မကွေးတိုင်း၊ ဂန့်ဂေါမြို့အခြေစိုက် ခလရ ၅၀ တပ်ကနေ ပင်လယ်ဘူးတိုက်ပွဲဆီ ရဟတ်ယာဥ်နဲ့ စစ်ကူပို့ဆောင်ခံရတဲ့ အကြမ်းဖက်စစ်တပ်က ဗိုလ်မှူး ခန့်မင်းကို ဆိုသူဟာ ဆီးခုံကျည်ထိမှန်သေဆုံးသွားတယ်လို့ ယောအလင်းတန်း အဖွဲ့ဝင်ကိုဘကောင်းက မောင်းသတင်းဌာနကို ပြောပါတယ်။

စက်တင်ဘာ ၂၂ ရက်က ဂန့်ဂေါမြို့အခြေစိုက်၊ ခလရ ၅၀ တပ်ကနေ ခရိုင် အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်မှူး သက်နိုင်အေး၊ ဒုတပ်ရင်းမှူး ရဲရန်ပိုင်၊ ဗိုလ်မှူး ခန့်မင်းကို တို့အပါဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ နီးပါးကို အကြမ်းဖက်စစ်ကောင်စီအရာရှိတွေက Mi17 ထောက်ပို့ရဟတ်ယာဥ်တွေနဲ့တင်ဆောင်ပြီး စစ်ကိုင်းတိုင်း၊ ပင်လယ်ဘူးမြို့ကို ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီလိုပို့ဆောင်ခဲ့တာကိုလည်း စက်တင်ဘာလ ၂၆ ရက်ရောက်မှသာ ဖုန်းအဆက်သွယ်ရပြီး မိသားစုဝင်တွေ သိခဲ့ရတာလို့ ကိုဘကောင်းက ဆက်ပြောပါတယ်။

  အဲ့ဒီနေ့ ပုစဥ်း( ရဟတ်ယာဥ်) ဆင်းချိန်မှာ လိုက်ရမယ့်သူတွေပဲ အပြင်မှာ ထွက်စောင့်နေခိုင်းတယ်။ ကျန်တဲ့မိသားစုဝင်တွေကိုတော့ အခန်းထဲမှာနေကျန်ခိုင်းပြီး တံခါးတွေလည်း ပိတ်ထားတယ်ပေါ့။ အပြင်လည်း လုံးဝထွက်ခွင့်မပေးဘူးလို့ သိရတယ်။ ဘယ်ကိုပို့လိုက်လဲဆိုတာ လုံးဝအသိ​မပေးပဲ၂၆ရက်နေ့ ရောက်မှပဲ ဖုန်းအဆက်သွယ်ရပြီး ပင်လယ်ဘူး ဘက်ပို့ခံရတာလို့သိကြရတာလို့ပြောတယ်။ ” လို့ ယောအလင်းတန်းအဖွဲ့ဝင် ကိုဘကောင်းက ပြောပါတယ်။

အဲ့ဒီလိုပို့ဆောင်ခံရသူတွေထဲ ဂန့်ဂေါမြို့တခွင်နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ပျူစောထီးခေါင်းဆောင် P2 ဖိုးဇော်ရဲ့သမက်လောင်းဖြစ်သူ ဗိုလ်မှူးခန့်မင်းကို ဟာ ပင်လယ်ဘူးတိုက်ပွဲအတွင်း ဆီးခုံကျည်ထိမှန်ပြီး သေဆုံးခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

ဗိုလ်မှူး ခန့်မင်းကို သေဆုံးကြောင်းကို ရည်းစားဖြစ်သူကလည်း လူမှုကွန်ယက်စာမျက်နှာကတဆင့် ဝမ်းနည်းကြောင်း ဖော်ပြခဲ့ပါသေးတယ်။

“ခန့်မင်းကို အပြင်ဘယ်နှစ်ယောက်သေတယ်ဆိုတာတော့ကျနော်တို့သိထားတာမရှိသေးဘူးဗျ ခုတောင်ခန့်မင်းကိုကအရာရှိဖြစ်လို့ အသိပေးတာလို့မြင်ပါတယ်။ ဒီနေ့မှာပဲ ‘စက်တင်ဘာ ၂၈)ဗိုလ်မှူးခန့်မင်းကို ကို ခလရ ၅၀တပ်ထဲမှာ သဂြိုလ်ဖို့ရှိတယ်လို့လည်းသိရပါတယ်။ ” လို့ ယောအလင်းတန်းအဖွဲဲ့ဝင်ကိုဘကောင်းက ပြောပါတယ်။

သေဆုံးသွားတဲ့ ဗိုလ်မှူးခန့်မင်းကိုရဲ့ ယောက္ခမလောင်း တော်စပ်သူ ပျူစောထီး ခေါင်းဆောင် P2 ဖိုးဇော်ဆိုသူဟာလည်း ကပစ ၂၃ ကနေ ဂန့်ဂေါ မြို့ကို လုံခြုံရေးတာဝန်နဲ့ ပြောင်းလာတဲ့ ဗိုလ်ကြီးမျိုးဝင်းသူရဲ့ အရှိန်နဲ့ မြို့ခံပရဟိတသမား၁ယောက်အပါအဝင် လူအများအပြားကို ဖမ်းဆီးသတ်ဖြတ်တာတွေ၊ CDM ဝန်ထမ်းတွေကို ငွေညှစ်ဖမ်းဆီးတာတွေ လုပ်ဆောင်ခဲ့သူ ၁ ယောက်လို့ ကိုဘကောင်းက ပြောပါတယ်။

လက်ရှိမှာ ပင်လယ်ဘူးမြို့တိုက်ပွဲဆီ တပ်ရင်းမှူးတွေ ပို့ဆောင်ခံထားရတာကြောင့် ဂန့်ဂေါမြို့ ခလရ ၅၀ တပ်ထဲ ဗျူဟာမှူးဖြစ်သူကပဲ အဓိကအုပ်ချုပ်နေတယ်လို့လည်း သိရပါတယ်။

စစ်ကိုင်းတိုင်း၊ ကသာခရိုင်မှာရှိတဲ့ ပင်လယ်ဘူးမြို့ကို ပြီးခဲ့တဲ့ သြဂုတ်လထဲက KIA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပြီး စက်တင်ဘာလအစမှာပဲ စစ်ကောင်စီစခန်းတစ်ချို့ကို သိမ်းပိုက်ထားနိုင်တာဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

မင်းအောင်လှိုင်ကို ICC မှာ ဖမ်း၀ရမ်းထုတ်ဖို့ တင်ပြထားမှုမှာ ဝိုင်းဝန်းကူညီဆောင်ရွက်မယ်လို့ NUG နဲ့ K2C ကထုတ်ပြန်

မင်းအောင်လှိုင်ကို နိုင်ငံတကာ ရာဇဝတ်ခုံရုံး(ICC)က ဖမ်းဝရမ်းထုတ်ဖို့ တင်ပြထားမှုကို ဝိုင်းဝန်းအကောင်အထည်ဖော် ကူညီဆောင်ရွက်ပေးမယ်လို့ NUG နဲ့ K2C(KNU၊ KNPP၊ CNF)တို့ က ပူးတွဲကြေညာချက်တစ်ရပ် ထုတ်ပြန်ပါတယ်။
Read More

စစ်တောင်းမြစ်အရှေ့ဘက်ကမ်း တိုက်ပွဲတွင် ရဲဘော်လျှပ်စီး (ခ) နေဝင်းထွန်း ဦးခေါင်း ကျည်ထိမှန် ကျဆုံး

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အရှေ့ဘက်ကမ်းက အကြမ်းဖက်စစ်တပ်နဲ့ ထိတွေ့တိုက်ပွဲမှာ သေနတ်ကျည် ဦးခေါင်းထိမှန်ပြီး ကျဆုံးခဲ့တဲ့ နေပြည်တော် PDF တပ်ရင်း (၉၀၁) ရဲ့ ရဲဘော် လျှပ်စီး (ခ) နေဝင်းထွန်းကို စစ်ပုံစံနဲ့အညီ သင်္ဂြိုလ်ပြီးစီးခဲ့ပြီးဖြစ်တယ်လို့ တပ်ရင်းတာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

ပုသိမ်မြို့ အကြမ်းဖက် တိုင်းစစ်ဌာနချုပ်က သေဆုံးစစ်သားတွေကို ရွှေမြင်တင် မီးသဂြိုလ်စက်မှာ တိုးတိုးတိတ်တိတ် သဂြိုလ်ပေးနေ

ဧရာဝတီတိုင်း၊ ပုသိမ်မြို့အခြေစိုက် အနောက်တောင်တိုင်းစစ်ဌာနချုပ်မှာ သေတဲ့ အကြမ်းဖက်စစ်သားအလောင်းတွေကို ရွှေမြင်တင် မီးသဂြိုလ်စက်မှာ တိတ်တဆိတ် လာရောက်သဂြိုလ်တာတွေ ရှိနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

ချင်းကာကွယ်ရေးတပ်ဖွဲ့-မတူပီ အခြေခံစစ်သင်တန်းတက်ရောက်ရန် သင်တန်းသားသစ်များ ခေါ်ယူနေ

ချင်းကာကွယ်ရေးတပ်ဖွဲ့-မတူပီ (MRO/CDF-MATUPI) က ၂၀၂၅ ခုနှစ်မှာ ဖွင့်လှစ်မယ့် အခြေခံ စစ်ပညာသင်တန်း (အပတ်စဉ်-၂/၂၀၂၅) အတွက် သင်တန်းသားသစ်တွေ ခေါ်ယူနေတယ်လို့ ထုတ်ပြန်ထားပါတယ်။
Read More

မူးမြို့နယ်အတွင်း စစ်ကောင်စီတပ် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား (၁) ဦး သေဆုံးပြီး (၂) ဦး ထိခိုက်ဒဏ်ရာရ

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ မူးမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က ပြည်သူလူထုကို ပစ်မှတ်ထားပြီး ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူ (၁) ယောက် သေဆုံးကာ (၂) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်အရုံး (KNU) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

အင်းတော်မြို့သိမ်းတိုက်ပွဲမှာ ပါဝင်ခဲ့သည့် ABSDF ၏ အောင်ပွဲခံ ပုံရိပ်များ

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့ကို တိုက်ခိုက်သိမ်းပိုက်ရာမှာ ပါဝင်ခဲ့တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) တပ်ဖွဲ့ဝင်တွေရဲ့ အောင်ပွဲခံ ပုံရိပ်တွေကို ထုတ်ပြန်လိုက်ပါတယ်။