စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဇီးကုန်းမြို့ရဲစခန်းကို ကာကွယ်ရေးပူးပေါင်းတပ်တွေ လျှပ်တပြက် စီးနင်းဝင်ရောက်တိုက်ခိုက်မှုမှာ စစ်ကော်မရှင်တပ်သားတွေ သေဆုံးမှု ရှိခဲ့သလို အရှင်ဖမ်းမိတဲ့လူတွေကိုတော့ သုံ့ပန်းဥပဒေနဲ့အညီ ထိန်းသိမ်းထားတယ်လို့ ကန့်ဘလူခရိုင် လှုပ်ရှားပကဖတပ်ရင်းထံက သိရပါတယ်။

စက်တင်ဘာ ၁၇ ရက် မနေ့ ညနေ ၃ နာရီလောက်မှာ ဇီးကုန်းမြို့ရဲစခန်းကို ကန့်ဘလူခရိုင် ပကဖစစ်ကြောင်းက ဦးဆောင်ပြီး ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှာ ဗိုလ်လေးနဲ့ ရဲတပ်သား ၆ ယောက် သေဆုံးကာ နောက်ထပ် ဗိုလ်လေး ၂ ယောက်၊ တပ်သား ၂ ယောက်နဲ့ သူတို့ရဲ့ အမျိုးသမီး ၂ ယောက်၊ ကလေး ၂ ယောက်၊ အချုပ်သား ၃ ယောက်ကို အရှင်ဖမ်းမိထားတယ်လို့ ဆိုပါတယ်။

“ပစ်ခတ်မှုက နာရီဝက်လောက်ပဲ ကြာတယ်။ ဖမ်းမိတဲ့အထဲမှာ သူတို့အမျိုးသမီးတွေပါတယ်။ သေဆုံးမှုကို ကိုယ်တိုင်တွေ့ခဲ့ရတာပါ။ စခန်းထဲ ကျန်ခဲ့တာတွေက ထွက်ပြေးသွားတယ်” လို့ ကန့်ဘလူခရိုင် လှုပ်ရှားပကဖတပ်ရင်း တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ဇီးကုန်းရဲစခန်း ဝင်ရောက်စီးနင်းမှု မှတ်တမ်းရုပ်သံထဲမှာ ဖမ်းဆီးရမိတဲ့အထဲ ရဲတစ်ယောက်ရဲ့ ကိုယ်ဆောင်အမျိုးသမီးလည်း ပါနေပြီး တော်လှန်ရေးရဲဘော်တွေက အဆိုပါ အမျိုးသမီးအတွက် ကိုယ်ဝန်ဆောင်အင်္ကျီတွေ ဝင်ယူပေးနေတာကိုလည်း တွေ့ရပါတယ်။ ဒါ့အပြင် ဖမ်းမိသူတွေကို ဘာမှမလုပ်ဘူးဆိုတဲ့အကြောင်း အာမခံ ပြောဆိုနေတာကို တွေ့ရပါတယ်။

ရဲစခန်းထဲက အဆောက်အအုံတချို့ကိုလည်း ကာကွယ်ရေးတပ်ဖွဲ့တွေက မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

“လိုင်းတွေနဲ့ ရုံးခန်း၊ အချုပ်ခန်း၊ စခန်းတခုလုံးပါပဲ၊ လိုင်းခန်းတွေက အရှေ့၊ အနောက်နဲ့ တောင်ဘက်မှာရှိတယ်။ အချုပ်ခန်းနဲ့ ရုံးက တောင်ဘက်အလယ်ခေါင်မှာ။ ဖမ်းမိ သုံ့ပန်းများ သုံ့ပန်းဥပဒေအရ ထားရှိပါတယ်” လို့ အထက်ပါ တာဝန်ရှိသူက ဆက်ပြောပါတယ်။

အဆိုပါ စီးနင်းတိုက်ခိုက်မှုကို ကန့်ဘလူခရိုင် ပကဖ စစ်ကြောင်းက ဦးဆောင်ပြီး ဓူဝံပကဖ အပါအဝင် နယ်မြေခံ ပကဖတွေ ပူးပေါင်းလုပ်ဆောင်ခဲ့ကာ ပစ်ခတ်မှုဖြစ်ပွားပြီးတဲ့နောက် ဝက်တိုးရဲစခန်းနဲ့ ဇီးကုန်းအရှေ့ဘက် သကြားစက်ကနေ စစ်ကော်မရှင်စစ်ကူ တစ်ရာခန့် ရောက်လာခဲ့ပေမယ့် တော်လှန်ရေးရဲဘော်တွေကတော့ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွါနိုင်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ရဲစခန်းထဲကနေ G3 သေနတ် ၉ လက်၊ G4 ၁ လက်၊ MA 15 ၁ လက်နဲ့ ပစ္စတို ၁ လက် သိမ်းဆည်းရရှိခဲ့တယ်လို့လည်း သိရပါတယ်။

0 Shares:
You May Also Like
Read More

ဝက်လက်နယ်တွင် ပအဖ ရုံးအဖွဲ့မှူးနှင့် အမျိုးသမီး ၁ဦး လုပ်ကြံပစ်ခတ်ခံရ

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်နယ်မှာ ပအဖရုံးအဖွဲ့မှူးနဲ့ အမျိုးသမီး၁ယောက် သေနတ်နဲ့ပစ်ခတ်လုပ်ကြံခံရပြီး သေဆုံးသွားကြောင်း သိရပါတယ်။
Read More

လောင်းလုံးမှာ ဖမ်းမိတဲ့ သန်းခေါင်စာရင်းကောက်ဝန်ထမ်းတွေကို အရေးယူနိုင်ဖို့ မြို့နယ်ပအဖထံ အပ်နှံ

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်မှာဖမ်းဆီးထိန်းသိမ်းထားတဲ့ သန်းခေါင်စာရင်းကောက်ခံသူ စစ်ကောင်စီဝန်ထမ်း ၉ယောက်ကို ဥပဒေအတိုင်းဆက်လက်လုပ်ဆောင်နိုင်ဖို့ လောင်းလုံးမြို့နယ်၊ ပြည်သူအုပ်ချုပ်ရေးအဖွဲ့ (ပအဖ) ထံ လွှဲပြောင်းအပ်နှံထားကြောင်း သိရပါတယ်။
Read More

ဗဟိုချုပ်ကိုင်မှု လျှော့ချမယ့် ဖက်ဒရယ်အသွင် ကူးပြောင်းရေး အစီအမံဆိုင်ရာ အခြေခံဥပဒေကို စတင်ပြင်ဆင်ရေးဆွဲနေပြီဟု တိုင်းရင်းသားလက်နက်ကိုင် (၉) ဖွဲ့ အသိပေး

“ပြည်နယ်အားကောင်းရေးမှ ပြည်ထောင်စု အားကောင်းရေး" (Bottom-up Federalism Approach) အခြေခံ ချည်းကပ်မှုနဲ့သာ တိုင်းပြည်ကို ပြန်လည်တည်ဆောက်ရေး အဓိက လုပ်ဆောင်သွားမယ်လို့  တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ၉ ခုက ပူးတွဲကြေညာချက် တစ်ရပ်ထုတ်ပြန်လိုက်ပါတယ်။ 
Read More

ကရင်ပြည်နယ်က အကြမ်းဖက်စစ်တပ်ရဲ့ ဥကရစ်ထ စခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေ ဒရုန်းနဲ့ဗုံးချခဲ့လို့ စစ်သား ၄ ယောက်ထက်မနည်း သေဆုံး

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်မှာရှိတဲ့ အကြမ်းဖက်စစ်တပ်အထိုင်ချထားတဲ့ ဥကရစ်ထ စခန်းကို KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက အောက်တိုဘာလ ၅ရက်နေ့မှာ ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်ခဲ့လို့ အကြမ်းဖက်စစ်သား ၄ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
Read More

ရန်ကုန်-မန္တလေးလမ်းဟောင်းဘေးရှိ စစ်တပ်စခန်းနှင့် စစ်ကြောင်းကို တိုက်ခိုက်၊ အရာရှိ တစ်ဦးအပါ စစ်တပ်က ၁၅ ဦး သေဆုံး

ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်အတွင်းရှိ ရန်ကုန်-မန္တလေး လမ်းဟောင်းဘေးက အကြမ်းဖက်စစ်‌ကောင်စီ စခန်းနဲ့ စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ အရာရှိ တစ်ယောက် အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ယောက် သေဆုံးခဲ့တယ်လို့ အုတ်တွင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ က မနေ့က ထုတ်ပြန်ပါတယ်။
Read More

လားရှိုးမြို့ကို လေကြောင်းတိုက်ခိုက်ဖို့ စစ်ကောင်စီကို သတင်းပေးခဲ့သူ ၂၀ ကျော်ကို ဖမ်းဆီးထိန်းသိမ်းထားဟု ဆို

လားရှိုးမြို့ကို လေကြောင်းကနေတိုက်ခိုက်ဖို့ စစ်ကောင်စီကို သတင်းပေးခဲ့သူ ၂၀ ကျော်ကို MNDAA က ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ အသိပေး ထုတ်ပြန်ပါတယ်။