မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်ရှိ စစ်ဘေးရှောင်စခန်းတွေက စစ်ရှောင်ပြည်သူတွေကို ကျန်းမာရေးစောင့်ရှောက်မှု ပေးအပ်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ဒီနေ့ ထုတ်ပြန်ပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)ဟာ သပိတ်ကျင်းမြို့နယ်ရှိ စစ်ဘေးရှောင်စခန်းတွေက စစ်ရှောင်ပြည်သူတွေဆီ သွားရောက်ပြီး အားပေးစကားပြောကြားကာ လိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေကို ဖြည့်ဆည်းဆောင်ရွက်နေတယ်လို့ သိရပါတယ်။

ဒါ့အပြင် သပိတ်ကျင်းမြို့နယ်ရှိ လေကြောင်းတိုက်ခ်ိုက်မှုဒဏ်ခံခဲ့ရတဲ့ ပြည်သူလူထုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ရဲ့ တာဝန်ရှိသူတွေက လိုက်လံတွေ့ဆုံပြီး အားပေးနှစ်သိမ့်ကာ ထောက်ပံ့ကူညီခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက် စစ်ကော်မရှင်တပ်က စက်တင်ဘာလ (၁၁) ရက် ညနေပိုင်းမှာ သပိတ်ကျင်းမြို့နယ်၊ ကမ်းပါနီကျေးရွာကို တိုက်ပွဲမဖြစ်ပွားဘဲ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အပြစ်မဲ့ပြည်သူ (၃) ယောက် အသက်ဆုံးရှုံးခဲ့ရပြီး (၄) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် အဆိုပါတိုက်ခိုက်မှုအပြီး ၂ နာရီကျော်ကြာချိန်မှာ အကြမ်းဖက်စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ရာ သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာရှိ လူနေရပ်ကွက်အတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး အပြစ်မဲ့ ပြည်သူ(၂) ယောက် ထပ်မံသေဆုံးခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

တောင်သာ – မိတ္ထီလာလမ်းပိုင်းမှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ လမ်းပိုင်းစစ်ဆေးရေး ပြုလုပ်

မန္တလေးတိုင်း၊ တောင်သာ - မိတ္ထီလာလမ်းပိုင်းမှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ၂ ရက်ကြာ လမ်းပိုင်းစစ်ဆေးရေး ပြုလုပ်ခဲ့တယ်လို့ တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

96 Soldiers – PDF အညာဒေသက တပ်ခွဲမှူး ရဲဘော် ၁ ယောက် စစ်ဆင်ရေးတစ်နေရာမှာ ကျဆုံးခဲ့

96 Soldiers - PDF အညာဒေသမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ တပ်ခွဲမှူး ရဲဘော် ဝေဖြိုးအောင်(ခေါ်) တစ်ဆယ်ဟာ မတ်လ ၁၁ ရက် ဒီနေ့မနက်ပိုင်းမှာ စစ်ဆင်ရေးတစ်နေရာမှာ ကျဆုံးခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

တညောင်ရဲစခန်းသိမ်းတိုက်ပွဲမှ အောင်ပွဲနှင့်အတူ ပြန်လာသည့် စလင်း ပကဖ ရဲဘော်များကို ဒေသခံပြည်သူများ ကြိုဆို…

မကွေးတိုင်း၊ စလင်းမြို့နယ်၊ တညောင်ရဲစခန်းကို တိုက်ခိုက်သိမ်းပိုက်ပြီး ပြန်လာတဲ့ စလင်း ပကဖ ရဲဘော်တွေကို ဒေသခံပြည်သူလူထုက ဂုဏ်ပြုကြိုဆိုခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

အာဏာသိမ်းစစ်တပ်၏ ရွေးကောက်ပွဲအတုကို လက်မခံကြောင်း အမေရိကန်ရောက် မြန်မာများ အိမ်ဖြူတော်ရှေ့ ဆန္ဒပြ

အကြမ်းဖက် မြန်မာစစ်တပ်ရဲ့ အတုအယောင် ရွေးကောက်ပွဲကို လက်မခံကြောင်း အမေရိကန်နိုင်ငံရောက် မြန်မာတွေက နိုဝင်ဘာ ၂၂ ရက်မှာ သမ္မတရဲ့ အိမ်ဖြူတော်ရှေ့မှာ သွားရောက်ဆန္ဒပြခဲ့ပါတယ်။
Read More

တောင်ကလေး ဂေါက်ကွင်းမှာ လုပ်ပိုင်ခွင့်အငြင်းပွါးရင်း လက်သီးနဲ့ ထိုးခံခဲ့ရတဲ့ ဒုတိုင်းမှူး နယ်ပြောင်းရွှေ့ခံရ

ကရင်ပြည်နယ်၊ ဘားအံမြို့နယ် တောင်ကလေး ဂေါက်ကွင်းမှာ ကရင်ပြည်နယ်ဝန်ကြီးချုပ်နဲ့ ဂေါက်ရိုက်ရင်း အငြင်းပွါး စကားများရာက လက်သီးနဲ့ထိုးခံခဲ့ရတဲ့ ဒုတိုင်းမှူး ဗိုလ်မှူးချုပ် ဇော်မင်းအောင်ကို နယ်ပြောင်းရွှေ့လိုက်တယ်လို့ စစ်တပ်အသိုင်းအဝိုင်းကနေ သိရပါတယ်။
Read More

စစ်ကောင်စီက ငွေစက္ကူကျပ် ၃၁ ထရီလီယံအထိ အလွန်အကျွံ ရိုက်ထုတ်ပြီး တိုင်းပြည်စီးပွားရေးကို ဖျက်ဆီးနေ

စစ်ကောင်စီက ကျပ်ငွေ ၃၁ ထရီလီယံအထိ  ငွေစက္ကူ အလွန်အကျွံ ရိုက်ထုတ်ကာ တိုင်းပြည်ရဲ့ စီးပွားရေးတစ်ခုလုံးကို ဖျက်ဆီးနေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောက ပြောကြားလိုက်ပါတယ်။