တနင်္သာရီတိုင်း၊ ထားဝယ်မြို့ကနေ စစ်ကူလာတဲ့ အကြမ်းဖက် စစ်ကော်မရှင်တပ်ကို ကြားဖြတ်တိုက်ခိုက်ရာ စစ်အုပ်စုဘက်က ၁၀ ယောက် သေဆုံးခဲ့ကြောင်း KNU မြိတ်ထားဝယ်ခရိုင်က ထုတ်ပြန်ထားပါတယ်။

စက်တင်ဘာ ၁၄ ရက်နေ့က အကြမ်းဖက်စစ်တပ်ဟာ ကျောက်မဲတောင်တပ်စခန်းကနေ ထားဝယ်မြို့ကို စစ်ကြောင်းချိန်း ပြန်လာနိုင်ဖို့အတွက် ထားဝယ်ဘက်က တက်လာတဲ့ စစ်အင်အား ၁၀၀ ဝန်းကျင်ကို တော်လှန်ရေး ပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ အကြမ်းဖက် စစ်အင်အား ၁၀၀ ဝန်းကျင်ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် K.N.L.A ‌တပ်မဟာ(၄)၊ တပ်ရင်း(၁၂) တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ပကာရီ‌ကျေးရွာအနီးမှာ ကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်အုပ်စုဘက်က ၁၀ ယောက်သေ၊ ၁၅ယောက်ခန့် ဒဏ်ရာရကာ MA(1) သေနတ် ၁လက်နဲ့ ခဲယမ်းတချို့ကို တော်လှန်ရေးတပ်တွေ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက် အထိနာသွားတဲ့ စစ်တပ်က တိုက်ပွဲနဲ့ မသက်ဆိုင်တဲ့ ပကာရီကျေးရွာထဲကို ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဘုန်းကြီးကျောင်း ၁ကျောင်း အပါအဝင် အရပ်သားပြည်သူတွေရဲ့ လူနေအိမ် တချို့ ထိခိုက်ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

အကြမ်းဖက်စစ်ကော်မရှင်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးမှုများ (ဓာတ်ပုံ KNU – Mergui-Tavoy District)

0 Shares:
You May Also Like
Read More

ဘုန်းတော်ကြီး ဖာသာဒေါ်နယ်မာတင်ကို သတ်ခဲ့သည့် LDF ၈ ဦးကို ထောင်ဒဏ် နှစ် ၂၀ စီ ချမှတ်

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ကန်ကြီးတောကျေးရွာ၊ လုဒ်မယ်တော်သခင်မဘုရားကျောင်းမှာ သာသနာ့တာဝန် ထမ်းဆောင်နေတဲ့ ဖာသာဒေါ်နယ်မာတင်ကို သတ်ဖြတ်ခဲ့သူတွေကို ထောင်ဒဏ်နှစ် ၂၀ စီ ချမှတ်ခဲ့တယ်လို့ ပကဖ အသံက သတင်းဖော်ပြထားပါတယ်။
Read More

KNDF ဗျူဟာ (၆) စစ်သင်တန်းဆင်းပွဲ

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)  ဗျူဟာ အမှတ် (၆) ရဲ့ အပတ်စဥ် (၄) အခြေခံစစ်သင်တန်းဆင်းပွဲကို ဒီဇင်ဘာလ ၁၃ ရက်မှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ဆက်သွယ်ရေး ဥပဒေနဲ့ ထောင်ဒဏ် ၅ နှစ် ချမှတ်ခံထားရတဲ့ သရုပ်ဆောင် သင်ဇာဝင့်ကျော် ပြန်လည် လွတ်မြောက်…

အကြမ်းဖက်စစ်ကောင်စီက အီလက်ထရောနစ်ဆက်သွယ်ရေးဥပဒေပုဒ်မ ၃၃ (က)နဲ့ ထောင်ဒဏ် ၅ နှစ်ချမှတ်ခံခဲ့ရတဲ့ သရုပ်ဆောင် သင်ဇာဝင့်ကျော်ဟာ ဇန်နဝါရီ ၄ ရက် ဒီနေ့မှာ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်နဲ့ ပြန်လည် လွတ်မြောက်လာတယ်လို့ သူမနဲ့ နီးစပ်တဲ့ အနုပညာအသိုင်းအဝိုင်းဆီက သိရပါတယ်။
Read More

နောင်ချိုမြို့နယ်တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ တစ်ရက်တာအတွင်း ဒရုန်းဖြင့် ဗုံး (၂၈) လုံးနှင့် လက်နက်ကြီး (၆၈) လုံး ပစ်ကူတိုက်ခိုက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ရှိ နောင်လင်၊ နောင်အော၊ လုံစံနဲ့ နောင်ဖာကျေးရွာတို့မှာ   တိုက်ပွဲဖြစ်ပွားနေရာ ဇွန်လ (၂၅) ရက် တစ်ရက်အတွင်းမှာ စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံး (၂၈) လုံး၊ လက်နက်ကြီး (၆၈) လုံး ပစ်ကူတိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဖားကန့်တွင် သေနတ်ဒဏ်ရာဖြင့် သေဆုံးနေသည့် အမျိုးသားအလောင်း ၁လောင်း တွေ့ရှိ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ သေနတ်ဒဏ်ရာနဲ့ သေဆုံးနေတဲ့ အမျိုးသားတစ်ယောက်ရဲ့ ရုပ်အလောင်းကို မနေ့က တွေ့ရှိခဲ့တယ်လို့ နယ်ခံတွေဆီက သိရပါတယ်။ ဒီဇင်ဘာ ၃ရက် မနက် ၈နာရီလောက်က မှော်စီစာကျေးရွာ A2 ရပ်ကွက်က ကျင်းတူးနေတဲ့နေရာအနီးမှာ သေနတ်ဒဏ်ရာနဲ့ သေဆုံးနေတဲ့ အသက် ၃၅ နှစ်အရွယ် အမျိုးသားရဲ့ ရုပ်အလောင်းကို တွေ့ရှိခဲ့တာဖြစ်ပြီး သေဆုံးသူဟာ မူးယစ်ဆေးသုံးစွဲသူဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
Read More

စစ်သုံ့ပန်းထိန်းသိမ်းရေးစခန်း မင်္ဂလာပွဲအတွက် စခန်းတာဝန်ခံ တောင်းပန်

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ရဲ့ စစ်သုံ့ပန်းထိန်းသိမ်းရေးစခန်းက စစ်သုံ့ပန်း မိသားစုရဲ့ မင်္ဂလာဧည့်ခံပွဲကို ကျင်းပပေးခဲ့ရာမှာ ဝေဖန်သူတွေ များပြားလာတာကြောင့် စခန်းတာဝန်ခံက ပြန်လည် တောင်းပန်စာ ထုတ်ပြန်လာပါတယ်။