မွန်ပြည်နယ်၊ သထုံအကျဉ်းထောင်မှာ အချုပ်သားတချို့ ထွက်ပြေးရော ၃ ယောက်ကို ချက်ချင်း ပြန်လည် ဖမ်းမိခဲ့တယ်လို့ သထုံအကျဉ်းထောင်နဲ့ နီးစပ်သူတွေထံက သိရပါတယ်။ 

ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၅ ရက် ညနေ ၅ နာရီဝန်းကျင်အချိန်မှာ သထုံတရားရုံးကနေ ရုံးထုတ်ပြီး ကားနဲ့ ပြန်လာတဲ့လမ်းမှာ အကျဉ်းထောင်ဝန်ထမ်းတွေ ကားတံခါးဖွင့်စဉ် အချုပ်သားတချို့ ထွက်ပြေးသွားတာ ဖြစ်တယ်လို့ သိရပါတယ်။ 

“ပြေးတဲ့ အချုပ်သားက ၇ ယောက်လား… ၈ယောက်လား အတိအကျ မသိရသေးဘူး။ ပြန်ဖမ်းမိတာကတော့ ၃ယောက် သေချာတယ်။ ပြေးတဲ့အထဲမှာ နိုင်ငံရေးကြောင့် ဖမ်းခံရတွေလည်း ပါတယ်။ ဘာလို့လဲဆိုတော့ အဲဒီညနေ ရုံးထုတ်တာမှာ နိုင်ငံရေးကြောင့် ဖမ်းခံရသူ ၃ဦးပါတယ်။ ဒါပေမယ့် ပြန်ဖမ်းမိတဲ့ ၃ဦးက နိုင်ငံရေးအကျဉ်းသားတွေလား…. တခြားအကျဉ်းသားတွေလားတော့ အတိအကျ မသိရသေးပါဘူး” လို့ သထုံအကျဉ်းထောင်နဲ့ နီးစပ်သူတယောက်က မောင်းကို ပြောပါတယ်။ 

အခုလို အချုပ်သားတွေ ထွက်ပြေးလွတ်မြောက်သွားတာကြောင့် အဲဒီဖြစ်စဉ်မှာ ရှိနေတဲ့ အကျဉ်းဦးစီးဝန်ထမ်း ၃ ယောက်ကိုလည်း အကျဉ်းထောင်ထဲမှာ ပြန်လည် ဖမ်းဆီး ချုပ်နှောင်ထားတယ်လို့ သိရပါတယ်။ 

“အချုပ်သားတွေက ကားပေါ်က မဆင်းခင်ကတည်းက လက်ထိပ်တွေ ပြုတ်နေပြီလို့ သိရတယ်။ ဝန်ထမ်းတွေက ပေါ့သွားတာလည်း ပါတာပေါ့။ သူတို့ကလည်း ဒီလို ထွက်ပြေးတာတွေ မရှိတော့ သေချာ မစောင့်ကြပ်ပဲ အချုပ်တံခါးကို သွားဖွင့်ချိန်မှာ ပြေးသွားတာပဲ” လို့ အထက်ပါ သတင်းရင်းမြစ်က ဆက်ပြောပါတယ်။ 

လက်ရှိမှာတော့ စစ်တပ်နဲ့ အကျဉ်းထောင်ဝန်ထမ်းတွေဟာ အကျဉ်းသားတွေ ထွက်ပြေးလွတ်မြောက်သွားတဲ့ နေရာတဝိုက်ကို ပိုက်စိပ်တိုက် ရှာဖွေမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

 

0 Shares:
You May Also Like
Read More

ရေဦးမြို့ ကြာဖူးအဝိုင်းဂိတ်မှ စစ်သား ၁ ဦး သေနတ် ၂ လက် ယူဆောင် အလင်းဝင်

စစ်ကိုင်းတိုင်း၊ ရေဦးမြို့ ကြာဖူးအဝိုင်း စစ်တပ်ဂိတ်မှာ တာဝန်ကျနေတဲ့ စစ်သားတစ်ယောက်ဟာ သေနတ် ၂ လက် ယူဆောင်ပြီး အလင်းဝင်လာတယ်လို့ ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံက သိရပါတယ်။
Read More

မင်းအောင်လှိုင်၏လူယုံ ကြံ့ခိုင်ရေးဥက္ကဋ္ဌ ဦးခင်ရီနှင့် စစ်အုပ်စု အလိုကျ ရုပ်ရှင်လောကသားများ တွေ့ဆုံ

အကြမ်းဖက်မင်းအောင်လှိုင်ရဲ့ လူယုံလို့ အများက သိထားတဲ့ ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌ ဦးခင်ရီဟာ ရန်ကုန်တိုင်းပါတီ ဥက္ကဋ္ဌ၊ ဗဟိုအလုပ်အမှုဆောင် ဦးခင်မောင်စိုးနဲ့အတူ ဇူလိုင်လ ၃၁ ရက်မှာ စစ်ကောင်စီအားပေး ရုပ်ရှင်လောကသားတွေနဲ့ တွေ့ဆုံခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
Read More

KNU ဗဟိုဌာနချုပ်မှာ ပြုလုပ်တဲ့ (၇၈) ကြိမ်မြောက် ကရင်အမျိုးသားအစည်းအရုံး (KNU)နေ့ အခမ်းအနား (ဓာတ်ပုံသတင်း)

၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်မှာ စတင်တည်ထောင်ခဲ့တဲ့ KMU ရဲ့ (၇၈) ကြိမ်မြောက် ကရင်အမျိုးသားအစည်းအရုံး (KNU)နေ့ အခမ်းအနားကို KNU ဗဟိုဌာနချုပ်မှာ ကျင်းပခဲ့တယ်လို့ မှတ်တမ်းဓာတ်ပုံတွေနဲ့ KNU ဗဟိုက ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

မုံရွာက MRTV အသံလွှင့်တာဝါတိုင်စခန်းကို တိုက်ခိုက်သိမ်းပိုက်၊ စစ်ကောင်စီတပ်သား ၁၁ ဦး သေဆုံး

မုံရွာမြို့နယ်ရှိ MRTV အသံလွှင့် တာဝါတိုင်ကုန်းစခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း အမှတ်(၁) စစ်ဒေသက အသိပေးထုတ်ပြန်လာပါတယ်။
Read More

တောကျီးကန်းတပ်ရင်း စိုးမိုးနယ်မြေအတွင်း လေကြောင်းရန်ကာကွယ်ရေး အသိပညာပေး (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောကျီးကန်းတပ်ရင်းရဲ့ တာဝန်ရှိသူတွေဟာ စိုးမိုးနယ်မြေတွေအတွင်းက ကျေးရွာနေပြည်သူတွေ စစ်ကောင်စီလေကြောင်းအန္တရာယ်ကြောင့် အသက်၊ အိုးအိမ်၊ စည်းစိမ် ထိခိုက်ပျက်စီးဆုံးရှုံးမှုတွေ ကင်းဝေးစေဖို့အတွက် လေကြောင်းရန်ကာကွယ်ရေး အသိပညာပေးဆွေးနွေးမှုတွေ ပြုလုပ်ပေးခဲ့တယ်လို့ သိရပါတယ်။
Read More

အရက်ဝယ်ပြီး ပြန်လာသည့် စစ်အုပ်စု မြို့လယ်ခေါင်တွင် ပစ်ခတ်တိုက်ခိုက်ခံရ၊ ၄ ဦး သေပြီး ၁ ဦး လွတ်မြောက်သွား

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တောင်ခြမ်းမှာ အရက်ဝယ်ပြီးပြန်လာတဲ့ ပျူစောထီးတွေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် တချို့ကို သွားရောက်တိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးသူတွေ ရှိခဲ့တယ်လို့ ရေဦးမြို့နယ် ဓူဝံ ပကဖ ဂျာဂျာ တော်လှန်ရေးအဖွဲ့ထံက သိရပါတယ်။