ရန်ကုန်တိုင်း၊ တောင်ဥက္ကာပမြို့နယ်မှာ ညစောင့် လုံခြုံရေးဝန်ထမ်း ၁ ယောက် ကိုယ့်ကိုယ်ကိုယ် ကြိုးဆွဲချ သတ်သေခဲ့တယ်လို့ ရုပ်အလောင်း သွားရောက်သယ်ဆောင်ပေးခဲ့တဲ့ မေတ္တာသီတာရေစင် လူမှုကယ်ဆယ်ရေးအသင်းထံက သိရပါတယ်။

စက်တင်ဘာလ ၁၆ ရက် ဒီမနက် ၄ နာရီဝန်းကျင်အချိန် တောင်ဥက္ကလာမြို့နယ်၊ ၆ ရပ်ကွက်။ ဝေဇယန္တာလမ်း၊ အင်းဝ (၃) လမ်းနားက ပုဂ္ဂလိကကုမ္ပဏီတခုမှာ အဆိုပါဖြစ်စဥ် ဖြစ်ပွားခဲ့တာပါ။

“ကျနော်တို့ကို မနက် ၅နာရီလောက်မှာ အလောင်းသယ်ဖို့ ဆက်သွယ်လာတာ။ ဖြစ်စဉ်ကတော့ မနက် ၄ နာရီလောက်မှာ စည်ပင်ဝန်ထမ်းတွေက လမ်းသန့်ရှင်းရေးလုပ်တာမှာ ကြိုးဆွဲချ သေနေတာကို တွေ့တာပဲ။ အဲ့ကနေမှ ရဲခေါ်၊ ပြီးတော့မှ ကျနော်တို့က ကြိုးဖြေပြီးတော့ ရင်ခွဲရုံပို့ရတာပါ” လို့ မေတ္တာသီတာရေစင် လူမှုကယ်ဆယ်ရေးအသင်း တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

သေဆုံးသူဟာ အသက် ၃၀ ဝန်းကျင်အရွယ်ဖြစ်ပြီး မသေဆုံးခင် သေတမ်းစာကဲ့သို့ စာမျိုးတွေ ရေးသားထားတာကိုလည်း မတွေ့ရဘူးလို့ သူကဆိုပါတယ်။ အဲဒီနောက် သေဆုံးသူရဲ့ ရုပ်အလောင်းကိုတော့ စံပြဆေးရုံ ရင်ခွဲရုံဆီ ပို့ဆောင်ထားတယ်လို့ ကနဦး သိရပါတယ်။

မေတ္တာသီတာရေစင် လူမှုကယ်ဆယ်ရေးအသင်း


အလားတူ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၂ ရက်နေ့ ညပိုင်းအချိန်မှာ ဘေလီတံတားပေါ်ကနေ စုံတွဲတတွဲဟာ ငမိုးရိပ်ချောင်းထဲကို ခုန်ချခဲ့တဲ့ ဖြစ်စဉ်လည်း ရှိခဲ့ပါတယ်။ ဒါ့အပြင် အခု စက်တင်ဘာ လဆန်းပိုင်းတုန်းက အမျိုးသားတစ်ယောက် တောင်ဒဂုံမြို့နယ် ငမိုးရိပ်တံတားပေါ်ကနေ ခုန်ချသေဆုံးသွားခဲ့တာကြောင့် သူ့ရဲ့အမျိုးသမီးဖြစ်သူလည်း စက်တင်ဘာ ၁၃ရက်နေ့မှာ အဆိုပါ တံတားပေါ်ကနေ လိုက်ခုန်ချသွားခဲ့သေးတယ်လို့ သိရပါတယ်။

လက်ရှိ မြန်မာပြည်တွင်းမှာ ကိုယ့်ကိုကိုယ် အဆုံးစီရင်မှုတွေ မကြာခဏဆိုသလို ဖြစ်ပွားနေပြီး ဒီလိုဖြစ်ရပ်တွေဟာ စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရဲ့ စီးပွားရေးကျဆင်းကာ ပြည်သူတွေရဲ့ လူနေမှုဘဝတွေ တနေ့တခြား ကြပ်တည်းလာတာတွေကြောင့် ဖြစ်တယ်လို့လည်း ဝေဖန်မှုတွေ ရှိနေပါတယ်။

0 Shares:
You May Also Like
Read More

ပေါက်ခေါင်းမှာ လောင်းကစားဝိုင်းကို တော်လှန်ရေးတပ်ဖွဲ့ ဝင်ရောက်ဖမ်းဆီး

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်မှာ ပြုလုပ်နေတဲ့ လောင်းကစားဝိုင်းကို ဝင်ရောက် ဖမ်းဆီးရာ ငွေသား ၇သိန်းနဲ့အတူ လောင်းကစား ဆက်စပ်ပစ္စည်းတွေကို ဖမ်းဆီးရမိခဲ့တယ်လို့ ပြည်ခရိုင်၊ တပ်ရင်း ၃၆၀၂ က သတင်းထုတ်ပြန်လာပါတယ်။ 
Read More

MDY-PDF ထိန်းချုပ်နယ်မြေရှိ ပြည်သူများကို လေကြောင်းရန်နှင့် လက်နက်ကြီးအန္တရာယ်ကာကွယ်ရေး အသိပညာပေးစာစောင်များ ဖြန့်ဝေ (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) နဲ့  အာဏာရှင်စနစ်ဆန့်ကျင်ရေး ပြည်သူ့အင်အားများ ချိတ်ဆက်ညှိနှိုင်းရေးကော်မတီ (AFCC - Mdy) တို့ပူးပေါင်းပြီး ဒေသတွင်းနေထိုင်သူ ပြည်သူတွေကို လေကြောင်းရန်နဲ့ လက်နက်ကြီးအန္တရာယ်ကာကွယ်ရေးအတွက် အသိပညာပေးစာစောင်တွေ ဖြန့်ဝေပေးခဲ့တယ်လို့ MDY-PDF က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

အင်းတော်မှာတိုက်ပွဲပြန်ဖြစ်ပြီး တော်လှန်ရေးတပ်တွေ ထိုးစစ်ဆင်နေ

အင်းတော်မြို့မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်း ၃ခုကို တော်လှန်ရေးအင်အားစုတွေက ထိုးစစ်ဆင်တိုက်ခိုက်နေလို့ တိုက်ပွဲတွေပြင်းထန်နေကြောင်း စစ်ရေးသတင်းအရင်းအမြစ်တွေထံက သိရပါတယ်။
Read More

ကန့်ဘလူတွင် စစ်မှုထမ်းဆင်းများ ပါဝင်သည့် စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်၊ စစ်တပ်က ၁၅ ဦးထက်မနည်း ထိခိုက်သေဆုံး

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ ပြည်သူတွေကို ဖမ်းဆီးပြီး ကျေးရွာတွေကို မီးရှို့နေတဲ့ အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကို တိုက်ခိုက်ရာ ထိခိုက်သေဆုံးသူ ၁၅ ယောက်ထက်မနည်း ရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ကန့်ဘလူခရိုင် တပ်ရင်း ၄ က ထုတ်ပြန်ထားပါတယ်။
Read More

ညောင်လေးပင်-မဒေါက်-ရွှေကျင်လမ်းပိုင်းတွင် ဆက်ကြေးကောက်နေသည့် စစ်အုပ်စု တိုက်ခိုက်ခံရပြီး ၂ ဦး သေ၊ သေနတ်၂ လက်နှင့် ခဲယမ်းအချို့ PDF ရရှိ

စစ်ကိုင်းတိုင်း၊ ခန္တီးမြို့ အခြေစိုက် စစ်ကောင်စီတပ်က ပြည်သူ့စစ် ၁ ယောက်ဟာ သေနတ်မပါဘဲ လက်နက်မဲ့ အလင်းဝင်ခဲ့လာတယ်လို့ ခန္တီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ဆီက သိရပါတယ်။
Read More

ပခုက္ကူတွင် ရိက္ခာရှာထွက်သည့် စစ်အုပ်စုများကို စောင့်ကြိုတိုက်ခိုက်၊ စစ်သား ၁ ဦးသေပြီး ပျူစောထီး ၁ ဦးအရှင်ဖမ်းဆီးခံရ…

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ ရိက္ခာရှာထွက်လာတဲ့ အကြမ်းဖက်စစ်အုပ်စုတွေကို စောင့်ကြိုတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁ ယောက်သေဆုံးပြီး ပျူစောထီး ၁ ယောက်ကို အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ မြိုင်မြို့နယ် ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။