တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်အတွင်း ပတ်ကင်းထွက်လာတဲ့ အကြမ်းဖက်စစ်သားတွေကို တိုက်ခိုက်ခဲ့ရာ ၅ ယောက် သေဆုံးခဲ့တယ်လို့ ဝေဟင်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၂၉ ရက်က ရေဖြူမြို့နယ် တောင်ရင်းအင်းရွာအနောက်ဘက်ပိုင်းကို ပတ်ကင်းထွက် လာတဲ့ အကြမ်းဖက်စစ်သားတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေက ဆယ်အိမ်စုရွာအနီး တိုက် ခိုက်ခဲ့တယ်လို့ သိရပါတယ်။ 

တိုက်ပွဲ ၃၀ မိနစ်ကြာ ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်သား ၅ ယောက်ထက်မနည်း ထိခိုက်သေဆုံးကာ တော်လှန်ရေးရဲဘော် ၁ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

အထိနာသွားတဲ့ အကြမ်းဖက်စစ်သားတွေဟာ စစ်ကူအင်အားထပ်မံဖြည့်တင်းပြီး သာလွန်အင်အား သုံးလာတဲ့အတွက် တော်လှန်ရေးရဲဘော်တွေ ပြန်လည်ဆုတ်ခွာပေးခဲ့ရတယ်လို့ သိရပါတယ်။

အဲဒီနောက် စစ်တပ်က ဆယ်အိမ်စုရွာနဲ့ တောင်ရင်းအင်းရွာတွေကို စီးနင်းဝင်ရောက်ပြီး ပြည်သူပိုင်ပစ္စည်းတွေကို ခိုးယူကာ နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရတယ်။ 

 Video – ဝေဟင်တပ်ဖွဲ့

0 Shares:
You May Also Like
Read More

ဖြူးမြို့နယ် အုတ်ဖြတ်လမ်းပေါ် တိုက်ပွဲဖြစ်ပွား၊စစ်သား ၇ သေပြီး ၂ ယောက် ဒဏ်ရာရ (ရုပ်/သံ)

ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ အုတ်ဖြတ်လမ်းပေါ်ရှိ တာကျိုးလမ်းဆုံမှာ မတ်လ ၁၀ ရက် မနက်ပိုင်းက အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ အာဠာဝကစစ်ကြောင်းထံက သိရပါတယ်။
Read More

သရက်ချောင်းမြို့နယ်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှုပြုလုပ် (ရုပ်/သံ)

တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ်မှာ နိုဝင်ဘာ ၃၀ ရက် မနေ့က စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှုပြုလုပ်ခဲ့တယ်လို့ ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ(သရက်ချောင်းမြို့နယ်) ထံက သိရပါတယ်။
Read More

စလင်းမြို့နယ်ထဲက စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးတပ်တွေ ဝင်ရောက်တိုက်ခိုက်၊ စစ်သားနဲ့ ပျူ ၈ ယောက်သေ (ရုပ်/သံ)

မကွေးတိုင်း မင်းဘူးခရိုင် စလင်းမြို့နယ် အနောက်ဘက်ရှိ ဝက်သည်းကန်အနီး ရှမ်းရွာကုန်းနဲ့ ဆင်ကျုံးကြား အကြမ်းဖက်စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးတပ်များက ဧပြီ ၂၆ ရက် ဒီနေ့မနက်အစောပိုင်းက ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်းထံက သိရပါ တယ်။
Read More

ယမန်နေ့က ပစ်ချခံခဲ့ရသည့် ရဟတ်ယာဉ်ရှိရာနေရာကို KIA နှင့် ပူးပေါင်းတပ်များ နယ်မြေရှင်းလင်းစဥ် စစ်သားအလောင်း ၁၆ လောင်းတွေ့ရှိ (ရုပ်/သံ)

ယမန်နေ့က ပစ်ချခံခဲ့ရသည့် ရဟတ်ယာဉ်ရှိရာနေရာကို KIA နဲ့ ပူးပေါင်းတပ်များက နယ်မြေရှင်းလင်းခဲ့ရာ စစ်သားအလောင်း ၁၆ လောင်းနဲ့ မီးလောင်ပျက်စီးနေတဲ့ သေနတ်တွေကို သိမ်းဆည်းရရှိခဲ့တယ်လို့ ဒေသတွင်းရှေ့တန်းသတင်းရင်းမြစ်ထံက သိရှိရပါတယ်။
Read More

စစ်ကောင်စီ လက်နက်စက်ရုံ ကပစ- ၁၃ ကို ၁၀၇ မမ ရှော့တိုက်ဒုံး ၁၀ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်၊ ၅ ယောက်သေ၊ ၇ ယောက် ဒဏ်ရာရ (ရုပ်/သံ)

မကွေးတိုင်း၊ ဆင်ပေါင်ဝဲမြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ လက်နက်ထုတ်လုပ်ရေးစက်ရုံ ကပစ- ၁၃ ကို ဧပြီ ၂၅ ရက် ညပိုင်းက ၁၀၇ မမ ရှော့တိုက်ဒုံး ၁၀ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၅ ယောက်သေပြီး ၇ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ Brave Warriors for Myanmar မှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

ညောင်ဂျစ်ပင်ပျူစခန်းကို ရော့ကတ် ၁၀ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်၊ ကာကင်းစခန်းများနှင့် အဆောက်အအုံများ ပေါက်ကွဲ (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ညောင်ဂျစ်ပင်ပျူစခန်းကို မတ်လ ၁၆ ရက် မနေ့က နေ့လယ်ပိုင်းမှာ ရော့ကတ် ၁၀ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဘာမထီ လက်နက်ကြီးပြောက်ကျားတပ်ဖွဲ့  မြိုင် ထံက သိရပါတယ်။