ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ရန်ကုန်တပ်ရင်း ၅၁၀၂ မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ရဲဘော်ပူတင်းဟာ စက်တင်ဘာ ၃ ရက်မှာ ကျဆုံးခဲ့တယ်လို့ ရန်ကုန်တပ်ရင်း ၅၁၀၂ က မနေ့က ထုတ်ပြန်ပါတယ်။

စက်တင်ဘာ ၃ ရက် မနက် ၃ နာရီ ၄၅ မိနစ်အချိန်မှာ အသက် ၂၇ နှစ်အရွယ် ရဲဘော် ပူတင်းဟာ တော်လှန်ရေးတာဝန်တွေ ထမ်းဆောင်ရင်း ကျဆုံးခဲ့တယ်လို့ သိရပါတယ်။

ကျဆုံးခဲ့တဲ့ ရဲဘော်ပူတင်းရဲ့ ကြွင်းကျန်ရစ်တဲ့ ရုပ်အလောင်းကို ရန်ကုန်တပ်ရင်း ၅၁၀၂ ရဲ့ တပ်ရင်းမှူး ဦးဆောင်ပြီး တပ်ရင်းရှိ ရဲဘော်တွေက ဂုဏ်ပြုအခမ်းအနားနဲ့အတူ င်္သဂြိုလ်ပေးခဲ့တယ်လို့ သိရပါတယ်။

ရဲဘော်ပူတင်းဟာ ၂၀၂၁ ခုနှစ်ကစတင်ပြီး စစ်အာဏာရှင်စနစ်ပြုတ်ကျရေး တိုက်ပွဲတွေမှာ အသက်ကိုပင်မငဲ့ဘဲ ရှေ့တန်းစစ်မြေပြင်တာဝန်တွေ ထမ်းဆောင်ခဲ့သူဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် နောက်တန်းဌာနတွေကို ပြန်လည်ဝင်ရောက် အနားယူချိန်တွေမှာလည်း တပ်ရင်းရှိရဲဘော် ရဲမေအားလုံးနဲ့ သိုက်သိုက်ဝန်းဝန်း ချစ်ချစ်ခင်ခင်နေတတ်ပြီး ပေါ့ပါးလွတ်လပ်တဲ့ လူငယ်တစ်ယောက်အဖြစ် နေထိုင်ခဲ့သူဖြစ်တယ်လို့ ရန်ကုန်တပ်ရင်း ၅၁၀၂ က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ချင်းတွင်းမြစ်ကြောင်းအတိုင်းလာသည့် စစ်သင်္ဘော ၃စီးအား ရှေ့ထွက်မိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်၊ သင်္ဘောတစ်စီး မီးလောင်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့အနီး ချင်းတွင်းမြစ်ကြောင်းအတိုင်းတက်လာတဲ့ စစ်သင်္ဘော ၃စီးကို ရှေ့ထွက်မိုင်းတွေနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တဲ့အတွက် သင်္ဘောတစ်စီး မီးလောင်သွားတယ်လို့ မုံရွာခရိုင် တပ်ရင်း (၁၅) တပ်ခွဲ (၄) Black Leopard Force (BLF) ထံက သိရပါတယ်။
Read More

ရေစကြိုရုံးပေါင်းစုံက စစ်အုပ်စုတွေကို MBTအဖွဲ့၊ ပြောက်ကျား သွားရောက်တိုက်ခိုက်၊ စစ်အုပ်စုဘက်က ၃ ယောက် သေ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်မှာ စစ်အုပ်စုတွေတပ်စွဲထားတဲ့ ရုံးပေါင်းစုံ (ရေစကြိုထွေအုပ်ရုံး) ကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ၃ ယောက် သေဆုံးကြောင်း Myingyan Black Tiger (MBT) ခေါင်းဆောင် ဗိုလ်မိုက်ခဲထံက သိရပါတယ်။
Read More

မိုးဗြဲမြို့တွင် စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် အသက် ၂၀ ကျော်အရွယ် အရပ်သားတစ်ဦး သေဆုံး

ကရင်နီပြည်နယ်၊ မိုးဗြဲမြို့မှာ စစ်ကောင်စီတပ် လက်နက်ကြီး ​ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဒေသခံ ၁ ယောက် ထိမှန်သေဆုံးခဲ့တယ်လို့ Mobye Local PDF က မနေ့က ထုတ်ပြန်ပါတယ်။
Read More

နောင်ချိုမှာ စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ ၁ ဦး ထိခိုက်ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းကို အသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ ၁ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ထုတ်ပြန်ထားပါတယ်။
Read More

ABSDF အမှတ် ၃ စစ်ကြောင်းနှင့် ရေစကြို ပ.က.ဖ တို့ ပူးပေါင်းပြုလုပ်သည့် အပတ်စဉ် ၁ အခြေခံစစ်ပညာသင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး -ABSDF (ကျောင်းသားတပ်မတော်)၊ အမှတ် ၃ စစ်ကြောင်းနဲ့ ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်းပြုလုပ်တဲ့ ၁/၂၀၂၅ အခြေခံစစ်ပညာသင်တန်းဆင်းပွဲကို မတ်လ ၂ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ ABSDF က ထုတ်ပြန်ပါတယ်။
Read More

မိုးကုတ်မြို့အနီးရှိ ရွှေလိပ်ပြာဟိုတယ်ကို စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှု ၁ ဦးသေဆုံး ၊ ၃ ဦးဒဏ်ရာရ…

"ထိတွေ့မှုလဲမရှိဘူးဗျ ၊ ဒီတိုင်းချဲသွားတာဗျ ဟိုတယ်က မဖွင့်ထားဘူးဗျ ၊ လောလောဆယ် ဒီလောက်ပဲသိရသေးတယ်" လို့ မိုးကုတ်နယ်ခံတစ်ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။