၂၀၂၅ ခုနှစ် ဇန်နဝါရီလကနေ အခု စက်တင်ဘာလ ပထမပတ်အထိ အာဏာသိမ်း စစ်ကော်မရှင်လက်အောက်ကနေ အလင်းဝင်လာသူတွေနဲ့ လက်နက်ချ စစ်သုံ့ပန်း စုစုပေါင်း ၂၀၂၉ ယောက် ရှိပြီ ဖြစ်တယ်လို့ ပြည်သူ့ပန်းတိုင်က မနေ့က စက်တင်ဘာ ၁၆ ရက်မှာ ထုတ်ပြန်ပါတယ်။

အခု စက်တင်ဘာလ ပထမပတ်ထဲမှာဆိုရင် အလင်းဝင်သူနဲ့ လက်နက်ချ စစ်သုံ့ပန်း ၂၅ ယောက်ရှိခဲ့တယ်လို့ သိရပြီး အလင်းဝင်လာသူ ၁၅ ယောက်နဲ့ စစ်သုံ့ပန်း ၁၀ ယောက် ဖြစ်တယ်လို့ ဆိုပါတယ်။

အလင်းဝင်လာတဲ့ စစ်သား ၁၅ ယောက်ဟာ စစ်ကိုင်းတိုင်းက ဖြစ်ပြီး သူတို့ထဲမှာ ၂ ယောက်က စစ်မှုထမ်းတပ်သားသစ်တွေဖြစ်ကာ ၁၃ ယောက်က စစ်ကော်မရှင်တပ်ဖွဲ့ဝင်ဟောင်းတွေ ဖြစ်တယ်လို့ သိရပါတယ်။ အရင်က တပ်သားသစ်တွေသာ အုပ်စုလိုက် လင်းဝင်လာတာများပေမယ့် အခုနောက်ပိုင်းမှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင်ဟောင်းတွေပါ ဦးဆောင်အလင်းဝင်လာတာကို တွေ့ရတယ်လို့ ဆိုပါတယ်။

စက်တင်ဘာ ပထမပတ်အတွင်း ဖမ်းဆီးခံ စစ်သုံ့ပန်း ၁၀ ယောက်ကတော့ တနင်္သာရီတိုင်းက ဖြစ်ပြီး သူတို့ထဲက ၆ ယောက်က တပ်သားသစ်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။ 

လက်ရှိမှာ စစ်ကော်မရှင်တပ်သားတွေဟာ တော်လှန်ရေးကာလ ကြာလာသည်နှင့်အမျှ အနားမရမှု၊ ဖိနှိပ်ခံရမှု၊ မိသားစုနဲ့ ကြာမြင့်စွာ ခွဲခွာနေရမှုတွေကြောင့် စိတ်ထောင်းကိုယ်ကြေ ဖြစ်လာတာကို မြင်တွေ့ရပြီး ၂၀၂၅ ခုနှစ်အတွင်း အလင်းဝင်လာသူနဲ့ လက်နက်ချ စစ်သုံ့ပန်း စုစုပေါင်း ၂၀၂၉ ယောက် ရှိပြီဖြစ်တယ်လို့ ပြည်သူ့ပန်းတိုင်က ကောက်ယူထားတဲ့ အချက်အလက်တွေအရ သိရပါတယ်။

0 Shares:
You May Also Like
Read More

စလင်းမြို့ပေါ် တရားမဝင် ရွေးကောက်ပွဲအတွက် သရုပ်ပြနေချိန် အသံမိုင်း ဖောက်ခွဲ သတိပေးခဲ့

မကွေးတိုင်း၊ စလင်းမြို့ပေါ်မှာ တရားမဝင် (အတုအယောင်) ရွေးကောက်ပွဲအတွက် သရုပ်ပြပွဲပြုလုပ်နေချိန် အသံမိုင်းတစ်လုံး ဖောက်ခွဲ သတိပေးခဲ့တယ်လို့ စလင်းမြို့နယ်မြို့ပြ (UG) ကျားပေါက်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

အောင်လံတွင် ဒလန်သတင်းပေးမှုနှင့်အတူ PDF တပ်ဖွဲ့ဝင်များ ခြုံခိုတိုက်ခိုက်ခံရပြီး ၆ဦးသေ၊ လက်နက်ဆုံးအချို့ဆုံးရှုံး

မကွေးတိုင်း၊ အောင်လံမြို့နယ်မှာ တာဝန်ပြီးဆုံးသူတွေကို လိုက်ပို့တဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ကြားဖြတ်တိုက်ခိုက်တာခံရပြီး ၆ယောက်သေဆုံးခဲ့တယ်လို့ အောင်လံစစ်ရေးသတင်းရင်းမြစ်က မောင်းကိုပြောပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၈ရက်နေ့က အောင်လံမြို့နယ် မြင့်ဦးကျေးရွာနဲ့ ညောင်ပင်ဆိပ် ကျေးရွာကြားမှာ ရှိတဲ့ စစ်အုပ်စုကင်းပုန်းက ဒလန်သတင်းပေးမှုနဲ့အတူ အဲ့ဒီနေ့ညနေပိုင်းမှာ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကို အသင့်စောင့်ကြိုတိုက်ခိုက်ခဲ့တာလို့ သိရတာပါ။
Read More

ညစ်ညမ်းစာပေ ထုတ်ဝေတယ် ဟုဆိုကာ စစ်ကောင်စီက စာအုပ်ထုတ်ဝေရေး လုပ်ငန်းတစ်ခုကို လိုင်စင်ပိတ်သိမ်း

ညစ်ညမ်း စာပေထုတ်ဝေတယ်ဟုဆိုကာ စာအုပ်ထုတ်ဝေရေး လုပ်ငန်းတစ်ခုကို စစ်ကောင်စီက လုပ်ငန်းလိုင်စင် ပိတ်သိမ်းလိုက်ကြောင်း စစ်ကောင်စီရဲ့ ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြပါတယ်။ 
Read More

ရှေ့တန်းစစ်မြေပြင်မှာ ကျဆုံးခဲ့သည့် BLDF ရဲဘော် အောင်ဖြိုးဝေ၏ စျာပန

အကြမ်းဖက်စစ်ကောင်စီတပ်ကို တော်လှန်တိုက်ခိုက်ရင်း ရှေ့တန်းစစ်မြေပြင်မှာ ကျဆုံးခဲ့တဲ့ ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး - BLDF  ရဲဘော်အောင်ဖြိုးဝေ (ခ) ဗလကြီး (ခ)နတ်ဆိုးရဲ့ စျာပနအခမ်းအနားကို ဧပြီ ၆ ရက် မနေ့က ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ထိုင်း-မြန်မာနယ်စပ်အနီး အခြေစိုက်ထားတဲ့ စခန်းတွေ ဖယ်ခိုင်းလို့ တိုက်ပွဲဖြစ်ပွားနိုင်တဲ့အနေအထားအထိ ထိုင်းစစ်တပ်နဲ့ UWSA တို့ စစ်ရေးတင်းမာနေ…

ထိုင်း-မြန်မာနယ်စပ် မယ့်ဟောင်ဆောင်နယ်စပ်စည်းနားမှာ ထိုင်းစစ်တပ်နဲ့ မြန်မာနိုင်ငံအတွင်း တိုင်းရင်းသားလက်နက်ကိုင်တွေထဲက အင်အားအကြီးမားဆုံးတပ်ဖွဲ့တွေထဲက တစ်ခုဖြစ်တဲ့ “၀” ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) တို့ဟာ နယ်မြေပြဿနာကြောင့် နိုဝင်ဘာ ၂၅ ရက် ဒီနေ့မှာ အတင်းမာဆုံးအခြေအနေရောက်ရှိလာနေတယ်လို့ ထိုင်းသတင်းမီဒီယာတွေက ဖော်ပြထားပါတယ်။
Read More

ဆောမြို့နယ်က ဆီပေပါ သိုလှောင်ရုံကို စစ်အုပ်စုကလေကြောင်းမှ တိုက်ခိုက်၊ စက်သုံးဆီ ပေပါ အလုံး ၈၀ မီးလောင်ပျက်စီးခဲ့…

"ဆီပေပါတွေက အဲ့မြို့နားတစ်ဝိုက် ရောင်းချနေတဲ့သူတွေ သိုလှောင်ထားတဲ့ ပေပါတွေပါ၊ PDF နဲ့ မဆိုင်ပါဘူး၊ မကြာခဏဆိုသလို အတင်၊အချတွေတော့ ရှိပါတယ်" လို့ ယောအလင်းတန်းမှ ကိုအောင်ကြီးက မောင်းသတင်းဌာနကို ပြောပါတယ် ။ အဆိုပါလေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရသူတွေမရှိပေမယ့်လည်း ယာယီတဲတစ်လုံး နဲ့ စက်သုံးဆီပေပါ အလုံး ၈၀ မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။