စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့မ အကြမ်းဖက်ရဲစခန်းက လက်နက်အပြည့်အစုံနဲ့ အလင်းဝင်လာတဲ့ ရဲတပ်သားကို ဂုဏ်ပြုဆုငွေ ပေးအပ်ခဲ့တယ်လို့ Salingyi Revolution Eagles က ထုတ်ပြန်ပါတယ်။

အလင်းဝင်လာတဲ့ ရဲတပ်သား ထူးကောင်းဆက် (ခ) ထူးကြီးဟာ မေလ ၂၆ ရက်က G3 တစ်လက်၊ ၇ .၆၂ ကျည်ဆံ ၁၅ တောင့်၊ ကျည်ဘောက် တစ်ခု၊ ဓားတစ်ချောင်းတို့နဲ့ ယင်းမာပင် ခရိုင် တပ်ရင်း (၁၆) ရဲ့ တပ်ခွဲ (၄) Salingyi Revolution Eagles ဆီ ခိုလှုံ ဝင်ရောက်ခဲ့တာလို့ သိရပါတယ်။

ပြည်သူ့ဘက်သို့ ကူးပြောင်းလာတဲ့ ရဲဘော် ထူးကြီးကို ဂုဏ်ပြုဆုငွေ ပေးအပ်ခဲ့ပြီး လွတ်မြောက်နယ်မြေဆီ ပို့ဆောင်ခဲ့ပြီးဖြစ်တယ်လို့ Salingyi Revolution Eagles က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

စစ်တပ်အတွက် အသွင်ယူ သတင်းပေး​နေတဲ့ ပျူ ၁ယောက် ရှင်းလင်းခံရ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်မှာ စစ်ကောင်စီအတွက် အသွင်ယူသတင်းပေးနေတဲ့ ပျူစောထီးတစ်ယောက်ကို သွားရောက် ပစ်ခ​တ်ရှင်းလင်းခဲ့ကြောင်း Dragon Brothers (GBK-PDF) တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

အင်းစိန်ထောင်က အကျဉ်းသား ၅၀၀ ခန့်ကို ထောင်ပြောင်းရွှေ့ခံရ

ရန်ကုန်၊ အင်းစိန်ထောင်ကနေ နိုင်ငံရေးအကျဉ်းသား အပါအဝင် အကျဉ်းသား ၅၀၀ ခန့်ကို သာယာဝတီထောင်နဲ့ ဒိုက်ဦးထောင်ကို ထောင်ပြောင်းရွှေ့မှု လုပ်ဆောင်ခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ကနေ သတင်းထုတ်ပြန်ထားပါတယ်။
Read More

စစ်သုံ့ပန်း သတ်ဖြတ်ခဲ့တဲ့ AA ရဲဘော်တချို့ကို အရေးယူအပြစ်ပေးပြီးပြီ ဟု AA ပြောခွင့်ရ ခိုင်သုခ ပြော၊ ဥပဒေမဲ့ သတ်ဖြတ်မှုမျိုးကို လုံး၀ လက်မခံဘူး ဟု ဆို

ပဲခူးတိုင်း၊ မိုးညိုမြို့နယ်မှာ စစ်မှုထမ်းဖို့ ဖမ်းဆီးခံလိုက်ရသူ လူငယ်ဟာ သူရဲ့ မိခင်ဖြစ်သူ နာရေးကို လက်ထိပ်နဲ့သာ သွားခွင့်ရခဲ့ပြီး စစ်သားတွေကလည်း ဘေးကနေ အစောင့်အရှောက်တွေနဲ့ ပါလာတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ကရင်နီပြည်နယ်မှာ လူထုဗဟိုပြု ဒေသန္တရအုပ်ချုပ်ရေးကို ခြေလှမ်းမှန်စွာ ဖော်ဆောင်နိုင်ခဲ့ဟု ဆို

ကရင်နီပြည်မှာ လူထုဗဟိုပြုမြို့နယ်အုပ်ချုပ်ရေး လို့ခေါ်တဲ့ ဒေသန္တရ အုပ်ချုပ်ရေးတွေကို တစ်ဆင့်ချင်းစီ ခြေလှမ်းမှန်မှန်နဲ့ အကောင်းဆုံးဖော်ဆောင်နိုင်ခဲ့တယ်လို့  ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ဥက္ကဋ္ဌ ခူဦးရယ်က ပြောကြားလိုက်ပါတယ်။
Read More

အင်းစိန်က စစ်ကောင်စီ လေတပ်အိမ်ထောင်သည်လိုင်းခန်း အစောင့်ကင်းဂိတ်ကို လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်…

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်က အကြမ်းဖက်စစ်ကောင်စီရဲ့ လေတပ်အိမ်ထောင်သည်လိုင်းခန်း အစောင့်ကင်းဂိတ်ကို လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Operation Flame အဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

မလေးဝန်ကြီးချုပ်နဲ့ သက်ဆင်တွေ့ဆုံ၊ မြန်မာ့အကျပ်အတည်းနဲ့ ဒေသတွင်းအရေး ဆွေးနွေး

မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်ဟာ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်နဲ့ တွေ့ဆုံခဲ့ပြီး မြန်မာ့အကျပ်အတည်း ဖြေရှင်းရေးအပါအဝင် ဒေသတွင်းကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြတယ်လို့ Bernama သတင်းက ဒီဇင်ဘာ ၂၇ ရက်မှာ ဖော်ပြပါတယ်။