မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုက အရပ်သားပြည်သူ ၉ယောက်ကို ခေါင်းသေနတ်တေ့ပစ်သတ်တာနဲ့ အသေခံ မိုင်းနင်းခိုင်းတာတွေလုပ်ဆောင်ခဲ့ကြောင်း ပွင့်ဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူထံက သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၃ရက်နေ့ကစပြီး စကုမြို့အခြေစိုက် ခလရ ၁၀ နဲ့ ပွင့်ဖြူမြို့အခြေစိုက် ဝါစိုက်ပျိုးရေးတပ်တွေကနေ ထွက်လာတဲ့ အင်အား ၁၅၀ခန့်ပါ အကြမ်းဖက်စစ်ကြောင်းဟာ မုန်းချောင်းရဲ့ တောင်ဘက်မြောင်းကျေးရွာတွေဖြစ်တဲ့ အုတ်ဖို၊ သနပ်ဝ၊ ဖလံကျင်း၊ မန်ကျည်းစု၊ ဆည်တောနဲ့ လေးအိမ်စုရွာတွေဘက် စစ်ကြောင်းဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။

စစ်အုပ်စုတွေဟာ ဝါစိုက်ပျိုးရေးတပ်အရှေ့ဘက်၊ မုန်းချောင်းတောင်ဘက်မြောင်းအတိုင်း တက်လာရင်း မန်ကျည်းစုရွာအနီးမှာ မင်းဘူးခရိုင် အမှတ် ၇ တပ်ရင်းနဲ့ စတင်ထိတွေ့မှုဖြစ်ခဲ့ပြီး မိုင်းနင်းမိတာတွေလည်းရှိတာကြောင့် အထိနာခဲ့တယ်လို့ ပွင့်ဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

အဲ့ဒီလို အထိနာသွားတဲ့ စစ်အုပ်စုဟာ မန်ကျည်းစုရွာထဲက အရပ်သား ၂ယောက်ရဲ့ ခေါင်းကို သေနတ်နဲ့ တေ့ပစ်သတ်ခဲ့သလို မီးပါရှို့သွားခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် လေးအိမ်စုရွာမြောင်းကနေလည်း အမည်နေရပ်လိပ်စာမသိတဲ့ အလောင်းတစ်လောင်းကို ရှာတွေခဲ့တယ်လို့ ပွင့်ဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

အဲ့ဒီနောက်မှာတော့ အကြမ်းဖက်စစ်ကြောင်းဟာ ဆည်တော်ရွာကတဆင့် အင်အား လက်ကျန် ၁၁၀ လောက်နဲ့ မုန်းချောင်းမြောက်ဘက် မြောင်းကျေးရွာဖြစ်တဲ့ မဲဇလီရွာကိုဝင်ရောက်ရင်း အင်အားနောက်ချန်ထားကာ စစ်ကြောင်းတွေ ဆက်ထွက်ခဲ့တယ်လို့သိရပါတယ်။

စစ်ကြောင်းဟာ ထန်းတော၊ ညောင်ပင်ဝိုင်း၊ ထူးပေါက်၊ အင်ကုန်း၊ မဒဲ၊ ကနီကျေးရွာတွေဘက် ထွက်လာရင်း ကနီကျေးရွာနားအရောက် တော်လှန်ရေးတပ်ပေါင်းစုတွေနဲ့ ထိတွေ့မှုထပ်မံဖြစ်ပွားခဲ့ပြီး ထိခိုက်သေဆုံးမှုတွေ ရှိခဲ့ပါတယ်။

စက်တင်ဘာလ ၅ရက်နေ့ စစ်ကြောင်းပြန်ထွက်ရာမှာတော့ စစ်အုပ်စုဟာ အနောက်အင်းကုန်း၊ ပဒဲကုန်း၊ မဒဲနဲ့ ကနီ စတဲ့ကျေးရွာတွေက အရပ်သား ၁၂ယောက်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခဲ့ပါသေးတယ်။

“ဖမ်းခံရတဲ့ထဲက ကိုသူရဆိုတဲ့လူကို သူတို့သေနတ်နဲ့ ခေါင်းကိုပစ်တေ့ပြီး သတ်သွားတယ်။ ကျန်တဲ့ ၁၁ယောက်ကို စစ်ကြောင်းရှေ့ပြေးအဖြစ် မဒဲရွာဘုန်းကြီးကျောင်းကို ခေါ်သွားတယ်။ အဲ့စစ်ကြောင်းကို ကူဖို့ဆိုပြီး ကျောင်းကုန်းကြီးရွာဘက်မှာ စုဖွဲ့မှုလုပ်တယ်။ ဝါစိုက်ပျိုးတပ်ကလာတဲ့ ကောင်တွေကို ကျနော်တို့ ပကဖတွေနဲ့ Local တပ်တွေက ဖြတ်တိုက်တော့ သူတို့ဘက် ၄ယောက်လောက်သေပြီး စစ်ကူပြန်ဆုတ်သွားတယ်။ စစ်ကူဆုတ်သွားလို့ ပိတ်မိနေတဲ့ မဒဲရွာဘုန်းကြီးကျောင်းက စစ်ကြောင်းကို သွားတိုက်တော့ သူတို့ထွက်ပြေးတယ်။ ထွက်ပြေးရင် မဒဲ-ကျောင်းကုန်းကြီးလမ်းပိုင်းမှာ သူတို့ မိုင်းကွင်းတိုးရတယ်။ အဲ့မှာဖမ်းလာတဲ့ ဓားစာခံပြည်သူတွေကို ဖြတ်ခိုင်းတာ.. ပါလာတဲ့ ၁၁ယောက်ကို ၅ယောက်သေပြီး ၆ယောက် ဒဏ်ရာရပါတယ်။ သူတို့လည်း သေတာတွေရှိပေမယ့် အလောင်းတွေကို ကားပေါ်တင်သွားတယ်။ ပြည်သူတွေကိုပဲ ပစ်ထားခဲ့ပါတယ်။” လို့ ပွင့်ဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

အကြမ်းဖက်စစ်အုပ်စုအနေနဲ့ ပွင့်ဖြူမြို့နယ်အတွင်း ဝင်ရောက်ခဲ့တဲ့ ရက်ပိုင်းအတွင်း အရပ်သား စုစုပေါင်း ၉ယောက်ကို ရက်ရက်စက်စက် သတ်ဖြတ်ကာ ၆ယောက်ကို ထိခိုက်ဒဏ်ရာရစေခဲ့တာလည်း ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ညောင်ပင်ဆိပ်ကျေးရွာ အုပ်ချုပ်ရေးမှူး လက်သည်မပေါ်ဘဲ ပစ်ခတ်ရှင်းလင်းခံရ

AA ရဲ့ ထိုးစစ်တွေ ဝင်ရောက်လာမှာကို ကြောက်လန့်ပြီး လုံခြုံရေးတွေ တင်းကြပ်ထားတဲ့ ဧရာဝတီတိုင်း ကျုံပျော်မြို့နယ်မှာ ဇန်နဝါရီ ၁၅ ရက် မနေ့က ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ယောက် ပစ်သတ်ခံခဲ့ရပါတယ်။
Read More

မင်းကွန်းမှာ လက်ဖက်ရည်ဆိုင်ထိုင်နေတဲ့ ရဲတွေရှင်းလင်းခံရပြီးနောက် စစ်အုပ်စုက အရပ်သား ၄ ယောက်ကို အကြောင်းမဲ့ပစ်ခတ်

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့၊ မင်းကွန်းဒေသမှာ အရပ်ဝတ်နဲ့ လက်ဖက်ရည်ဆိုင်ထိုင်နေတဲ့ ရဲတွေ ပစ်ခတ်ခံရပြီးနောက် အရပ်သားထိခိုက်မှုတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။
Read More

ဖားကန့်တွင် သေနတ်ဒဏ်ရာနှင့် သေဆုံးနေသည့် အမျိုးသား ရုပ်အလောင်း ထပ်မံတွေ့ရှိ

ကချင်ပြည်နယ်၊ ဖားကန့်ရှိ မရှီကထောင်ရပ်ကွက်၊ ယူမာကျေးရွာအဝင် တံတားလေးအနီးမှာ သေဆုံးနေတဲ့ အမျိုးသား ရုပ်အလောင်းတစ်ခု ထပ်မံတွေ့ရှိခဲ့တယ်လို့ နယ်ခံတွေဆီက သိရပါတယ်။
Read More

ရောင်နီ LA ပွဲ အမေရိကန်ဒေါ်လာ ၁သိန်း ၄သောင်းခန့် ရရှိ

အမေရိကန်နိုင်ငံ၊ Los Angeles မြို့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ရောင်နီ ဖျော်ဖြေပွဲကနေ အမေရိကန်ဒေါ်လာ ၁သိန်း ၄သောင်းကျော် ရရှိခဲ့တယ်လို့ ရောင်နီ Tour က ကြေညာပါတယ်။
Read More

လက်ဖက်ရည်ဆိုင်ထိုင်နေတဲ့ စစ်ကောင်စီ လေတပ်ဗိုလ်ကြီးကို PLA ပစ်ခတ်ရှင်းလင်း

စစ်ကောင်စီရဲ့ လေတပ်ဗိုလ်ကြီးတစ်ယောက်ကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA က ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ဒီနေ့ ဒီဇင်ဘာ ၂၉ ရက်မှာ ထုတ်ပြန်ပါတယ်။
Read More

ပစ်ခတ်မှုတွေဖြစ်ခဲ့တဲ့ ရွာငံမှာ စစ်တပ်က အရပ်သားတွေကို ဖမ်းဆီးစစ်ဆေးနေ၊ နွားဘန်းကြီးရွာကို ဝင်စီးပြီး အမျိုးသမီး ၂ ယောက်ကို အကြောင်းမဲ့ဖမ်းဆီးသွား

ရှမ်းတောင်၊ ဓနုဒေသ ၊ ရွာငံမြို့မှာ မြို့အဝင်စစ်ဆေးရေးဂိတ်အပါအဝင် မြို့ထဲတပ်စွဲထားတဲ့ စစ်အုပ်စုတွေပစ်ခတ်တိုက်ခိုက်ခံရပြီးတဲ့နောက် စစ်ကောင်စီက ကျေးရွာတွေကို ဝင်ရောက်စီးနင်းရင်း အမျိုးသမီး၂ယောက်ကို အကြောင်းမဲ့ ဖမ်းဆီးသွားတယ်လို့ ဒေသသတင်းရင်းမြစ်တွေက ပြောပါတယ်။