အကြမ်းဖက်စစ်တပ်က ဦးဆောင်ပြုလုပ်မယ့် အတုအယောင်ရွေးကောက်ပွဲအတွက် လိုအပ်တဲ့ ပါတီဝင်အင်အားနဲ့ ရုံးခန်းအရေအတွက်တွေ ပြသနိုင်ခဲ့ပေမယ့် ပါတီဖျက်သိမ်းခံလိုက်ရတဲ့အပေါ် အခွင့်အရေးရှိရင် ဆက်ပြီးပါဝင်ခွင့်ရချင်သေးကြောင်း (NDF) ခမောက်ပါတီက စက်တင်ဘာလ ၁၀ရက် ဒီနေ့ ရက်စွဲနဲ့ ထုတ်ပြန်လာပါတယ်။

ထုတ်ပြန်ချက်ထဲမှာ အကြမ်းဖက်စစ်တပ်လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင် (UEC) က သတ်မှတ်ထားတဲ့ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေနဲ့အညီ (NDF) ခမောက်ပါတီကို ပြန်လည်မှတ်ပုံတင်ပြီး ပါတီရုံးခန်းအရေအတွက်နဲ့ ပါတီဝင်အင်အားတွေ ရရှိအောင်ကြိုးစားခဲ့တယ်လို့လည်း ပြောထားပါတယ်။

(NDF) အနေနဲ့ ပါတီဝင်ဦးရေ ၈၈၈၂၀ ယောက်နဲ့ မြို့နယ်ရုံးခန်းပေါင်း ၁၁၇ ရုံးရှိကြောင်း စက်တင်ဘာလ ၇ရက်နေ့အမှီ တင်ပြနိုင်ခဲ့ပေမယ့် ရွေးကောက်ပွဲကော်မရှင် (UEC) က ပယ်ချပြီး ပါတီကိုဖျက်သိမ်းခဲ့တာလို့လည်း သိရပါတယ်။

ဒီလိုမျိုး ပါတီဖျက်သိမ်းခံရတဲ့အပေါ် စစ်တပ်လက်အောက်ခံ UEC ကို တစုံတရာ ဝေဖန်ပြောဆိုတာမျိုးမရှိဘဲ မဲဆန္ဒရှင်တွေကို တောင်းပန်ကြောင်းနဲ့ အခွင့်အရေးရှိရင် စစ်ခေါင်းဆောင်ရဲ့ အတုအယောင် ရွေးကောက်ပွဲမှာ ဆက်လက်ပါဝင်ချင်သေးကြောင်း (NDF) ပါတီက ပြောထားပါတယ်။

စစ်အုပ်စုလက်အောက်ခံ UEC က အမျိုးသားဒီမိုကရေစီအင်အားစု NDF ပါတီနဲ့အတူ အမျိုးသားနိုင်ငံရေး ဒီမိုကရက်တစ်ပါတီ(DNP)၊ အမျိုးသမီးပါတီ(မွန်)နဲ့ ပြည်ထောင်စုလယ်သမား အလုပ်သမားအင်အားစုပါတီ တို့ကို သတ်မှတ်ပါတီဝင်အင်အားနဲ့ ရုံးခန်းအရေအတွက် မရှိဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ပယ်ဖျက်ခဲ့တာ ဖြစ်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီကနေ စစ်တပ်ဘက်ယိမ်းတဲ့သူတွေ တည်ထောင်ခဲ့ကြတဲ့ (NDF) ခမောက်ပါတီဟာ လက်ရှိ စစ်အုပ်စုရဲ့ အတုယောင်ရွေးကောက်ပွဲအတွက် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ယှဥ်ပြိုင်သွားမယ်လို့ ကြွေးကြော်ထားတာဖြစ်ပါတယ်။

NDF ဒုဥက္ကဌ တာဝန်ယူထားတဲ့ ဒေါ်စန္ဒာမင်းက ပါတီဖျက်သိမ်းမခံရခင် တစ်ရက်မှာ သူတို့ပါတီကို ပါတီဝင်အဖြစ်လျှောက်ထားသူနဲ့ ကိုယ်စားလှယ်လောင်း လျှောက်ထားသူတွေ များပြားနေကြောင်း ကြွားဝါပြောဆိုခဲ့ပါသေးတယ်။

စစ်အုပ်စု ရွေးကောက်ပွဲမှ ထုတ်ပယ်လိုက်သည့် NDF ပါတီပုံရိပ်များနှင့် ဒေါ်စန္ဒာမင်း (ဓာတ်ပုံ လူမှုကွန်ရက်)

0 Shares:
You May Also Like
Read More

ရှမ်းနီအမျိုးသားတပ် SNA တပ်သားတစ်ဦး လက်နက်နှင့်တကွ အလင်းဝင်

အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ရှမ်းနီအမျိုးသားတပ် (SNA) တပ်မဟာ (၆၁၄) က တပ်သားတစ်ယောက် လက်နက်နဲ့တကွအလင်းဝင်ရောက်ခဲ့တယ်လို့ People’s Defence Force Katha District B - 04 ဆီက သိရပါတယ်။
Read More

မိုင်းကိုင်မြို့နယ်က SSPP တပ်စခန်းကို RCSS ဝင်ရောက်တိုက်ခိုက်ပြီး SSPP တပ်ဖွဲ့ဝင် ၈ ယောက်ကို ဖမ်းဆီးကာ ဒေသခံ ၁ ယောက်ကို ပစ်သတ်သွားဟု SAPP ထုတ်ပြန်

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းကိုင်မြို့နယ်က ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တပ်စခန်းငယ်နှစ်ခုကို ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော် (RCSS/SSA) က ဝင်ရောက်တိုက်ခိုက်ပြီး SSPP တပ်ဖွဲ့ဝင် ၈ ယောက်နဲ့ ဒေသခံ ၁ ယောက်ကို ဖမ်းဆီးသွားကာ ဒေသခံ ၁ ယောက်ကို ပစ်ခတ်သတ်ဖြတ်သွားတယ်လို့ SSPP က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

၂၀၂၅ အတွင်း စစ်ကော်မရှင်တပ်မှ အလင်းဝင်သူနှင့် စစ်သုံ့ပန်း စုစုပေါင်း အယောက် ၂၀၀၀ ကျော် ရှိလာ

၂၀၂၅ ခုနှစ် ဇန်နဝါရီလကနေ အခု စက်တင်ဘာလ ပထမပတ်အထိ အာဏာသိမ်း စစ်ကော်မရှင်လက်အောက်ကနေ အလင်းဝင်လာသူတွေနဲ့ လက်နက်ချ စစ်သုံ့ပန်း စုစုပေါင်း ၂၀၂၉ ယောက် ရှိပြီ ဖြစ်တယ်လို့ ပြည်သူ့ပန်းတိုင်က မနေ့က စက်တင်ဘာ ၁၆ ရက်မှာ ထုတ်ပြန်ပါတယ်။
Read More

ရေတာရှည်မှာ ဂျမ်မာတွေ ဖျက်ဆီးဖို့သွားတဲ့ တော်လှန်ရေးတပ်နဲ့ စစ်အုပ်စု ထိတွေ့တိုက်ပွဲဖြစ်.. စစ်အုပ်စု ရမ်းပစ်လို့ အရပ်သား ၁ ယောက် ခေါင်းထိမှန်သေပြီး ၂ ယောက်ဒဏ်ရာရ…

ပဲခူးတိုင်း ၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်မှာ အကြမ်းဖက်စစ်တပ်ရဲ့ ဂျမ်မာတွေကို သွားရောက်ဖျက်ဆီးရင်း စစ်ကောင်စီတပ်တွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်ခဲ့တယ်လို့ ရေတာရှည်မြို့နယ်အခြေစိုက် ပုဝါနီစစ်ကြောင်းဆီက သိရပါတယ်။
Read More

ပုလောမြို့နယ်မှာ စစ်မှုထမ်းသင်တန်းဆင်းထားသည့် တပ်ကြပ်ကြီးစာရေး (အကူ) (၁) ဦးနှင့် ဒု-တပ်ကြပ် (၁) ဦး လက်နက်များနှင့် အလင်းဝင်လာ…

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ဘုတ်ခြံအခြေစိုက် အကြမ်းဖက်စစ်ကောင်စီတပ်က အတင်းအဓမ္မစစ်သား စုဆောင်းခံထားရတဲ့ စစ်သား (၂) ယောက် လက်နက်တွေနဲ့ အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင်အမှတ် (၁) တပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ထိုင်းရေပိုင်နက်အတွင်း ငါးဖမ်းလှေတွေကို စစ်ကောင်စီရေတပ်က တိုက်ခိုက်တာဆိုရင် လက်တုံ့ပြန်မယ်လို့ ထိုင်းရေတပ်ပြော ဘယ်လိုအခြေအနေမျိုးဖြစ်ဖြစ် အကြမ်းဖက်တာကို မထောက်ခံဘူးလို့ ထိုင်းဝန်ကြီးချုပ် ဆို

စစ်ကောင်စီရေတပ်က ထိုင်းပိုင်နက်အတွင်း ကျူးကျော်ဝင်ရောက်ပြီး ထိုင်းငါးဖမ်းလှေတွေကို တိုက်ခိုက်တာဆိုရင် ထိုင်းရေတပ်အနေနဲ့ လက်တုံ့ပြန်ဖို့ အသင့်ရှိကြောင်း ရေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Jirapol Wongwit က ဒီဇင်ဘာ ၁ ရက်နေ့မှာ ပြောပါတယ်။