ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ နတ်သံကွင်းကာကင်းစခန်းမှာ တာဝန်ကျနေတဲ့ ပြည်သူ့စစ်မှုထမ်းတစ်ယောက် လက်နက်ခဲယမ်းတွေယူဆောင်ကာ အလင်းဝင်ရောက်လာပြီးတဲ့နောက် နှစ်ဝက်ကျော်အတွင်း ဘက်ပြောင်းခိုလှုံလာသူ ၃၅ ယောက်အထိ ရှိပြီဖြစ်ကြောင်း ပဲခူးခရိုင် အမှတ် (၂) တပ်ရင်း၊ P2-3702 တာဝန်ရှိသူ ၁ယောက်က မောင်းကို ပြောပါတယ်။

အကြမ်းဖက်စစ်ကော်မရှင်တပ်ထံ စစ်မှုထမ်းအဖြစ်ရောင်းစားခံခဲ့ရသူ ၁ယောက်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၇ ရက်နေ့မှာ သေနတ် ၁ လက် ကျည်ဆံတွေနဲ့အတူ ပဲခူးခရိုင် အမှတ် (၂) တပ်ရင်းထံ အလင်းဝင်ရောက်လာတယ်လို့ သိရပါတယ်။

အလင်းဝင်ရောက်လာသူဟာ ကရင်ပြည်နယ် မြဝတီမြို့မှာ သွားရောက်အလုပ်လုပ်ကိုင်ဖို့ ကြိုးစားရာက အလိမ်ခံရပြီး စစ်မှုထမ်း (ပစ) အဖြစ် ရောင်းစားခံခဲ့ရသူဖြစ်တယ်လို့လည်း ပဲခူးခရိုင် အမှတ် (၂) တပ်ရင်း၊ P2-3702 တာဝန်ရှိသူ ၁ ယောက်က ပြောပါတယ်။

အလင်းဝင်ရောက်လာသည့် စစ်မှုထမ်းတပ်သား လက်နက်လွှဲပြောင်းပေးအပ်နေစဥ်

“ဒီအလင်းဝင်လာတဲ့တစ်ယောက်က မြဝတီကို အလုပ်သွားလုပ်မလို့ အေးဂျင့်နဲ့ချိတ်ရင်း ရောင်းစားခံရတယ်..အဲ့သဘောပေါ့။ အပတ်စဥ်(၁၃) သင်တန်းဆင်းပါ။ စစ်တပ်ထဲရောက်တာ ၄လလောက်ရှိပါပြီ။ ကျနော်တို့စစ်ကွက်ကို သူ့ဘာသာရောက်လာရင်း အလင်းဝင်တာပါ။” လို့ ပဲခူးခရိုင် အမှတ် (၂) တပ်ရင်း၊ P2-3702 တာဝန်ရှိသူ၁ယောက်က မောင်းကို ပြောပါတယ်။

အလင်းဝင်ရောက်လာသူဟာ သူနဲ့အတူ MA 1 သေနတ်၁လက်၊ ကျည်ဘောက် ၅ ခု နဲ့ ကျည် ၁၅ဝတောင့် ယူဆောင်လာခဲ့တယ်လို့လည်း သိရပါတယ်။

လက်ရှိ ၂၀၂၅ နှစ်အတွင်း ပဲခူးခရိုင် အမှတ် (၂) တပ်ရင်း၊ P2-3702 ထံ ဘက်ပြောင်းခိုလှုံလာသူ  ၃၅ယောက်ရှိနေပြီဖြစ်ကြောင်းနဲ့ အများစုဟာ စစ်မှုထမ်းတပ်သားတွေဖြစ်တယ်လို့လည်း ပဲခူးခရိုင် အမှတ် (၂) တပ်ရင်း၊ P2-3702 တာဝန်ရှိသူက ပြောပါတယ်။

ဒါ့အပြင် အလိုမတူဘဲ စစ်မှုထမ်းစုဆောင်းခံရသူတွေအနေနဲ့ တော်လှန်ရေးတပ်ရင်း၊ တပ်ဖွဲ့တွေကို အမြန်ဆုံးချိတ်ဆက်ပြီး အလင်းဝင်ကြဖို့နဲ့ ဝမ်းမြောက်ဝမ်းသာကြိုဆိုနေမှာ ဖြစ်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

 

0 Shares:
You May Also Like
Read More

တွံတေး ပကဖ တတိယအကြိမ်မြောက် တပ်သားသစ်တွေ ခေါ်ယူနေ

ရန်ကုန်တိုင်း၊ တွံတေးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ)ထံ ဝင်ရောက်တာဝန်ထမ်းလိုတဲ့ လူငယ်တွေကို တတိယအကြိမ်မြောက် တပ်သားသစ်တွေအဖြစ် ခေါ်ယူနေပါတယ်။
Read More

၅ ရက်အတွင်း ရွှေကုက္ကိုလ်ကျားဖြန့်မှ နိုင်ငံခြားသား ၁၇၀၀ ကျော် ဖမ်းမိကြောင်း ကျားဖြန့် ကြံရာပါအဖြစ် ဝေဖန်ခံနေရသည့် စစ်တပ် ကြေညာ 

ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့နယ်၊ ရွှေကုက္ကိုလ်နယ်မြေရှိ အွန်လိုင်းငွေလိမ် (ကျားဖြန့်) လုပ်ငန်းတွေကို အကြမ်းဖက်စစ်တပ်နဲ့ လက်အောက်ခံ ကရင်နယ်ခြားစောင့်တပ် BGF တို့ ပူးပေါင်းရှင်းလင်းခဲ့ရာမှာ ၅ ရက်အတွင်း နိုင်ငံခြားသား ၁၇၄၆ ယောက်ကို ဖမ်းဆီးရမိခဲ့ပြီး အာဖရိကတိုက်ရှိ မထင်မရှားနိုင်ငံငယ်က လူတွေလည်း ပါဝင်တယ်လို့ စစ်ကော်မရှင်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
Read More

နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံထားရသည့် NLD အစိုးရလက်ထက် ဗဟိုဘဏ်ဒုဥက္ကဋ္ဌ ဦးဘိုဘိုငယ်ကို Laszlo Z. Bito ဆု ချီးမြှင့်

အမေရိကန်ပြည်ထောင်စု၊ Bard ကောလိပ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အစိုးရလက်ထက် ဗဟိုဘဏ်ဒုတိယဥက္ကဌ တာဝန်ယူခဲ့တဲ့ ဦးဘိုဘိုငယ်ကို လူသားအကျိုးဆောင်ရွက်မှုအတွက် Laszlo Z. Bito ဆု ချီးမြှင့်လိုက်တယ်လို့ မေလ ၂၄ ရက် မနေ့က အသိပေးထုတ်ပြန်ပါတယ်။
Read More

၂၀၂၅ ခုနှစ်မှာ အိုးဘိုအကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသား အများဆုံးသေဆုံးခဲ့…

“အိုးဘိုထောင်က မကြာခဏဆိုသလို ဆေးဝါးလုံလောက်မှုမရှိတာတွေလည်း ဖြစ်နေပါတယ်။ အရင်ကထက်စာရင် သိသိသာသာကို ပိုများလာပါတယ်။ အကျဉ်းထောင်တွေက အကျဉ်းသား ၁ဦးစီတိုင်းဟာ အသက်ရှင်သန်ပိုင်ခွင့်ကို သေချာပေါက် ရရှိမှာပါဖြစ်ပါတယ်။ ဆေးမလောက်တာတွေ၊ ပြင်ပဆေးရုံကို ပို့ပေးဖို့ ကြန့်ကြာတာတွေ ဒါမျိုးတွေက တဖက်လှည့်ကနေပြီး နိုင်ငံရေးအကျဉ်းသားတွေကို သေဆုံးအောင် သတ်ဖြတ်နေတဲ့ ကိစ္စဖြစ်တယ်လို့ မြင်ပါတယ်” လို့ MPW ဒုပြန်ကြားရေးတာဝန်ခံ မဆူးငယ်က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

NPT PDF တပ်ရင်း ၈၀၃ မှ ရဲဘော်အရှည်ကြီး ကျဆုံးခြင်း (၂) နှစ်ပြည့် ဝမ်းနည်းလွမ်းဆွတ်သတိရခြင်း အခမ်းအနား

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ နေပြည်တော်တိုင်းစစ်ဌာန၊ နေပြည်တော် ပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း ၈၀၃ (NPT PDF B-803) က ရဲဘော်အရှည်ကြီး ကျဆုံးခြင်း (၂)နှစ်ပြည့် ဝမ်းနည်းလွမ်းဆွတ် သတိရခြင်း အခမ်းအနား ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ NPT PDF B-803 က ရဲဘော်အရှည်ကြီး (ခ) ငြိမ်းထက်နိုင် (ခ) သာကော ဟာ ၂၀၂၃ ခုနှစ် မတ်လ ၂၀ ရက်မှာ အကြမ်းဖက်စစ်ကောင်စီတပ်ကို တော်လှန်တိုက်ခိုက်ရင်း ကျဆုံးခဲ့တာ ဖြစ်ပါတယ်။ ရဲဘော်အရှည်ကြီး ကျဆုံးခြင်း(၂)နှစ်ပြည့် ဝမ်းနည်းလွမ်းဆွတ်သတိရခြင်း အထိမ်းအမှတ်အဖြစ် ဦးညွှတ်အလေးပြုခြင်း၊ ဂုဏ်ပြုတပ်ဖွဲ့က သေနတ်ဖောက်အလေးပြုခြင်း၊ တစ်မိနစ်ငြိမ်သက်ခြင်းတို့ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် ကဗျာရွတ်ဆိုတာ၊ ကဗျာရွတ်ဆိုပေးသူတွေကို ဆုချီးမြှင့်တာတွေ ပြုလုပ်ခဲ့ပြီး အဆိုပါအခမ်းအနားကို NPT PDF တပ်ရင်း ၈၀၃ ရဲ့ Fundraising Team ဖြစ်တဲ့ Cranes Logistic ရဲဘော်တွေက ပြုလုပ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
Read More

စစ်တပ် ဒရုန်းတိုက်ခိုက်မှုကြောင့် သေဆုံးဒဏ်ရာရရှိတဲ့ ဟိန္ဒူဘာသာဝင်တွေကို ပကဖ နဲ့ PDF ကူညီထောက်ပံ့

ပဲခူးတိုင်း၊ ဖြူးမြို့နယ်တွင်း စစ်ကောင်စီ ဒရုန်းနဲ့ တိုက်ခိုက်မှုကြောင့် သေဆုံးဒဏ်ရာရရှိခဲ့တဲ့ ဟိန္ဒူဘာသာဝင်တွေကို ပကဖနဲ့ PDF တွေက ဇန်နဝါရီလ (၂၀) ရက်မှာ သွားရောက်ထောက်ပံ့ကူညီခဲ့တယ်လို့ ပကဖ အသံက သတင်းဖော်ပြထားပါတယ်။