆိုင်းတောင်) ကို အကြမ်းဖက်စစ်ကော်မရှင်တပ်က လက်နက်ကြီး ပစ်ခတ်ခဲ့တာကြောင့် ကလေးငယ် ၁ ယောက် သေဆုံးပြီး အရပ်သားပြည်သူတွေ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ နယ်ခံတွေဆီက သိရပါတယ်။

စက်တင်ဘာ ၁၇ ရက် မနေ့ ညနေ ၄ နာရီလောက်မှာ ထိတွေ့ပစ်ခတ်မှုတွေ မရှိဘဲ စစ်တပ်က ဆိပ်မူကျေးရွာ (ဆိုင်းတောင်) ကို လက်နက်ကြီး ပစ်ခတ်ခဲ့လို့ ၉ နှစ်အရွယ် ကလေးငယ် သေဆုံးခဲ့ပြီး ၄ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

“ထိတွေ့မှုရှိလို့ ပစ်တာမဟုတ်ဘူး။ ထိတွေ့မှုတွေက တခြားနေရာဘက်မှာဖြစ်တာ၊ ဆိုင်းတောင်ကတော့ ထိတွေ့မှုမရှိဘူး။ သူတို့ ညနေပိုင်းမှာ သက်သက်မဲ့ ပစ်တာလို့ပဲ ပြောရမယ်။ ဘယ်ကနေပစ်တာလဲဆိုတော့ ခန့်မှန်းမရဘူး။ ဖားကန့်ဗျူဟာကုန်းက ဖြစ်ချင်ဖြစ်မယ်။ သူတို့ ရရှိထားတဲ့ တခြားနေရာကနေလည်း ပစ်နိုင်တယ်။ စစ်ကောင်စီ ဘယ်ကပစ်လဲဆိုတာတော့ လိုကေးရှင်းက ရှာလို့မရဘူး” လို့ ဖားကန့်နယ်ခံ တစ်ယောက်က မောင်းကို ပြောပါတယ်။

စစ်ကော်မရှင်ပစ်ခတ်လိုက်သည့် လက်နက်ကြီးကြောင့် ဆိပ်မူကျေးရွာ နေအိမ်များ ထိမှန်ပျက်စီးသွားပုံ
စစ်ကော်မရှင်ပစ်ခတ်လိုက်သည့် လက်နက်ကြီးကြောင့် ဆိပ်မူကျေးရွာ နေအိမ်များ ထိမှန်ပျက်စီးသွားပုံ

လက်နက်ကြီး ပေါက်ကွဲမှုကြောင့် သေဆုံးသူဟာ အသက် ၉ နှစ်အရွယ် မမေမြတ်နိုးသွယ်ဖြစ်ပြီး ညီမဖြစ်သူက လက် ထိခိုက်ဒဏ်ရာရခဲ့ကာ စိုးရိမ်ရတဲ့အခြေအနေ ဖြစ်ပါတယ်။ ဒါ့အပြင် အသက် ၆၀ အရွယ် အဘွားဝင်း၊ အသက် ၁၇ နှစ်အရွယ် မောင်အောင်လင်းဦးနဲ့ မသင်ဇာနွယ်တို့လည်း ထိခိုက်ဒဏ်ရာရခဲ့သလို နေအိမ်တချို့လည်း ပျက်စီးသွားတယ်လို့ သိရပါတယ်။

“သေဆုံးသူရဲ့ ညီမအရင်းက လက်ပြတ်သွားတယ်။ အိမ် ၂ အိမ်ထိတာ၊ ဒဏ်ရာရတဲ့ကလေးကို ဆေးရုံပို့တာတောင်မှ ချက်ချင်းပို့နိုင်တဲ့ အနေအထားမှာ မရှိဘူး။ အဲဒီဒဏ်ရာရတဲ့ ကလေးတောင်မှ လူမှုရေးအသင်းတွေရော ကယ်ဆယ်‌ရေးပရဟိတအသင်းဆိုတဲ့ ဥစ္စာတွေက ပိုင်ရာဆိုင်ရာ ၂ ဖက်လုံးကို ခွင့်ပြုချက်တောင်းပြီးတော့မှ ၂ ဖက်လုံး ခွင့်ပြုမှ အဲ့အချိန်မှာ သွားကောက်ရတဲ့ အနေအထားတွေ ရှိတယ်။ ကလေးတစ်ယောက်ကတော့ လက်ပြတ်ထားတဲ့ အနေအထားက စိုးရိမ်ရတယ်။ ကျန်တဲ့သူတွေကတော့ ပြင်းထန်တာလည်းရှိတယ်၊ မပြင်းထန်တာလည်းရှိတယ်” လို့ အထက်ပါ နယ်ခံက ပြောပြပါတယ်။

ဆိပ်မူ (ဆိုင်းတောင်) ကို KIA/KPDF တော်လှန်ရေးတပ်တွေက ၂၀၂၄ ခုနှစ် ဆိပ်မူ Lucky Men Hotel တိုက်ပွဲအပြီး ထိန်းချုပ်စိုးမိုးထားခဲ့တာ ဖြစ်ပါတယ်။
အဲဒီနေ့ ညဥ့်နက်ပိုင်းမှာလည်း ဆိပ်မူကျေးရွာ၊ မှော်ရှန်ရပ်ကွက်အထွက်၊ မိုးကာရွာအတက် လမ်းဟောင်း၊ ရတနာစိမ်းကုမ္ပဏီရဲ့ ဗူးခြံနေရာကို စစ်ကော်မရှင်တပ်က ဂျက်ဖိုက်တာနဲ့ လေကြောင်းတိုက်ခိုက်ခဲ့ပေမယ့် ထိခိုက်ဒဏ်ရာရသူတော့ မရှိခဲ့ဘူးလို့ ဆိုပါတယ်။

စစ်ကော်မရှင်ပစ်ခတ်လိုက်သည့် လက်နက်ကြီးကြောင့် ဆိပ်မူကျေးရွာ နေအိမ်များ ထိမှန်ပျက်စီးသွားပုံ
0 Shares:
You May Also Like
Read More

ဝက်လက်တွင် စစ်ကောင်စီတပ်သား ၆ ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်

ဝက်လက်မြို့နယ်မှာ စစ်ကောင်စီ တပ်သား ၆ ယောက် လက်နက်တွေ ယူဆောင်ပြီး ပြည်သူ့ရင်ခွင်ထံ ခိုလှုံလာတယ်လို့ People's Servant Revolution - Wetlet က ထုတ်ပြန်ပါတယ်။
Read More

ကရင်နီပြည်နယ်အတွင်း အရပ်သားများကို ပစ်မှတ်ထားသော မြန်မာစစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများအပေါ် အရေးပေါ်တုံ့ပြန်မှုများ လိုအပ်နေ

စစ်ကိုင်းတိုင်း၊ ခန္တီးမြို့ အခြေစိုက် စစ်ကောင်စီတပ်က ပြည်သူ့စစ် ၁ ယောက်ဟာ သေနတ်မပါဘဲ လက်နက်မဲ့ အလင်းဝင်ခဲ့လာတယ်လို့ ခန္တီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ဆီက သိရပါတယ်။
Read More

ဖြူးက ဟိန္ဒူဘာသာရေးကျောင်းကို စစ်ကောင်စီ ဒရုန်းဖြင့် တိုက်ခိုက်မှုကြောင့် ပြည်သူ ၇ ဦး သေဆုံး

ပဲခူးတိုင်း၊ ဖြူးမြို့နယ်က ဟိန္ဒူဘာသာရေးကျောင်းကို စစ်ကောင်စီတပ်တွေက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ ၇ဦး သေဆုံးကာ ၄ဦး ထိခိုက် ဒဏ်ရာရရှိသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ညောင်လေးပင်မှာ စစ်ကောင်စီနဲ့ PDF ထိတွေ့တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်က ၁ယောက်သေကာ ဒုတပ်ရင်းမှူး ခြေထောက်ဖြတ်လိုက်ရ

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ပုစွန်မြောင်းကျေးရွာမှာ စစ်ကောင်စီရဲ့ ခမရ (၃၅၀)တပ်ရင်းနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ထိတွေ့တိုက်ပွဲဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က ၁ယောက်သေဆုံးကာ ဒုတပ်ရင်းမှူး အပါအဝင် ၈ယောက်ဒဏ်ရာရရှိသွားတယ်လို့ တောင်ပိုင်းစစ်ဒေသ၊ အမှတ်၂ စစ်ဒေသခွဲက ထုတ်ပြန်ပါတယ်။
Read More

ကေတုမတီလေတပ်စခန်းကို ရှော့တိုက်ဒုံး ၈လုံး အောင်မြင်စွာ ပစ်ခတ်တိုက်ခိုက်၊ ထိခိုက်မှုများနိုင်

စစ်ကောင်စီရဲ့ တောင်ငူ (ကေတုမတီ) လေတပ်စခန်းကို ၁၀၇ မမ ရှော့တိုက်ဒုံး ၁၁လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ရာ ၈လုံးကို အောင်မြင်စွာ ပစ်ခတ်နိုင်ခဲ့တယ်လို့ Brave Warriors for Myanmar (BWM) အဖွဲ့က သတင်းထုတ်ပြန်လာပါတယ်။
Read More

ညောင်လေးပင်တွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နဲ့ PDF တပ်ဖွဲ့ တိုက်ပွဲဖြစ်ပွား၊ စစ်ကောင်စီတပ်က ၁ ဦး သေဆုံး

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်က ၁ ယောက် သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ၃၇၀၃ တပ်ရင်း (မီးနဂါးတပ်ဖွဲ့) က ဒီနေ့မနက်ပိုင်းမှာ ထုတ်ပြန်ပါတယ်။