ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်၊ ဝချီရာလောင်ကွန် ရေလှောင်တမံမှာ မြန်မာနိုင်ငံသား ရွှေ့ပြောင်းလုပ်သား ၃ ယောက်ရဲ့ ရုပ်အလောင်းတွေ ရေပေါ်ပေါ်လာတာကြောင့် သက်ဆိုင်ရာအာဏာပိုင်တွေက ဆယ်ယူခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်တွေကို ကိုးကားပြီး စက်တင်ဘာလ ၁၂ ရက်က ထိုင်းသတင်းမှာ ဖော်ပြထားပါတယ်။

သူတို့ ၃ ယောက်ဟာ စက်တင်ဘာလ ၉ ရက်နေ့ညက လှေနစ်မြုပ်မှုကြောင့် သေဆုံးခဲ့သူတွေထဲက ဖြစ်နိုင်တယ်လို့ ယူဆရကြောင်း ဖော်ပြထားပါတယ်။

စက်တင်ဘာ ၁၂ ရက်၊ မနက် ၁၁:၃၅ အချိန် ဒေသခံတွေက ဆန်ခလဘူရီ၊ ဝချီရာလောင်ကွန် ရေလှောင်တမံမှာ မြန်မာရွှေ့ပြောင်းလုပ်သား အမျိုးသား ၂ ယောက်နဲ့ အမျိုးသမီး ၁ ယောက်တို့ရဲ့ ရုပ်အလောင်းတွေ ရေပေါ်ပေါ်လာကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူးထံ သတင်းပေးပို့ချက် ရောက်ရှိခဲ့တယ်လို့ သိရပါတယ်။

သတင်းရရှိပြီးနောက် အုပ်ချုပ်ရေး၊ ရဲတပ်ဖွဲ့၊ စစ်တပ်နဲ့ သစ်တောထိန်းသိမ်းရေးဌာနတို့က တာဝန်ရှိသူတွေဟာ ရုပ်အလောင်းတွေကို ဆယ်ယူဖို့ လှေတွေနဲ့ သွားရောက်ခဲ့ကြောင်း၊ ရုပ်အလောင်းတွေကို ဆယ်ယူပြီးနောက် အနီးအနားက ဆန်ခလဘူရီဆေးရုံကို ပို့ဆောင်ပြီး ဆေးစစ်ချက်ယူဖို့စီစဉ်ခဲ့ကြောင်း သတင်းမှာဖော်ပြပါတယ်။

စက်တင်ဘာလ ၉ ရက်နေ့ညက တရားမဝင် ရွှေ့ပြောင်းလုပ်သား ၂၂ ယောက်ကို တင်ဆောင်လာတဲ့ လှေတစီးဟာ ရေအောက်က သစ်တုံးနဲ့ တိုက်မိပြီး နစ်မြုပ်ခဲ့တာဖြစ်တယ်လို့ သတင်းရင်းမြစ်တွေကို ကိုးကားပြီး ထိုင်းသတင်းက ဖော်ပြထားပါတယ်။

ဒီဖြစ်စဉ်ကြောင့် လှေပေါ်ပါလာသူ အများအပြား ရေထဲကို ပြုတ်ကျပျောက်ဆုံးခဲ့ရကြောင်း၊ သေဆုံးသူနဲ့ ပျောက်ဆုံးသူ အရေအတွက်ကို အတိအကျမသိရသေးဘဲ၊ သက်ဆိုင်ရာအာဏာပိုင်တွေက ဖြစ်စဉ်အမှန်ကို ဆက်လက်စုံစမ်းစစ်ဆေးနေကြောင်း သိရပါတယ်။

0 Shares:
You May Also Like
Read More

မောင်မောင်လွင်၏ တစ်လုံးတည်းသော သွင်းဂိုဖြင့် မန်ယူကို အာဆီယံအသင်း အနိုင်ရ

မလေးရှားနိုင်ငံ၊ ဘူကစ်ဂျာလီကွင်းမှာ ဒီယနေ့ မေလ ၂၈ ရက်ညပိုင်းမှာ ယှဥ်ပြိုင်ကစားခဲ့ကြတဲ့ မန်ချက်စတာယူနိုက်တက်အသင်း နဲ့ အာဆီယံလက်ရွေးစင်အသင်းတို့ ပွဲစဥ်မှာ အာဆီယံလက်ရွေးစင်အဖြစ် ရွေးချယ်ခံခဲ့ရတဲ့ မြန်မာ့လက်ရွေးစင်ဘောလုံးအသင်း တိုက်စစ်မှူး မောင်မောင်လွင်ရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ အာဆီယံအသင်း အနိုင်ရသွားခဲ့ပါတယ်။
Read More

အစ္စရေး-အီရန်ပဋိပက္ခအရေး EU ခေါင်းဆောင်များနှင့် အီရန်ဆွေးနွေးမည်၊ အီရန်နျူကလီးယားစခန်းကို တိုက်ခိုက်ဖို့ စဉ်းစားနေသည်ဟု ထရမ့်ပြော

အစ္စရေး-အီရန်ပဋိပက္ခအရေး အဆုံးသတ်ဖို့ ကြိုးပမ်းချက်အနေနဲ့ ဗြိတိန်၊ ပြင်သစ်၊ ဂျာမန်နဲ့ EU ခေါင်းဆောင်တွေဟာ အီရန်နိုင်ငံခြားရေးဝန်ကြီး Abbas Araghchi နဲ့ သောကြာနေ့ ဂျနီဗာမြို့မှာ ဆွေးနွေးကြဖို့ ရှိပါတယ်။ 
Read More

မြန်မာ့လူ့အခွင့်အရေးပြဿနာကို နိုင်ငံရေးအသွင်ပြောင်းတာတွေ ကန့်ကွက်ကြောင်း တရုတ် ပြော

မြန်မာပြည်ရဲ့ လူ့အခွင့်အရေးပြဿနာတွေကို နိုင်ငံရေးအသွင်ပြောင်းတာတွေအပေါ် ကန့်ကွက်တယ်လို့ တရုတ်အရာရှိတစ်ယောက်က အင်္ဂါနေ့မှာ ပြောဆိုကြောင်း တရုတ်အစိုးရပိုင် Xinhua သတင်းက ဖော်ပြပါတယ်။
Read More

မြန်မာတွေအနေနဲ့ ကျားဖြန့်ဂိုဏ်းတွေကို နှင်ထုတ်ဖို့ သက်ဆင်ပြော

ထိုင်း-မြန်မာနယ်စပ်တလျှောက်က ကျားဖြန့်ငွေလိမ်ဂိုဏ်းတွေကို နှိမ်နင်းဖို့ကြိုးပမ်းရာမှာ မြန်မာနိုင်ငံက လူမှုအသိုင်းအဝိုင်းတွေအနေနဲ့ ပံ့ပိုးကူညီပေးကြဖို့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်က ပြောဆိုကြောင်း ဘန်ကောက်ပို့စ်မှာ ဖော်ပြထားပါတယ်။
Read More

ငလျင် အကူအညီများကို နိုင်ငံရေးအရ အမြတ်ထုတ်နေသည်ဟု ပြောဆိုမှုအပေါ် စစ်ကောင်စီ ကန့်ကွက်

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ ၅၈ ကြိမ်မြောက် အစည်းအဝေးအတွင်း လက်ရှိ မြန်မာ့ငလျင်ဘေးအတွက် ကူညီမှုတွေကို စစ်ကောင်စီဟာ နိုင်ငံရေးအရ အမြတ်ထုတ်နေတယ်ဆိုတဲ့ ပြောဆိုချက်တွေကို စစ်ကောင်စီက ငြင်းဆိုလိုက်ပါတယ်။
Read More

မြန်မာ့အရေး အခြေအနေပိုဆိုးလာချိန် နိုင်ငံတကာက တုံ့ပြန်ရန် ပျက်ကွက်နေသည်ဟု ကုလလူ့အခွင့်အရေးအရာရှိ ဝေဖန်

မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ မမြင်ရတဲ့ အကျပ်အတည်းကို တုံ့ပြန်ဖို့ နိုင်ငံတကာ အသိုင်းအဝိုင်းက ပျက်ကွက်နေတယ်လို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ အထူးအစီရင်ခံစာ တင်သွင်းသူ တွမ်အမ်ဒရူးက အောက်တိုဘာလ ၂၉ ရက် ဗုဒ္ဓဟူးနေ့မှာ ဝေဖန်လိုက်ပါတယ်။