အင်တာနက်သုံးစွဲသူ တဦးတယောက်ချင်းစီကို ခြေရာခံနိုင်ပြီး သက်ဆိုင်ရာ တာဝါတိုင်အလိုက် ချိတ်ဆက်အသုံးပြုမှုတွေကို အခြေခံကာ မိုဘိုင်းသုံးစွဲသူတွေရဲ့ တည်နေရာကို အချိန်နဲ့တပြေးညီ ဖော်ထုတ်နိုင်တဲ့ နည်းပညာကို တရုတ်ကုမ္ပဏီက စစ်တပ်ထံကို ရောင်းချထားတယ်လို့ Justice for Myanmar က ဖော်ပြလာပါတယ်။

အဆိုပါ ဖော်ပြချက်ကို “ထောက်လှမ်းရေး ပိုးလမ်းမ – စစ်အုပ်စု၏ ဒီဂျစ်တယ်အကြမ်းဖက်စစ်ဆင်ရေးတွင် တရုတ်ကုမ္ပဏီ Geedge Networks နှင့် မြန်မာ့ဆက်သွယ်ရေး နည်းပညာလုပ်ငန်းများ၏ အခန်းကဏ္ဍ” ဆိုတဲ့ Justice for Myanmar ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားတာ ဖြစ်ပါတယ်။

Geedge Networks လို့ခေါ်တဲ့ တရုတ်ကုမ္ပဏီဟာ စစ်အုပ်စုနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ရှိနေပြီး စစ်အုပ်စုကနေ အရပ်သားပြည်သူတွေကို ခြေရာခံ၊ ဖမ်းဆီး၊ ညှင်းပန်းနှိပ်စက် သတ်ဖြတ်တာတွေကို လုပ်ဆောင်ဖို့ အထောက်အပံ့ပေးနေတယ်လို့ သိရပါတယ်။

Justice for Myanmar ကတော့ “Geedge Networks သည် တရုတ်အစိုးရနှင့် ချိတ်ဆက်ထားသည့် တရုတ်ကုမ္ပဏီတစ်ခုဖြစ်သည်” လို့ အတိအလင်း ဖော်ပြထားတာ ဖြစ်ပါတယ်။


Geedge Networks ကုမ္ပဏီရဲ့ ခေတ်မီဆန်းပြားတဲ့ စောင့်ကြည့်ထောက်လှမ်းနဲ့ ဆင်ဆာဖြတ်တောက်ရေး နည်းပညာကို ဆက်လက်လည်ပတ်နေမှုမှာ တရားမဝင် စစ်အုပ်စုကိုယ်စား အခရာကျတဲ့ အခန်းကဏ္ဍကနေ ဆက်သွယ်ရေး နည်းပညာ ကုမ္ပဏီ ၁၃ ခုပါဝင်နေကြောင်း သိရပါတယ်။

အဲဒီ ကုမ္ပဏီတွေကတော့ ATOM (ယခင်နာမည် Telenor- တယ်လီနောမြန်မာ)၊ မိုင်တဲလ် (Mytel)၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT)၊ အော်ရီဒူးမြန်မာ (Ooredoo)၊ Frontiir၊ StreamNet၊ Golden TMH Telecom၊ Internet Maekhong Network (IM-Net)၊ Myanmar Broadband Telecom (MBT)၊ Myanmar Telecommunication Network (MTN)၊ Campana၊ Global Technology Group နဲ့ China Unicom တို့ ဖြစ်တယ်လို့ သိရပါတယ်။

Geedge Networks ကုမ္ပဏီဟာ တရားမဝင် မြန်မာစစ်အုပ်စုထံကို ဟာ့ဝဲလ်နဲ့ ဆော့ဝဲလ်တွေ ရောင်းချပေးအပ်ခဲ့တာဟာ စစ်တပ်ကနေ အရပ်သားပြည်သူတွေအပေါ် စနစ်တကျ ဦးတည်တိုက်ခိုက်မှုတွေ၊ ညှဉ်းပန်းနှိပ်စက်မှုနဲ့ သတ်ဖြတ်မှုတွေကို အားပေး ကူညီနေတာဖြစ်တယ်လို့ Justice For Myanmar က ဆိုပါတယ်။

ဒါကြောင့် Geedge Networks ကုမ္ပဏီနဲ့ ကုမ္ပဏီရဲ့ ခေါင်းဆောင်မှု တာဝန်ရှိသူတွေအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ဖို့၊ နိုင်ငံတကာရာဇဝတ်တွေကို အားပေးကူညီမှုအတွက် Geedge ရဲ့ ကြီးကြပ်ကွပ်ကဲမှုနဲ့ ခေါင်းဆောင်မှုတွေမှာ ပါဝင်သူလူပုဂ္ဂိုလ်တွေကို နိုင်ငံတကာ ရာဇဝတ်ကြောင်းအရ စုံစမ်းစစ်ဆေးမှုတစ်ရပ် လုပ်ဆောင်ဖို့ကိုလည်း Justice For Myanmar ကနေ တောင်းဆိုထားပါတယ်။

0 Shares:
You May Also Like
Read More

ထိုင်းနှင့် ကမ္ဘောဒီးယား ထိပ်သီးခေါင်းဆောင်များ တွေ့ဆုံပြီးနောက် အပစ်ရပ်ရေး သဘောတူညီမှု ရရှိ

မလေးရှားနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ ထိုင်းနဲ့ ကမ္ဘောဒီးယား တွေ့ဆုံဆွေးနွေးမှုကနေ ချက်ချင်းအပစ်ရပ်ရေး သဘောတူညီမှု ရရှိခဲ့တယ်လို့ သိရပါတယ်။
Read More

စစ်တပ်၏ ပြောင်းလဲမှုများက စစ်မှန်သည့် အပြောင်းအလဲ မဟုတ်ဘူး ဟု International IDEA ထုတ်ပြန်

အာဏာသိမ်းစစ်တပ်ဟာ ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (စကစ) ကို ဖျက်သိမ်းပြီး စစ်ကော်မရှင်လို့ ဆိုနိုင်တဲ့ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် (SSPC) ကို မြန်မာနိုင်ငံရဲ့ ကြားကာလအစိုးရတစ်ရပ်အဖြစ် ဖွဲ့စည်းလိုက်တာဟာ စစ်မှန်တဲ့ ပြောင်းလဲမှု မဟုတ်ကြောင်းနဲ့ လွန်စွာစိုးရိမ်ကြောင်း International IDEA က သဘောထားထုတ်ပြန်လာပါတယ်။ 
Read More

“ဝ” ထိန်းချုပ်ဒေသတွင်း ရွှေတူးဖော်မှုများကြောင့် ဒေသတွင်း ပတ်ဝန်းကျင်ညစ်ညမ်းမှု အပါအဝင် နယ်စပ်ဖြတ်ကျော်ကိစ္စများ ထိုင်းနှင့် စစ်ကောင်စီတို့ ဆွေးနွေးဟု ဆို

စစ်ကိုင်းတိုင်း၊ ခန္တီးမြို့ အခြေစိုက် စစ်ကောင်စီတပ်က ပြည်သူ့စစ် ၁ ယောက်ဟာ သေနတ်မပါဘဲ လက်နက်မဲ့ အလင်းဝင်ခဲ့လာတယ်လို့ ခန္တီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ဆီက သိရပါတယ်။
Read More

မင်းအောင်လှိုင်ကို BIMSTEC ညိီလာခံ ဖိတ်ကြားထားမှုအပေါ် လူ့အခွင့်အရေးဆိုင်ရာ အာဆီယံလွှတ်တော်အမတ်များအဖွဲ့ APHR ကန့်ကွက်

အာဏာသိမ်း စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို BIMSTEC ညီလာခံ ဖိတ်ကြားထားမှုအပေါ် လူ့အခွင့်အရေးဆိုင်ရာ အာဆီယံလွှတ်တော်အမတ်များအဖွဲ့ APHR က ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချလိုက်ပါတယ်။
Read More

ငလျင်ကြောင့် မြန်မာ့စီးပွားရေးကျဆင်းမှု ပိုဆိုးလာသည်ဟု ကမ္ဘာ့ဘဏ် ပြော

မတ်လနှောင်းပိုင်းမှာ လှုပ်ခတ်ခဲ့တဲ့ အားပြင်းငလျင်ကြောင့် မြန်မာ့စီးပွားရေးကျဆင်းမှုဟာ ၂၀၂၅-၂၆ ဘဏ္ဍာနှစ်မှာ ပိုဆိုးလာဖွယ်ရှိတယ်လို့ ကမ္ဘာ့ဘဏ်က ကြာသပတေးနေ့မှာ ပြောပါတယ်။
Read More

ထိုင်း-ကမ္ဘောဒီးယားနယ်စပ်တင်းမာမှု ပြေလည်ကြဖို့ နှစ်နိုင်ငံခေါင်းဆောင်များကို အာဆီယံဥက္ကဋ္ဌ ဖုန်းခေါ်၊ နှစ်နိုင်ငံနယ်စပ်မှာတော့ နှစ်ဖက်တပ်အင်အားများ တိုးမြှင့်လာကြ

ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပြဿနာအရေး နှစ်နိုင်ငံအကြား တင်းမာမှုတွေကို ပြေပြေလည်လည် ဖြေရှင်းကြဖို့ အာဆီယံဥက္ကဋ္ဌ မလေးရှားရဲ့ ဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က ထိုင်းနဲ့ ကမ္ဘောဒီးယားဝန်ကြီးချုပ်တို့ကို ဖုန်းခေါ်ဆိုခဲ့ပါတယ်။