မန္တလေးမြို့လယ်မှာ စစ်ကော်မရှင်က ပြုလုပ်မယ့် ရွေးကောက်ပွဲအတု ဆန့်ကျင်ရေးလူထုတိုက်ပွဲ လှုပ်ရှားမှုပြုလုပ်ခဲ့တယ်လို့ ဒေါက်တာ တေဇာစန်းက မှတ်တမ်းရုပ်သံနဲ့တကွ Facebook လူမှုကွန် ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

“ဖက်ဆစ်ရွေးကောက် ခွေးထွက်ပေါက် . . . မဲမပေးနဲ့ သပိတ်မှောက်”၊ “ဒီမိုကရေစီ ရရှိရေး ဒို့အရေး”၊ အရေးတော်ပုံ အောင်ရမည်”စတဲ့ ကြွေးကြော်သံတွေနဲ့အတူ လူထုလှုပ်ရှားမှုပြုလုပ်ခဲ့ပါတယ်။

”ပျူလက်ပါးစေတွေ စုဆောင်းတာ၊ စစ်မှုထမ်းခေါင်းစဉ်နဲ့ အတင်းအဓမ္မ ဖမ်းဆီးငွေညှစ်တာတွေကို ဆက်တိုက် ကြုံတွေ့ရင်ဆိုင်နေကြရတဲ့ မန္တလေးပြည်သူများရဲ့ ရင်ထဲမှာ ဖက်ဆစ် စစ်တပ်နဲ့ စစ်အုပ်စုကို နာကျည်းချက်တွေက ရင်နဲ့အပြည့်ပါ။ ဒါ့အပြင် အခု စစ်အုပ်စုက လုပ်မယ့် အတုအယောင် ရွေးကောက်ပွဲ (တနည်း) လုပ်ပွဲကိုလည်း ခါးသီးစွာ ဆန့်ကျင်ကြ၊ ရွံမုန်းကြပါတယ်။
ပြည်သူ့တော်လှန်ရေးကြီးမှာ ပြည်သူသာလျှင် အဓိကပါ”လို့ ဒေါက်တာ တေဇစန်းက ဆိုပါတယ်။

Video-Tayzar San

0 Shares:
You May Also Like
Read More

ကန်ပိုက်တီမြို့က ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်သားတွေကို တရုတ်အာဏာပိုင်တွေက မူဆယ်နယ်စပ်ဂိတ်သို့ ပြန်လည်ပို့ဆောင် (ရုပ်/သံ)

ကချင်ပြည်နယ် ကန်ပိုက်တီမြို့ကို KIA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်စဉ် တရုတ်နိုင်ငံသို့ ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်သားတွေကို အာဏာပိုင်တွေက နိုဝင်ဘာ ၂၃ ရက် မနေ့ညပိုင်းက မူဆယ်မြို့ နယ်ဂိတ်ကနေ စစ်ကောင်စီတပ်ထံ ပြန်လည်လွှဲပြောင်းပေးလိုက်တယ်လို့ သိရပါတယ်။
Read More

တောင်ငူမြို့နယ် ထုံးဘိုကြီးကျေးရွာမှာ စစ်ကောင်စီတပ်နဲ့တော်လှန်ရေးတပ်တွေ တိုက်ပွဲပြင်းထန်နေ (ရုပ်/သံ)

ပဲခူးတိုင်း တောင်ငူမြို့နယ် ထုံးဘိုကြီးကျေးရွမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားလျက်ရှိတယ်လို့ တောင်ငူခရိုင်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ တပ်ရင်း ၃၅၀၂၊ တပ်ခွဲ ၂မှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

အုတ်ဖိုမြို့နယ် စင်မြင့်ရွာကို အကြမ်းဖက်စစ်တပ် စစ်ကြောင်းထိုး၊ မီးရှို့ဖျက်ဆီး (ရုပ်/သံ)

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် စင်မြင့်ရွာကို ဖေဖော်ဝါရီ ၇ ၇က် မနက်ပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေ စစ်ကြောင်းထိုးပြီး မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၅ က ထုတ်ပြန်ထားပါတယ်။
Read More

စစ်ကော်မရှင်လက်အောက်ခံ ရှမ်းနီတပ် (SNA) ၏ ဂျန်မာတင်ယာဉ်ကို KIA ပူးပေါင်းတပ် သိမ်းဆည်းရရှိ (ရုပ်/သံ)

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ မိုင်းနောင်ကျေးရွာရှိ စစ်ကော်မရှင်တပ်နဲ့ သူ့လက်အောက်ခံ ရှမ်းနီတပ်စခန်းကို KIA ပူးပေါင်းတပ်တွေ တိုက်ခိုက်စဉ် ဂျန်မာတင်ယာဉ် ၁ စီးကို သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။
Read More

အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ အဓမ္မတပ်သားစုဆောင်းခံရပြီး ခမရ ၅၅၈ကနေ လက်နက်တွေနဲ့ ထွက်ပြေး‌လွတ်မြောက်တဲ့ ကိုကျော်မိုးထက်ရဲ့ ပြောကြားချက် (ရုပ်/သံ)

အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ အဓမ္မတပ်သားစုဆောင်းခံရပြီး ဖေဖော်ဝါရီ ၁၉ ရက် ခမရ ၅၅၈ ကနေ လက်နက်နဲ့အတူ ထွက်ပြေးလွတ်မြောက်လာတဲ့ ကိုကျော်မိုးထက်ရဲ့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ ဖြစ်ရပ်တွေကို ဒေါနစစ်ကြောင်း တာဝန်ရှိတွေကို ယခုလိုပဲပြောပြခဲ့ပါတယ်။
Read More

နတ်မောက်မြို့နယ်အတွင်း စစ်ကော်မရှင်တပ်သားများ ကြားဖြတ်တိုက်ခိုက်ခံရပြီး နောက်ပြန်ဆုတ်ပြေး (ရုပ်/သံ)

မကွေးတိုင်း နတ်မောက်မြို့နယ် မြင်းတဲကြီးရွာကနေထွက်လာတဲ့ စစ်ကော်မရှင်တပ်သားတွေကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ၉၀၂ တပ်ရင်းရဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။ နိုဝင်ဘာ ၂၈ ရက် မနက် ၇ နာရီခန့်မှာ နတ်မောက်မြို့နယ် မြင်းတဲကြီးရွာကနေ အင်အား ၉၀ ဝန်းကျင်နဲ့ ထွက်လာတဲ့ စစ်ကော်မရှင်တပ်သားတွေကို မြင်းတဲကြီး နဲ့ ထနောင်းကုန်းရွာကြားအရောက်မှာ ကြားဖြတ်တိုက်ခိုက်ခဲ့လို့ သိရပါတယ်။