တနင်္သာရီတိုင်း ၊ တနင်္သာရီမြို့နယ်ရှိ သိန်းခွန်းကျေးရွာအနီးနားမှာ အကြမ်းဖက်စစ်ကော်မရှင်တပ် နဲ့ KNU ပူးပေါင်းတပ်တို့ ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ စစ်တပ်ရဲ့ လေယာဥ်ကို ထိမှန်အောင်ပစ်ခတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

ထိတွေ့တိုက်ပွဲဖြစ်ပွားနေချိန် စက်တင်ဘာ ၁၂ ရက်မှာ မြိတ်လေတပ်ကနေ တက်လာတဲ့ ဂျက်ဖိုက်တာတစ်စီးဟာ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ချိန် KNU ပူးပေါင်းတပ်က ပစ်ခတ်လိုက်တဲ့အတွက် အဆိုပါလေယာဉ်ကို ထိမှန်သွားတယ်လို့ ဆိုပါတယ်။

” တိုက်ပွဲထဲမှာဖြစ်တာ သူပစ်ကိုယ်ပစ်နေတဲ့အချိန်ပစ်လိုက်တာ ၊ လေယာဉ်ထိသွားတာကို ဘယ်လိုအတည်ပြုလဲဆိုတော့ လေယာဉ်က မီးခိုးထွက်သွားတယ်၊ ဆက်ပြီးမပစ်တော့ပဲ ပြန်လှည့်သွားတယ်” လို့ KNU တပ်မဟာ (၄) မြိတ် – ထားဝယ်ခရိုင် အတွင်းရေးမှူး ဗဒိုစောအယ်နားက မောင်းသတင်းဌာနကို ပြောပါတယ်။

ပစ်ခတ်လိုက်လို့ ထိမှန်သွားတဲ့ လေယာဉ်အခြေအနေကိုတော့ အသေးစိတ်မသိရှိရသေးဘူးလို့ ဆိုပါတယ်။

ဒီနေ့မနက်မှာလည်း အဆိုပါလမ်းပိုင်းမှာ စစ်ကော်မရှင်တပ် နဲ့ KNU ပူးပေါင်းတပ်တို့ ထပ်မံထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲသလို လေကြောင်းပစ်ကူတွေလည်း အဆက်မပြတ်ပြုလုပ်နေတယ်လို့ ဆိုပါတယ်။

အဆိုပါ ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့လမ်းပိုင်းကို KNU ပူးပေါင်းတပ်တွေက သိမ်းပိုက်ထားတာကြောင့် အကြမ်းဖက်စစ်ကော်မရှင်တပ်သားတွေဟာ ပြန်လည်ရယူလိုတဲ့အတွက် အခုလို ထိုးစစ်ဆင် ပြန်လည်တိုက်ခိုက်နေတာ ၁၀ လဝန်းကျင်လောက် ရှိပြီဖြစ်ပါတယ်။
0 Shares:
You May Also Like
Read More

ရိုးဂိုးက မင်းသန့်ဆီဆိုင် မီးလောင်မှု ဖြစ်စဉ်မှာ မီးသတ်သမားနဲ့ ပရဟိတသမားတွေအပါအဝင် အယောက် ၂၀ ထိခိုက်ဒဏ်ရာရ

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ရိုးဂိုးကျေးရွာက မင်းသန့်ဆီဆိုင် မီးလောင်မှု ဖြစ်ပွားစဉ်မှာ လာရောက်မီးငြှိမ်းသတ်တဲ့ မီးသတ်သမားတွေနဲ့ ပရဟိတသမားတွေ အပါအဝင် အယောက် ၂၀ ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

မန္တလေးမြို့က ကားပစ္စည်းအရောင်းဆိုင်မှာ ဒယ်လီလာပို့ရင်း လုယက်ဓားပြတိုက်မှု ဖြစ်ပွါး

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ၈၁လမ်းနဲ့ ၈၂လမ်းကြား၊ ၂၈လမ်းမကြီးပေါ်က ဦးကိုလေး ကားပစ္စည်းအရောင်းဆိုင်မှာ ဒယ်လီ လာပို့သူတွေကနေ လုယက်ဓားပြတိုက်သွားကြောင်း မန္တလေးမြို့ခံတွေဆီက သိရပါတယ်။
Read More

နှမ်းခါးရွာ လေကြောင်းတိုက်ခိုက်ခံရမှုအတွက် တရားမျှတမှုရှိအောင် လုပ်ဆောင်မည်ဟု NUG အသိပေး

ကျန်းမာရေးဝန်ထမ်းတွေနဲ့ အရပ်သားတွေ သေဆုံးခဲ့ရတဲ့ နှမ်းခါးရွာ လေကြောင်းတိုက်ခိုက်ခံရမှုအတွက် တရားမျှတမှုရရှိအောင် လုပ်ဆောင်မယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။
Read More

သီပေါမြို့ကို TNLA အလုံးစုံ သိမ်းပိုက်ရရှိ

ရှမ်းပြည်နယ်၊ သီပေါမြို့ကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က အလုံးစုံး သိမ်းပိုက်ထိန်းချုပ်လိုက်ပြီလို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

ငလျင်ဒဏ်သင့် မန္တလေးတွင် အိမ်ဝိုင်းဖြိုပေးသည့် ပရဟိတလူငယ်များ ဖမ်းဆီးခံနေရ

မန္တလေးမှာ မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်သွားတဲ့ ပြင်းအားဖြင့် ငလျင်ကြောင့် ကယ်ဆယ်ရေး၊ ရှင်းလင်းရေးတွေ ကူညီဆောင်ရွက်ပေးနေတဲ့ ပရဟိတလူငယ်တွေကို စစ်ကောင်စီက ဖမ်းဆီးမှုတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

မှော်ဘီလေတပ်စခန်း အရာရှိ လင်မယားချင်း စကားများပြီး မိန်းမကို သေနတ်နဲ့ပစ်သတ်ကာ ခိုးချောင်ခိုးဝှက် နာရေးလုပ်

ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ် စံပြဆေးရုံအနီးက သမာဓိ ၁ လမ်းမှာ အကြမ်းဖက်စစ်ကောင်စီရဲ့ မှော်ဘီလေတပ်စခန်း ပိုင်းလော့ ဗိုလ်ကြီးအဆင့်ရှိသူဟာ လင်မယားချင်း စကားများရာကနေ ဇနီးဖြစ်သူကို သေနတ်နဲ့ ပစ်သတ်ခဲ့သလို ဇနီးဖြစ်သူရဲ့ နာရေးကိုလည်း တိုးတိုးတိတ်တိတ် ခိုးလုပ်ခဲ့ကြောင်း မှော်ဘီလေတပ်စခန်းနဲ့ နီးစပ်သူတွေထံက သိရပါတယ်။