မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ရဲမွန်တောင်ရပ်ကွက်၊ ၅၃လမ်းနဲ့ ၃၆လမ်းထောင့်ရှိ COVER နိုက်ကလပ်မှာ DJ Violet က ဘုရားသီချင်းဖြစ်တဲ့ “ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ” သီချင်းကို DJ ဖွင့် ကခုန်ခဲ့တဲ့အတွက် DJ Violet ကို ဖမ်းဆီးကာ COVER နိုက်ကလပ်ကိုလည်း ချိတ်ပိတ်လိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။

“ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ” သီချင်းကို DJ အဖြစ် မြူးမြူးကြွကြွဖြစ်အောင် တီးခတ် ကခုန်နေတဲ့ ရုပ်သံမှတ်တမ်းတွေ ပြန့်နှံ့လာပြီးနောက် အမျိုးသားရေးအစွန်းရောက် ပုဂ္ဂိုလ်တွေဖြစ်တဲ့ ပေါက်ကိုယ်တော်၊ အမျိုးသားရေးအစွန်းရောက် မျိုးချစ်ရဟန်းတော်များ သမဂ္ဂမှ အရှင်သုစိတ္တတို့က ဗုဒ္ဓဘာသာကို စော်ကားသော လုပ်ရပ်အဖြစ် အရေးယူဖို့ လှုံ့ဆော်ခဲ့တာဖြစ်ပါတယ်။

အဲ့ဒီနောက်မှာတော့ အကြမ်းဖက်စစ်တပ်က DJ Violet (ခေါ်) မခင်ထွေးထွေးမွန်ကို ဖမ်းဆီးလိုက်ပြီး သူ ဖျော်ဖြေခဲ့တဲ့ မန္တလေးမြို့က COVER နိုက်ကလပ်ကိုပါ ချိတ်ပိတ်လိုက်တယ်လို့ သိရပါတယ်။

DJ Violet (ခေါ်) မခင်ထွေးထွေးမွန်က ဘုရားသီချင်းကို DJ ဖွင့်ပြီး ကခုန်မိတဲ့အတွက် တောင်းပန်ကြောင်း လူမှုကွန်ရက်မှာ စာတင်ခဲ့သလို သင်္ဃန်းကျွန်းမြို့ သံဃာနာယကအဖွဲ့မှာလည်း သွားရောက်တောင်းပန်ခဲ့ပေမယ့် အရှင်သုစိတ္တက “ဗုဒ္ဓနဲ့ပတ်သက်တဲ့ သီချင်းဖွင့်ပြီး ကလပ်မှာ DJ ပွတ်ကပြီး ဗုဒ္ဓဘာသာဝင်တို့ရဲ့ စိတ်နှလုံးကို ညှိုးနွမ်းအောင် လုပ်ခဲ့တဲ့ နေမျိုးအောင် ချွေးမ ထွေးမွန်နှင့် အပေါင်းအပါများကို ဥပဒေကြောင်းအရ အရေးယူနိုင်ရေး ဆောင်ရွက်သွားမည်”လို့ ထုတ်ပြန်ကြေညာခဲ့သလို ပေါက်ကိုယ်တော်ကလည်း DJ Violet ကို အရေးယူရေးလုပ်ဆောင်ရမယ်လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

KNU ထိန်းချုပ်ဒေသများတွင် စစ်ကောင်စီ လေကြောင်းနှင့် လက်နက်ကြီးတိုက်ခိုက်မှုများကြောင့် အရပ်သား ၂ ဦး သေဆုံး

KNU ထိန်းချုပ်ရာဒေသတွေမှာ အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီးတိုက်ခိုက်မှုတွေကြောင့် အရပ်သား ၂ ယောက် သေဆုံးပြီး ၂၁ ယောက် ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ထုတ်ပြန်ပါတယ်။
Read More

စိုးမိုးနယ်မြေအတွင်းက စာသင်ကျောင်း တစ်ကျောင်းမှာ အားကစားကွင်းဖောက်လုပ်ဖို့ လုပ်အားပေးခဲ့ကြတဲ့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်က ရဲဘော်များ… (ဓာတ်ပုံသတင်း)

ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - PLA က ရဲဘော်တွေအနေနဲ့ စိုးမိုးနယ်မြေအတွင်းက ကျေးရွာအထက်တန်းကျောင်း တစ်ကျောင်းမှာ အားကစားကွင်းဖောက်လုပ်ဖို့ ကျောင်းသား၊ ကျောင်းသူတွေနဲ့အတူ လုပ်အားပေးဆောင်ရွက်နေတဲ့ မှတ်တမ်းပုံရိပ်တွေကို အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

အရှိုချင်းကာကွယ်ရေးတပ် (ACDF) (၃)နှစ်ပြည့်နှစ်ပတ်လည်အခမ်းအနား (ဓာတ်ပုံသတင်း)

အရှိုချင်းကာကွယ်ရေးတပ် (ACDF) အနေနဲ့ နိုဝင်ဘာ ၁၆ ရက်မှာ ကျရောက်တဲ့ (၃)နှစ်ပြည့်နှစ်ပတ်လည်အခမ်းအနားကို တပ်ဖွဲ့ စိုးမိုးနယ်မြေတစ်နေရာမှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဓာတ်ပုံတွေနဲ့အတူ မနေ့က ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

မြန်မာနိုင်ငံရှိ နိုင်ငံသားတိုင်း လူမျိုးတိုင်း လွတ်မြောက်ချိန်တန်ပြီ ဟု TNLA ပြော

မြန်မာနိုင်ငံအနေနဲ့ ပြည်ထောင်စုနိုင်ငံအဖြစ် အခြေမတည်နိုင်မှုနဲ့ ဌာနေ လူမျိုးစုတွေရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် ဆုံးရှုံးနေရမှုတို့ရဲ့ အဓိက တရားခံဟာ ခေတ်အဆက်ဆက် စစ်အာဏာရှင်တွေ ဖြစ်တယ်လို့ တအာင်းတပ်မတော် TNLA က ၇၈ နှစ်မြောက် ပင်လုံစာချုပ် ချုပ်ဆိုခြင်းအခမ်းအနားကို ပေးပို့တဲ့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။
Read More

ဆိပ်ဖြူမှာ PDF က လေကြောင်းအသိပညာဆိုင်ရာ ဆောင်ရန်ရှောင်ရန်များ မျှဝေပေးခဲ့

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်အတွင်း စိုးမိုးနယ်မြေတွေမှာ လေကြောင်းအသိပညာဆိုင်ရာ ဆောင်ရန်ရှောင်ရန်တွေ မျှဝေပေးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပခုက္ကူခရိုင်အမှတ်(၁၉)တပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ကြိုတင်ချိတ်ဆက်ခြင်း မရှိဘဲ တာဝန်ကျချိန် ရုတ်တရက် ထွက်ပြေးအလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သား

မကွေးတိုင်း၊ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့၊ နွယ်တမယ်တံတားမှာ ဝာာဝန်ကျနေတဲ့ စစ်ကောင်စီတပ်သား ၁ယောက် စစ်တပ်ကနေ ကိုယ်လွတ်ရုန်းထွက်ပြေးပြီး အလင်းဝင်ရောက်လာကြောင်း ဒေါင်းစစ်အောင် (LPDF) တာဝန်ခံ ကိုထူးလေးက မောင်းကို ပြောပါတယ်။