ပဲခူးတိုင်း၊ ပြည်မြို့မှာ ပေါ်တာဆွဲဖမ်းဆီးခံရပြီး စစ်မှုထမ်းစုဆောင်းခံခဲ့ရတဲ့ အဝေးသင်တက္ကသိုလ်ကျောင်းသား ၁ယောက် အကြမ်းဖက်စစ်တပ်လက်ကနေ ထွက်ပြေးလွတ်မြောက်လာပြီး ပကဖထံ အလင်းဝင်ခိုလှုံလာကြောင်း ရွှေတောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံက မောင်းကိုပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လအတွင်း ပြည်မြို့၊ မြို့သစ် ၁၇လမ်းထိပ်မှာ ဆိုင်ကယ်နဲ့လာတဲ့ ကိုမျိုးမင်းဟိန်းအပါအဝင် သူငယ်ချင်း ၃ ယောက်ကို အကြမ်းဖက်စစ်အုပ်စုတွေက ဆိုင်ကယ်ရှေ့ ကားနဲ့ ပိတ်ရပ်ပြီး အတင်းအဓမ္မ ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

ဖမ်းဆီးခံရသူ ၃ ယောက်ထဲက ၂ယောက်ဟာ မြို့နယ် လျှပ်စစ်ရုံးဝန်ထမ်းတွေဖြစ်တာကြောင့် စစ်မှုထမ်းစုဆောင်းခြင်းမခံရဘဲ လွတ်မြောက်သွားခဲ့ပေမယ့် ကိုမျိုးမင်းဟိန်းကိုတော့ စစ်အုပ်စုက အမှတ် ၉၅၉ တပ်ခေါ် စုဆောင်းရေးစခန်းကို ခေါ်ဆောင်သွားခဲ့ပါတယ်။

ရွှေတောင်ပကဖထံ ထွက်ပြေးခိုလှုံလာသည့် ကိုမျိုးမင်းဟိန်းအား တွေ့ရစဥ်

စုဆောင်းရေးစခန်းမှာ ၃ရက်တာ ထားပြီးတဲ့နောက် ကိုမျိုးမင်းဟိန်းကို ပြည်မြို့အခြေစိုက် ခလရ ၁၄ တပ်ဆီ ထပ်မံပို့ဆောင်ခဲ့သလို အဲ့ဒီတပ်အတွင်း ၅ရက်နီးပါးနေထိုင်ပြီးမှ ကိုမျိုးမင်းဟိန်း ထွက်ပြေးလွတ်မြောက်လာတယ်လို့ ရွှေတောင်ပကဖတာဝန်ခံက ပြောပါတယ်။

“ခလရ ၁၄ တပ်ထဲကနေ ၂၉ ရက်နေ့မှာ အစောင့်တွေအလစ်ကိုစောင့်ပြီး သူထွက်ပြေးတယ်ပေါ့။ အဲဒီကနေမှ ကျနော်တို့နဲ့ ဆက်သွယ်လာတာပါ။ အဆင့်ဆင့်ခေါ်ပြီး ၅ရက်လောက်ကြာမှ ကျနော်တို့ဆီရောက်တာပါ။” လို့ ရွှေတောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံက မောင်းကိုပြောပါတယ်။

ကိုမျိုးမင်းဟိန်းဟာ ပြည်အဝေးသင်တက္ကသိုလ်မှာ ပထမနှစ် ရူပဗေဒမေဂျာကို သင်ယူနေတဲ့ ကျောင်းသားတစ်ယောက်ဖြစ်ကြောင်းနဲ့ လက်ရှိစစ်မှုထမ်းစုဆောင်းခံရပြီး ပြန်လွတ်လာချိန်မှာတော့ ရွှေတောင်ပကဖနဲ့အတူ စစ်အာဏာရှင်ကို ပြန်တိုက်သွားမယ်လို့လည်း ပြောလာပါတယ်။

“ရွှေတောင်ပကဖမှာပဲ ဆက်လက်တာဝန်ထမ်းဆောင်ပြီး စကမကို တော်လှန်မယ်လို့ ပြောပါတယ်။ ဒီတော့ ကျနော်တို့ သူ့ကိုစစ်သင်တန်းပေးမှာပါ” လို့ ရွှေတောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ခံက မောင်းကိုပြောပါတယ်။

လက်ရှိအခြေအနေအရ ရွှေတောင်မြို့နယ်အတွင်း ရပ်ကျေးနဲ့ မြို့နယ်အဆင့်ဆင့် အာဏာပိုင်ဆိုသူတွေက လူငယ်တွေကို အရှိန်မြှင့်ဖမ်းဆီးရင်း ငွေကြေးစိတ်ကြိုက်တောင်းယူကာ စစ်မှုထမ်းစျေးကွက်ဖန်တီးနေတာကြောင့် ထိထိရောက်ရောက် အရေးယူသွားဖို့ရှိတယ်လို့လည်း ရွှေတောင်ပကဖက ထုတ်ပြန်ထားပါသေးတယ်။

 

0 Shares:
You May Also Like
Read More

မိုးကုတ်မြို့တွင် စစ်ကောင်စီတပ် ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ် (၁) ဦးအပါ ပြည်သူ (၂) ဦး ထိခိုက်ဒဏ်ရာရ

မန္တလေးတိုင်း၊ မိုးကုတ်မြို့၊ အုန်းကိုင်းရပ်ကွက်မှာ အကြမ်းဖက်စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံး (၁)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ် (၁) ယောက် အပါအဝင် အရပ်သားပြည်သူ (၂) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စစ်အုပ်စုအာဏာသိမ်းပြီးချိန်ကစလို့ လူငယ်များ၏ မလုံခြုံမှု ၂ ဆကျော် မြင့်တက်လာ၊ စစ်မှုထမ်းစုဆောင်းခံရမှုများအပေါ် စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုများ ရင်ဆိုင်လာရဟု UNDP ဆို…

အကြမ်းဖက်စစ်အာဏာသိမ်းပြီးချိန်ကစလို့ မြန်မာ လူငယ် ၇ ယောက်မှာ ၁ ယောက်က လုံခြုံရေးအတွက် စိုးရိမ်နေရပြီး စစ်မှုထမ်းဥပဒေနဲ့ တပ်သားသစ်စုဆောင်းမှုတွေကြောင့် အမျိုးသားလူငယ်တွေနဲ့ တိုင်းရင်းသားလူနည်းစုတွေကြား စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုတွေ ဖြစ်နေစေတယ်လို့ ကုလသမဂ္ဂဖွံ့ဖြိုးမှုစစ်တမ်း UNDP က ပြောပါတယ်။
Read More

ကန်ပက်လက်ကနေ ဆုတ်ခွာထွက်ပြေးလာတဲ့ စစ်သားတွေကို တိုက်ခိုက်ရာ ၃ ယောက်သေပြီး ၂ ယောက် အရှင်ဖမ်းဆီးရမိ…

ချင်းပြယ်နယ်၊ ကန်ပက်လက်မြို့ကနေ ဆုတ်ခွာထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်ရာ စစ်သား ၃ ယောက် သေဆုံးပြီး ၂ ယောက် အရှင်ဖမ်းဆီးရမိထားတယ်လို့ Laung She Regional People's Defence Force က သတင်းထုတ်ပြန်လာပါတယ်။
Read More

ဘုတလင်မှာ အင်အား ၁၀၀ ကျော်တဲ့ အကြမ်းဖက်စစ်ကြောင်းကို တိုက်ခိုက်ရာ ၅၀ ကျော်သေဆုံးပြီး ၄၀ ခန့် အရှင်ဖမ်းမိကာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိ

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်မှာ အင်အား ၁၀၀ ကျော်ရှိတဲ့ အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်က ၅၀ ကျော်သေဆုံးပြီး ၄၀ ခန့် အရှင်ဖမ်းမိခဲ့တယ်လို့ 96 Solider PDF (အညာဒေသ) ဆီက သိရပါတယ်။
Read More

အကြမ်းဖက်စစ်တပ်က တပ်သား ၁ ယောက် လက်နက်နဲ့အတူ ထားဝယ်ခရိုင်တပ်ရင်း(၂) ထံ အလင်းဝင်

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင် ၊ လောင်းလုံးမြို့နယ်အတွင်းက စစ်ကောင်စီတပ်သား တစ်ယောက်က လက်နက်နဲ့အတူ အလင်းဝင်ရောက်လာခဲ့တယ်လို့ နွေဦးပြောက်ကျားတပ်ဖွဲ့ (Nway Oo Guerrilla Force) က ထုတ်ပြန်ထားပါတယ်။
Read More

ရန်သူ ဝမ်းသာမည့် ကိစ္စရပ်များကို ရှောင်ရှားကာ တော်လှန်ရေးအင်အားစု အားလုံး ညီညွတ်ရေးကို ရှေ့ရှုကြဖို့ NUG ယာယီသမ္မတ တိုက်တွန်း

လူမျိုးစုတွေ ညီညွတ်ရေးမှသည် တော်လှန်ရေးအင်အားစုအားလုံး ညီညွတ်ရေးသို့ ရှေ့ရှုကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ယာယီသမ္မတ  ဒူဝါလရှီးလက ပြောကြားလိုက်ပါတယ်။