စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်အတွင်းက ရှေ့တန်းတစ်နေရာမှာ လေကြောင်းဒဏ်သင့်ပြီး ကျဆုံးခဲ့တဲ့ စစ်ကြောင်းမှူး ရဲဘော်နိုင်မင်းရဲ့ ခေါင်းဆောင်မှု ရဲစွမ်းသတ္တိနဲ့ စွန့်လွှတ်စွန့်စားမှုတွေအပေါ် ကမ္ဗည်းမော်ကွန်းတင်ပြီး တော်လှန်ရေးအောင်မြင်တဲ့အထိ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ Union Liberation Front – ULF စစ်ကြောင်း က စက်တင်ဘာလ ၁၃ရက်(ဒီနေ့) နေ့စွဲနဲ့ ထုတ်ပြန်လာပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၁ရက်၊ နေ့လည်ပိုင်းက ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်၊ ချောင်းမကျေးရွာကနေ ထွက်ခွာလာတဲ့ အကြမ်းဖက်စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်ရင်းတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ကြတယ်လို့ သိရပါတယ်။

အဲ့ဒီတိုက်ပွဲအတွင်းအကြမ်းဖက်စစ်တပ်က Y12 လေယာဥ်နဲ့ ၁၂ကြိမ်ထက်မနည်း ဗုံးတွေကြဲချခဲ့ရာမှာ ULF စစ်ကြောင်းမှူး ရဲဘော်နိုင်မင်း ဗုံးသီးထိမှန်ပြီး ရှေ့တန်းတစ်နေရာမှာပဲ ကျဆုံးသွားခဲ့တာဖြစ်ပါတယ်။

Union Liberation Front – ULF စစ်ကြောင်း ကတော့ စစ်ကြောင်းမှူး ရဲဘော်နိုင်မင်းကျဆုံးမှုအပေါ် ” ULF ရဲဘော်နိုင်မင်း၏ ခေါင်းဆောင်မှုရဲစွမ်းသတ္တိ နှင့် စွန့်လွှတ်စွန့်စားမှုတွေကို တော်လှန်ရေးသမိုင်းမှာ ကမ္ဗည်းမော်ကွန်းတင်လျှက် ရဲဘော်တို့၏စိတ်နှလုံးအိမ်တွင်လည်း အစဥ်ထာဝရ ဥဒါန်းတွင်နေမှာဖြစ်သည်” ဆိုပြီးရေးသား:ဂုဏ်ပြုထားပါတယ်။
ဒါ့အပြင် ပြည်သူ့တော်လှန်ရေး အောင်မြင်တဲ့အထိ ဆက်လက်တိုက်ပွဲဝင်သွားမှာဖြစ်တာကြောင့် စစ်ကြောင်းမှူးအေးချမ်းစွာအနားယူဖို့ သူတို့က ကတိပြုထားပါတယ်။

” တကယ် တော်တဲ့လူပါ။ စစ်ရေးမှာလဲ တကယ်ကိုရဲရင့်တဲ့လူပါဗျ။ ရဲဘော်ရဲဘက်တွေအပေါ်လဲ အနစ်နာခံတဲ့ ခေါင်းဆောင်ကောင်းတယောက်လို့ ပြောရမယ်။ ကျွန်တော်တို့ ပကဖ စတင်ဖွဲ့စည်းစဉ်က လိုအပ်တဲ့ ချိတ်ဆက်မှုမှန်သမျှ ကူညီပေးခဲ့တဲ့သူလို့လည်းပြောရမယ် ” လို့ မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁ယောက်ကမောင်းကိုပြောပါတယ်။

ယင်းမာပင်ပကဖရဲ့ လက်ရုံးတပ်ဖြစ်တဲ့ ULF စစ်ကြောင်းဟာ ကနီ၊ ဆားလင်းကြီးစတဲ့ ယင်းမာပင်ခရိုင်အတွင်းက စခန်းသိမ်းတိုက်ပွဲတွေနဲ့ မုံရွာနဲ့ဘုတလင်နယ်အတွင်းတိုက်ပွဲတွေမှာ ပါဝင်တိုက်ခိုက်ခဲ့ပြီး အောင်ပွဲတွေရခဲ့ပါတယ်။

ဒီအထဲ ယင်းမာပင်မြို့နယ်ပကဖ ဒုတာဝန်ခံ တစ်ဖြစ်လဲ ULFစစ်ကြောင်းမှူး ကိုနိုင်မင်းဟာလည်း တိုက်ပွဲတွေအတွက် အားကိုးအားထားပြုရသူတစ်ယောက်ဖြစ်သလို စစ်ကြောင်းလိုက်ပြုတ်အောင် တိုက်ခိုက်ရာမှာ ဦးဆောင်နိုင်သူတစ်ယောက်အဖြစ် တော်လှန်ရေးအင်အားစုတွေကြား နာမည်ကြီးသူတစ်ယောက် ဖြစ်ပါတယ်။

အခုလို ရဲဘော်နိုင်မင်းကျဆုံးခဲ့မှုဟာ ဆုံးရှုံးမှုကြီးတယ် လို့လည်း တော်လှန်ရေးအင်အားစုတွေနဲ့ တပ်ဖွဲ့ဝင်တွေက ပြောကြပါတယ်။

ပုံစာ- တိုက်ပွဲအတွင်းကျဆုံးခဲ့သည့် ULF စစ်ကြောင်းမှူး ရဲဘော်နိုင်မင်းနှင့် သူ၏စျာပနမြင်ကွင်း
0 Shares:
You May Also Like
Read More

ရုရှား၊ တရုတ်၊ အိန္ဒိယနှင့် ဘီလာရုစ်နိုင်ငံများသည် အကြမ်းဖက်မင်းအောင်လှိုင်၏ ရာဇဝတ်မှု မိတ်ဖက်များဟု JFM ထုတ်ပြန်

အကြမ်းဖက်မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်အုပ်စုကို နည်းမျိုးစုံနဲ့ ထောက်ပံ့ပေးနေတဲ့ ရုရှား၊ တရုတ်၊ အိန္ဒိယနဲ့ ဘီလာရုစ်နိုင်ငံတွေဟာ ရာဇဝတ်မှု မိတ်ဖက်တွေ ဖြစ်တယ်လို့ Justice For Myanmar (JFM) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မြဝတီ ကျောက်ခက်ရွာ ဆေးရုံဟောင်းကို စစ်တပ် ဗုံးကြဲ

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ကျောက်ခက်ရွာကို စစ်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်ရာ ကျေးရွာအတွင်းက ဆေးရုံဟောင်း ထိမှန်ပျက်စီးသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

နိုင်ငံတကာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့ အခမ်းအနားကို TNLA အမျိုးသမီး စစ်သည်တွေ ဦးဆောင်ပြုလုပ်ခဲ့…

တအာင်းတပ်မတော် TNLA ရဲ့ တပ်မဟာ (၃) နယ်မြေ တစ်နေရာမှာ TNLA အမျိုးသမီးစစ်သည်တော် ကော်မတီတွေက နိုင်ငံတကာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့အခမ်းအနားကို နိုဝင်ဘာ ၂၅ ရက် မနေ့က ပြုလုပ်ခဲ့တယ်လို့ TNLA က ဒီနေ့ ထုတ်ပြန်ထားပါတယ်။
Read More

မင်္ဂလာဒုံ လေကြောင်းရန်ကာကွယ်ရေးတပ်နဲ့ လေတပ်ဝန်းထဲကို မစ်ဇိုင်းဒုံး ၃ လုံး ပစ်ခတ်တိုက်ခိုက်

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်က စစ်ကောင်စီရဲ့ လေကြောင်းရန်ကာကွယ်ရေးတပ်နဲ့ လေတပ်ဝန်းထဲကို မစ်ဇိုင်းဒုံးတွေ ပစ်ခတ်တိုက်ခိုက်တာဟာ ပြည်ပထွက်ခွာမယ့် လူငယ်တွေကို နည်းမျိုးစုံနဲ့ ငွေညှစ်မှု ပိတ်ပင်မှုတွေ လုပ်ဆောင်နေတဲ့ စစ်ကောင်စီကို တုံ့ပြန်တာဖြစ်တယ်လို့ Shawdow SAF အဖွဲ့က ပြောပါတယ်။
Read More

ငလျင်ဒဏ်ကြောင့် အကြီးအကျယ် ပျက်စီးခဲ့သည့် နေပြည်တော် လွှတ်တော်အဆောက်အဦ

ပြီးခဲ့တဲ့ မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ အင်အားအလွန်ပြင်းထန်တဲ့ ငလျင်ဒဏ်ကြောင့် နေပြည်တော်မှာရှိတဲ့ လွှတ်တော်အဆောက်အဦများ အကြီးအကျယ် ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
Read More

တက္ကစီမောင်းသူလည်းဖြစ် Food Vlogger လည်းဖြစ်တဲ့ ကျော်ဝဏ္ဏ အသတ်ခံရ

အစားအသောက်နဲ့ ပတ်သက်တဲ့ Vlog တွေ ရိုက်ကူးသလို တက္ကစီမောင်းတဲ့အလုပ်လည်း လုပ်ကိုင်တဲ့ ကျော်ဝဏ္ဏဟာ ကားဆွဲရင်း အသတ်ခံခဲ့ရကြောင်း စစ်ကော်မရှင်လက်အောက်ခံ သတင်းတွေမှာ ရေးသားဖော်ပြထားပါတယ်။